Ad Code

Responsive Advertisement

တောကိုတော့ ရှင်းလင်းပါ၊ သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့်

Bhikkhu's Dhamma
တောကိုတော့ ရှင်းလင်းပါ၊ သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ၀နတော ဇာယတေ ဘယံ။
ဆေတွာ ၀နဉ္စ ၀နထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။
" ချစ်သားရဟန်းတို့ ...တောချုံကိုတော့ ရှင်းလင်းကြ ဖြတ်တောက်
ကြပါ။ သို့မဟုတ် ခုတ်ထွင်ကြပါ ရှင်းလင်းကြပါ။ သို့သော် သစ်ပင်ကိုတော့
မခုတ်လှဲကြပါနဲ့ .." တဲ့။
ကိလေသာတောချုံပုတ်ကြောင့် ဘေးဒုက္ခအမျိုးမျိုး ဖြစ်ပေါ်လာနိုင်တယ်တဲ့ ..။
ဒါကြောင့် တောချုံပုတ်ကိုတော့ ရှင်းပါ။ သစ်ပင်ကိုတော့ မခုတ်လှဲပါနဲ့တဲ့။
တောချုံကိုလည်း ဖြတ်တောက်ပစ်ပါ ရှင်းလင်းပါ။ အဲဒီတောချုံက
ထပ်ဆင့်ဖြစ်ပေါ်လာတ့ဲ အဆွယ်အပွားကလေးတွေရှိကြတယ။် အဲ့ဒီ အဆွယ်
အပွားကလေးတွေကိုလည်း ဖြတ်တောက်ပစ်ပါ ရှင်းလင်းပါ။ အဲဒီလို
ဖြတ်တောက်ပစ်မည် ရှင်းလင်းပစ်မည်ဆိုလို့ရှိရင်တော့ အပူမီးတွေ ငြိမ်းအေး
သွားကြပါလိမ့်မည်။
ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ဒီကိလေသာ
တရားဆိုးတွေကို ဘေးအန္တရာယ်အမျိုးမျိုးကို ပေးတတ်တဲ့ တောချုံပုတ်ကြီး
တစ်ခုအသွင်ဖြင့် တင်စားတော်မူကာ ဘုရားရှင်က ဟောကြားထားတော်
မူခဲ့ပါတယ်။ ဒီကိလေသာတောချုံပုတ်ကြီးတွေကိုတော့ အမြစ်တွေပါ မကျန်
ရအောင် သင်ချစ်သားတို့ ရှင်းလင်းပစ်ကြပါ။
သို့သော် ဒီတောအုပ်အတွင်းမှာ ထီးထီးမားမား ရပ်တည်နေတဲ့၊ မိမိကို အေးမြတဲ့ အရိပ်အာဝါသပေးခြင်းငှာ
စွမ်းနိုင်တဲ့ သစ်ပင်ကြီးတွေ ရှိကြပါတယ်။ ဒီသစ်ပင်ကြီးတွေကိုတော့
သင်ချစ်သားတို့ မခုတ်လှဲပါနှင့် ဆိုပြီးတော့ ဘုရားရှင်က ဆိုဆုံးမတော်
မူပါတယ်။
သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း
တွေ, သာသနာ့နွယ်ဝင် သီလရှင်တွေ, သာသနာတော်ကို ယုံကြည်စွာ မှီခို
ဆည်းကပ်နေကြတဲ့ အမျိုးသားဥပါသကာ အမျိုးသမီးဥပါသိကာမတွေကို
ခိုလှုံစရာ အေးမြတဲ့အရိပ်အာဝါသ ပေးနေတဲ့ သာသနာ့သစ်ပင်ကြီးတွေ
ဆိုတာကတော့ ဘုရားရတနာ တရားရတနာ သံဃာရတနာဆိုတဲ့ ရတနာ
သုံးပါးတို့ပဲ ဖြစ်ပါတယ်။ ဘုရားရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်၊ တရား
ရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်၊ သံဃာရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်။
ဒီလို အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ ရတနာသုံးပါးတို့ရဲ့ သစ်ပင်ရိပ်ကို
ခိုလှုံကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ်
ပွားများအားထုတ်တော်မူနိုင်ပါမှ မိမိတို့လိုလားတောင့်တနေတဲ့ လူ့ချမ်းသာ
နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ ဈာန်ချမ်းသာ ၀ိပဿနာချမ်းသာ မဂ်ချမ်းသာ
ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအ၀၀တွေကို ရရှိကြမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဒီသစ်ပင်ကြီးတွေကို မခုတ်လှဲဖို့ ဘုရားရှင်က ဆိုဆုံးမ
တော်မူနေခြင်းဖြစ်ပါတယ်။
" ဖားအောက်တောရဆရာတော် "

Post a Comment

0 Comments

Close Menu