Thursday, February 18, 2016

မြတ်ဗုဒ္ဓ၏အံ့ဖွယ်ရာ(၁၈)ပါး

ဓမ္မဂုဏ်ရောင် မဟာစည် with Koko Koko and 9 others.
မြတ်ဗုဒ္ဓ၏အံ့ဖွယ်ရာ(၁၈)ပါး
******************
၁။မြတ်စွာဘုရားရှင် ဝတ်ရုံတော်မူသည့် သင်္ကန်းတော်သည်
ဟောင်းနွမ်းခြင်း… ဂျီးတင်ခြင်း… လျှော်ဖွတ်ရခြင်း…
မရှိတည်း ဟူသော… အံ့ဖွယ်ရာတစ်ပါး…
၂။မြတ်စွာဘုရားရှင်သည်… ပရိက္ခရာရှစ်ပါးကို
ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည်
ကိုယ်တော်နှင့် မထိမစပ်ပဲ… လက်လေးသစ်မျှ…
ကွာတော်မူနေခြင်းတည်း ဟူသော…အံ့ဖွယ်ရာတစ်ပါး…
၃။မြတ်စွာဘုရားရှင်သည်… တောထွက်တော်မူသည့်
အချိန်မှစ၍… ပယ်ဖြတ်ထားတော်မူသော…
ဆံတော်တို့သည် ထိုဖြတ်ထားသော အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင်… ရှည်ခြင်းမရှိ…
အမြဲတည်နေခြင်းတည်း ဟူသော…အံ့ဖွယ်တစ်ပါး…
၎။မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးတော်မူသည့်အခါ
သပိတ်တော်ကိုဆေးလျှင်… လက်တော်ကို
ဦးစွာ သန့်စင်တော်မူပြီး… လက်တော် ဆေးတော်မူလျှင် သပိတ်တော်သည်…ဦးစွာစင်တော်မူခြင်းတည်း ဟူသော
အံ့ဖွယ်တစ်ပါး…
၅။မြတ်စွာဘုရားရှင်သည်… တန်းခိုးတော်ဖြင့် မုံညင်းစေ့ကဲ့သို့သော်… သေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်းတည်း ဟူသော… အံ့ဖွယ်ရာတစ်ပါး…
၆။မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို
ကွန့်မြူးလွှတ်လတ်သည်ရှိသော… အရပ်ဆယ်မျက်နှာသို့
ဖောက်ထွင်း၍ သွားတော်မူခြင်းတည်း ဟူသော
အံ့ဖွယ်ရာတစ်ပါး…
၇။မြတ်စွာဘုရားရှင်သည်… ကိုယ်တော်မြတ်ကဲ့သို့သော
ပုံတော်တူနိမ္မိတရုပ်ပွားတော်ပေါင်း…အသင်္ချေမက
ဖန်ဆင်းတော်မူနိုင်ခြင်းတည်း ဟူသော…အံ့ဖွယ်ရာတစ်ပါး
၈။မြတ်စွာဘုရားရှင်သည်… အလင်းကိုလည်းကောင်း… အမိုက်တိုက်ကိုလည်းကောင်း… ခေတ်သုံးပါးတို့တွင်
ပေးစွမ်းတော်မူနိုင်ခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး…
၉။မြတ်စွာဘုရားရှင်သည်…သီတင်းသုံးစံနေ
(နေထိုင်)တော်မူသည်ရှိသော်…လူတို့သည်ကောင်းကင်ယံတွင်… လပြည့်ဝန်းကို အတိုင်းသားမြင်ရသကဲ့သို့…
မြတ်စွာဘုရားရှင်၏…အသရေတော်ကို… အတိုင်းသား
ဖူးမြင်နိုင်ခြင်းတည်း ဟူသော… အံ့ဖွယ်ရာတစ်ပါး…
၁၀။မြတ်စွာဘုရားရှင်သည်…
တရားဒေသနာ ဟောတော်မူသည့်အခါတွင်…
အသံတော်ရှစ်ပါးနှင့်…ပြည့်စုံတော်မူသည်ဖြစ်၍… တရားနာပရိတ်သတ်ကိုများကို တစ်ယောက်ချင်းကပ်လျက်
ဟောဘိနေသကဲ့သို့ နာကြားစေနိုင်ခြင်းတည်းဟူသော
အံ့ဖွယ်ရာတစ်ပါး…
၁၁။မြတ်စွာဘုရားရှင်သည်…လူနတ်ဗြဟ္မာသတ္တဝါတို့၏ စိတ်အလိုကို အာသာယ နာသယညဏ်တော်မြတ်ဖြင့်… သိစွမ်းတော်မူနိုင်ခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး…
၁၂။မြတ်စွာဘုရားရှင်သည်… ကျွတ်ထိုက်သော
ဝေနေယျသတ္တဝါတို့ကို မဟာကရုဏာ သမာပတ္တိ ညာဏတော်ဖြင့်… သိစွမ်းတော်မူနိုင်ခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး…
၁၃။မြတ်စွာဘုရားရှင်သည်… လူနတ်ဗြဟ္မာသတ္တဝါတို့၏
ကျွတ်တန်းဝင်ရမည့်အချိန်အခါတည်းဟူသော
ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်းတည်း ဟူသော
အံ့ဖွယ်ရာတစ်ပါး…
၁၄။မြတ်စွာဘုရားရှင်သည်… ဥေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး…
၁၅။မြတ်စွာဘုရားရှင်သည်… အလိုရှိတော်မူလတ်၍ လက်တော်ကို ဆန့်တန်းတော်မူလိုက်လျှင်… သပိတ်တော်အစရှိသည့်… အလိုရှိသည့် ပရိက္ခရာများသည်
အလိုအလျောက် ရောက်ရှိလာခြင်းတည်း ဟူသော… အံ့ဖွယ်ရာတစ်ပါး…
၁၆။မြတ်စွာဘုရားရှင်သည် ဝဲဘက်မျက်လုံးတော်မှရေအလျှံ
ယာဘက်မျက်လုံးတော်မှ မီးအလျှံအစရှိသော… တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်းတည်း ဟူသော
အံ့ဖွယ်ရာတစ်ပါး……
၁၇။မြတ်စွာဘုရားရှင်သည်… တာဝတိသာံနတ်ပြည်သို့
အဘိဓမ္မာတရားတော်မြတ် ဟောကြားတော်မူရန် ကြွရောက်တော်မူရာတွင် ပကတိသုံးဖဝါးနှစ်လှမ်းမျှသာ
ကြွချီတော်မူခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး…
၁၈။မြတ်စွာဘုရားရှင်သည်… ကြွချီတော်မူရာ လမ်းတစ်လျှောက်တွင် အဖုအထစ်… အနိမ့်အမြင့်ရှိသော
မြေအပြင်သည်… ညီညာချောမွတ်ပြီး…
ခြေတော်ရာ မထင်ကျန်ခြင်းတည်း ဟူသော အံ့ဖွယ်ရာတစ်ပါး……
ဤကား… မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈)ပါးပင်ဖြစ်၏…
Credit ‪#‎ဓမ္မပါရမီ‬
ဖော်ပြပါ ဘုရား
ဘယ်ဒေသကပါလဲ
သိတဲ့သူများ မန့်ပေးခဲ့ပါ။

0 comments:

Post a Comment