Ad Code

Responsive Advertisement

ချောကလက်များ မဟုတ်ပါ ရွှေတုံးများသာ ••• ရွှေနဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် •••

Yoyolay added 4 new photos.
ချောကလက်များ မဟုတ်ပါ ရွှေတုံးများသာ •••
ရွှေနဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် •••
ရွှေဆိုသည်မှာ •••
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ဆယ့်ငါးပဲရည်
- ဆယ့်လေးပဲရည်
- ဆယ့်သုံးပဲရည်
"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်ပါတယ်။
တစ်ကျပ်သား = ၁၆ ပဲသား
အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်း ရွှေ ဒြပ်စင်ဖြစ်သည်။
၁၅ ပဲရည် ဆိုသည်မှာအခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ပဲ သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
၁၄ ပဲရည် ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ ပဲသားကိုကြေးနီနှင့်
ဘော်အချိုးကျ ၂ ပဲသားရောစပ်
ထားခြင်းပဲဖြစ်ပါသည်။
၁၃ ပဲရည် ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၃ ပဲသားကို
ကြေးနီနှင့် ဘော်အချိုးကျ ၃ ပဲသား ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ
ရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိပါတယ် . . . ။
အခေါက်ရွှေဈေး x ၁၂၀ / ၁၂၈ = ၁၅ ပဲရည်ဈေး
အခေါက်ရွှေဈေး x ၁၁၂ / ၁၂၈ = ၁၄ ပဲရည်ဈေး
အခေါက်ရွှေဈေး x ၁၀၆ / ၁၂၈ =၁၃ ပဲရည်ဈေး
၁၆ ပဲရည် မီးလင်း ရွှေအစစ် က ပျော့အိ တဲ, သတ္တု မျိုးဖြစ်ပါတယ်။
ရွှေထည်တွေ ပုံသွင်းရင် ၁၅ ပဲရည် နဲ. ပဲလုပ်ကြပါတယ်။ တချို့လည်း ၁၅ ပဲရည် ပြောပြီး ၁၄ ပဲကျော်ကျော် နဲ. ပုံသွင်းပါတယ်။
ဒါကြောင့်ရွှေဆိုင်တွေ အများစုဟာ ပြင်ပရွှေ မဝယ်တာပါ။
ကျောက်ထည် ကျ ၁၅ ပဲရည် က ပျော့နေသေးတယ်။ ကျောက်တွေ ကို တည်တန့် အောင် ထိန်းမထားနိုင်ဖူး။ ဒါကြောင့် ဘယ်ဆိုင်မှာမှ ကျောက်ထည်ဆို ၁၅ပဲရည်မရှိပါရှင်။
ကြေး ၃ပဲ လောက်ပါမှ မာသွားပြီး ကွတ်လို့ရပါတယ်။ အဲဒါကြောင့်
ကျောက်ထည်တွေကို ၁၃ ပဲရည်နဲ. လုပ်တာများပါတယ်။ ၁၃ နည်းနည်း ကျော်ရင် ၁၄ ပဲရည် လို့လည်း တချို့က ပြောရောင်းတတ်ပါတယ်။
အရောင်ကတော့ ရွှေက ကြေးပါဝင်မှုနည်းလေ ပိုဝါလေ ဖြစ်ပါတယ်။ ၁၃ ပဲရည် မို့ နောက်ပိုင်း အရောင်မှိန်သွားတာမျိုးတော့ မရှိပါ။ ၁၅ပဲရည် ဖြစ်ဖြစ် ၁၄၊၁၃ ဖြစ်ဖြစ် ခေါင်းလိမ်းဆီ၊ မိတ်ကပ်၊ သနပ်ခါး၊ ချွေး၊ ဖုန်မှုံ့ တို့ အချိန်ကြာလာရင် ကပ်ညိ ပြီး ပဲအရောင် မပေါ်ဖြစ်တတ်ပါတယ်။ သေချာ ပြန်ဆေးကျော ရင် မူလလောက် ပြန်အရောင် ထွက်ပါတယ်။ ရွှေရည်စိမ် များသာ အရောင်မှိန်တတ်တာပါ။
၁၅၊ ၁၄၊၁၃ ပဲရည်တွေမှာ ရွှေက အပေါ်ရံလေးတင်ရှိတာမဟုတ်ပဲ ကြေးနဲ. အားလုံးရောနှောပြန့်နှံ့ နေတဲ.အတွက် ရွှေရည်စိမ် လို အပေါ်ယံ ရွှေရောင် ပျောက်ပြီး အောက်က ကြေး 100% ကြီးပေါ်လာတာမျိုး မဖြစ်နိုင်ပါရှင်။ အရောင်ဖြူသွားမလားဆိုတော့ ယိုးဒယား ရွှေလို့ခေါ်တဲ. ရွှေတုမျိုးမှသာ ဖြစ်တတ်ပါတယ်။ copy & photo credi

Post a Comment

0 Comments

Close Menu