Ad Code

Responsive Advertisement

အပြာကားကြည့် သံဃာတော်ဓာတ်ပုံ ထိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့၊ ရဲတပ်ဖွဲ့ စစ်ဆေး

4-Copy3-500x3472-500x281
ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့မှာရှိတဲ့ ထမအို ဘုန်းကြီးကျောင်းက ဆရာတော်
တပါး အပြာကား ထိုင်ကြည့်နေတဲ့ ဓာတ်ပုံတွေ ထိုင်းလူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော် အပြာကားထိုင်ကြည့်နေတာကို ကျောင်းမှာရှိတဲ့ ကိုယ်ရင်လေးတပါးက ခိုးရိုက်ပြီး အင်တာနက်ပေါ် တင်ခဲ့လို့ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တာပါ။
အဲဒီသတင်းဟာ ထိုင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း လန်းပန်မြို့က သာသနာရေး အကြီးအကဲ နိုင်ပဖန်း ခမ်းကြွယ်က စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိုင်းရဲတွေကို ညွှန်ကြားခဲ့တာလို့ ထိုင်း TCL  သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
တာဝန်ရှိသူတွေ ၀င်ရောက်စစ်ဆေးတဲ့အချိန်မှာ ကျောင်းထိုင်ဆရာတော်က မရှိဘဲ နယ်ဘက်ကို ခရီးထွက်သွားတယ်လို့ သတင်းက ဆိုပါတယ်။
ဒါ့အပြင် ဗွီဒီယိုခိုးရိုက်တဲ့ ကိုယ်ရင်လေးက ကျောင်းထိုင်ဆရာတော်ဆီကနေ လူမှုကွန်ရက်ပေါ် မတင်ဘူးလို့ပြောပြီး ဘတ်ငွေ ၁ သိန်းခွဲ တောင်းသွားသေးတယ်လို့ သတင်းက ဆိုပါတယ်။

Post a Comment

0 Comments

Close Menu