Ad Code

Responsive Advertisement

ဆင်ထိန်းမြန်မာတစ်ဦး ဖမ်းဆီးအရေးယူခံရ

ข่าวสั้น MTF On air 6/2/2016
จับควาญช้างชาวพม่าเกาะสมุย
ဆင်ထိန်းမြန်မာတစ်ဦး ဖမ်းဆီးအရေးယူခံရ
.......................................
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ခရီးသွားဧည်သည်အပျော်စီးဆင် ဆင်ထိန်းအလုပ်လုပ်နေသော
မြန်မာနိုင်ငံသားဇော်ဝင်းထွန်းဆိုသူက ကံမကောင်းစွာပဲဆင်က ခရီးသွားဧည့်သည်ကို တိုက်ခိုက်သေဆုံးသွားတဲ့အတွက်
ဂရုမဲ့မှုကြောင့် သူတပါးသေဆုံးစေသောအမှုဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝရီလ ၂ရက်နေ့ မှာ ကော့စမွီမြို့နယ်မှူးနှင့် ရဲတပ်ဖွဲ့
က ဇော်ဝင်းထွန်းကို ဖမ်းဆီးအရေးယူထားပါတယ်။ ဖြစ်စဉ်ကတော့ နိုင်ငံခြားဧည်သည် ဆင်စီးနေချိန် ဇော်ဝင်းထွန်းကဆင်ထိန်း
မောင်းအဖြစ် ဆောင်ရွက်ကာ ဆင်ကငှက်ပျောသီးကိုတောင်းစားနေချိန် ဧည့်သည်ကဓာတ်ပုံရိုက်ခိုင်းလို့ ဇော်ဝင်ထွန်းဆင်ပေါ်မှဆင်းပြီး ဓာတ်ပုံရိုက်ပေးနေချိန် နိုင်ငံခြားဧည့်သည်က ဆင်ကိုစလိုက်နောက်လိုက်လုပ်နေလို့ ဆင်စိတ်တိုပြီး ဆင်အဆွယ်နဲ့တိုက်ခိုက်လို့ စကော့တလန်နိုင်ငံသား မစ်စတာ ခရောင်း ကာရေ့တ် သေဆုံးသွားပြီး သူ့သမီး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧည့်သည်တွေဆင်ပေါ်မှာရှိနေချိန် ဆင်ထိန်းက ဆင်ပေါ်မှ ဆင်းလို့လုံးဝမရဘူး ဆင်ကအထိန်းမဲ့တဲ့အချိန်ဆိုလုပ်ချင်ရာလုပ်တတ်တယ်လို့သိရပါတယ်။ ဆင်အပျော်စီးလုပ်ငန်းရှင်မှ သေဆုံးသွားသော မိသားစုကို ထိုက်သင့်သမျှတာဝန်ယူပေးသွားမှာဖြစ်ပြီး ဇော်ဝင်းထွန်းကတော့ ဂရုမဲ့မှုကြောင့် သူတပါးသေဆုံးစေတဲ့အမှုနဲ့ ပြင်းထန်စွာ အရေးယူခံရပါတယ်။
တခြားသတင်းထူးများကြည့်လိုပါက
https://www.facebook.com/mtftv ကိုနှိပ်ပြီး Like ပေးပါ

Post a Comment

0 Comments

Close Menu