Ad Code

Responsive Advertisement

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ ♫


မေး - X.Bo ဖုန်း Firmware တင်နည်းဖြစ်သည်။

ဖြေ - - X.Bo
Firmware သည် SP. Flash Tool နဲ့ရေးပါသည်။ Firmware သည် (.txt)
နဲ့လာပါသည်။ လွယ်ပါသည်။ အဓိကအချက်ကတော့ Display Error ပြဿနာပါ။ အခုတော့
လွယ်သွားပါပြီ။ Firmware File ထဲမှာပါလာတဲ့ U Boo T File ကို
အမှန်ခြစ်ဖြုတ်ပါ။ ဒါဆို OK သွားပါပြီ။ မှတ်ချက် - Firmware မတင်ခင် U Boo
T ဖြုတ်နော်။

မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S လေးပါ။
ကျွန်တော့် ဖုန်း Passcode ကို ဂဏန်းတွေနဲ့မပေးဘဲ အက္ခရာတွေနဲ့ပေးချင်
လို့ပါ။ အဲ့လို Passcode ကို အက္ခရာနဲ့ပေးလို့ရလားခင်ဗျာ။ ပေး လို့ရရင်
ပေးနည်းလေးသိချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့။ iPhone Passcode ကို
ဂဏန်းနဲ့မဟုတ်ဘဲ အက္ခရာနဲ့ Passcode ပေးလို့ရပါတယ်။ iPhone ရဲ့ Setting
ထဲကိုဝင်ပါ။ Touch ID & Passcode ထဲကိုဝင်ပါ။ Simple Passcode ကို
Off ပါ။ Turn Passcode ကို On ကိုနှိပ်ပါ။ အက္ခရာနဲ့ Passcode
ပေးခိုင်းပါလိမ့်မယ်။ မိမိကြိုက်နှစ် သက်ရာအက္ခရာနဲ့ Passcode ပေးလိုက်ပါ။
ပြီးလျှင် ဖုန်းကိုLock ချ ကြည့်ပါ။ Lock ပြန်ဖွင့်ကြည့်ပါ။ အက္ခရာနဲ့
Passcode ဖွင့်လို့ရပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y- 511 Huawei အမျိုးအစား ပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လို လုပ်ရမလဲဗျာ။


ဖြေ - Y- 511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight အ
ပိုင်း မှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector
နားက Fuse လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse
လေးတွေကိုသေချာလဲလှယ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။

မေး -
ကျွန်တော်ကတော့ iPhone 5S ကိုင်ပါတယ်။ လက်ဗွေစနစ် ကိုပါအသုံးပြုထားပါတယ်။
ပြီးနောက် ကျွန်တော် Soure Add ပြီးနောက် Data တစ်ခုကို Install
လုပ်တဲ့အချိန်မှာ Reset ကျသွား ပြီး ပြန်တက်လာတဲ့အချိန်မှာ
လက်ဗွေစနစ်အလုပ်မလုပ်တော့ ပါဘူး။ Password ကလည်း
ကျွန်တော်မမှတ်မိတော့ဘူးဖြစ်နေ တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါဗျာ။


ဖြေ - အစ်ကို့ရဲ့ Device ကို အရင်ဆုံး Update လုပ်ကြည့်လိုက်ပါ။ Update
ပြီးမြောက်သွားတဲ့အခါကျရင် လက်ဗွေစနစ်ရော Passcode စနစ်ပါ
ပျက်သွားပါလိမ့်မယ်။ အဆင်မပြေခဲ့ရင်တော့ Update Firmware
ကိုတင်ကြည့်လိုက်ပါ။ အထဲမှာရှိတဲ့ Data တွေတော့ အကုန်လုံးပျက်
သွားပါလိမ့်မယ်။ iCloud ခံထားခဲ့မယ်ဆိုရင်တော့ Password ကိုတော့
မှတ်မိရမှာဖြစ်ပါတယ်။

မေး - ကျွန်တော်ကတော့ G- 610 ကိုကိုင်ပါတယ်။
ဖုန်းထဲမှာရှိတဲ့ China Software တစ်ခုကိုဖျက်လိုက်မိပါတယ်။
ဖျက်ပြီးတဲ့နောက် ပိုင်း ဘယ် Software ထဲကိုဝင်ဝင် စာတန်းတစ်ကြောင်းပေါ်လာ
ပြီး Error ပြနေပါတယ်။ OK ကိုနှိပ်လည်း ခဏခဏပြန်ပေါ်နေပါ တယ်။
ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့ပါအစ်ကို။
များသောအားဖြင့် ဖုန်းထဲမှာရှိတဲ့ Original Software
တွေကိုဖျက်လို့မရပါဘူး။ ဖျက်ခဲ့မယ်ဆိုရင်လည်း Error တက် နိုင်ပါတယ်။
အစ်ကိုလုပ်လို့ရတာကတော့ Setting ထဲကိုဝင်ပြီး Backup & Reset
ကိုနှိပ်လိုက်ပါ။ Factory Data Reset ကိုနှိပ်လိုက်ပါ။ အစ်ကို့ရဲ့ Device
ထဲက Dataတွေတော့ပျက်သွားမှာပါ။ Memory Card ထဲ Data တွေတော့မပျက်ပါဘူး။
Reboot ကျသွားပြီး ပြန်တက်လာတဲ့အချိန် ကျရင် အဆင်ပြေသွားမှာပါ။

မေး - ကျွန်တော့်ဖုန်းက G 610ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။


ဖြေ - G 610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover
လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေး
တွေကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်
လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

မေး - Huawei 730U00 တစ်လုံး Earpiece မကောင်းလို့ပါ။ လဲချင် ပါတယ်။


ဖြေ - ကျွန်တော်က Earpiece ကိုလဲလှယ်ပေးပေမယ့် ဖုန်းက Speaker
မှာအသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpiece
ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpiece က တကယ်တမ်းကောင်းပါတယ်။
Earpiece ကို သူ့ Original ပဲပြန်ထည့်တော့အဆင်ပြေပါတယ်။ Speker ကြောင့်လည်း
Earpiece မှာမကောင်းဘူးဆိုတာလည်းရှိပါတယ်။

Today Mobile
ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

0 Comments

Close Menu