Ad Code

Responsive Advertisement

သူငယ်ချင်းရေ..... အလုပ်လုပ်ရင်း စိတ်ဓာတ်ကျတတ်တယ်ဆိုတာဟာ ဓမ္မတာပါပဲကွာ....

Richard Michael William's photo.















သူငယ်ချင်းရေ.....
အလုပ်လုပ်ရင်း စိတ်ဓာတ်ကျတတ်တယ်ဆိုတာဟာ
ဓမ္မတာပါပဲကွာ....
ဘယ်သူမဆို အခိုက်အတန့်လေးတော့ အဲ့လိုဖြစ်တတ်ပါတယ်
ဒါပေမယ့် အဲ့လိုဖြစ်တာကို ထုတ်ဖော်ပြောဆိုခြင်းမဖြစ်မိအောင် နေထိုင်တတ်ဖို့ လိုပါတယ်
သင့်ကိုယ်သင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို သဘောထားလိုက်ပါ
ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် သရုပ်ဆောင်လိုက်ပါ
စကားပြောတိုင်းမှာ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနဲ့
ပြုကျင့်နေထိုင်သွားမယ်ဆိုရင် အဲ့ဒီဟန်ပန်ဟာ ထူးထူးကဲကဲကို အလုပ်လုပ်ရင်း ခံစားရမည့်အပြင်
သင့်ကိုလည်း တဖြည့်းဖြည်းအကျိုးထူးပေးလာမှာ သေချာပါတယ်ကွာ...........
သင့်အကြောင်းကို ဘယ်သူတွေက ဘာတွေများပြောနေကြမလဲဆိုတာကို
တွေးတောပူပန်နေပြီးတော့ အချိန်ကို မဖြုန်းမိပါစေနဲ့။
ဒီကိစ္စနဲ့ပက်သက်လို့ သူတို့ကို သင့်အနေဖြင့် တားဆီးလို့ရမှာ မဟုတ်ပါဘူး။
ဒါဟာလည်း တကယ့်ကို ဘာမှမဟုတ်တဲ့ ကိစ္စရပ်တွေပါ။
သေချာတာကတော့ သင့်ဘဝ မြင့်တက်လေလေ
လူတွေက သင့်အကြောင်းကို များများပြောကြလေဖြစ်မှာပါပဲ။
သူတို့ပြောချင်တာ ပြောကြပါစေ။
သင်ဟာ အောင်မြင်မှုကို တက်လှမ်းချင်တယ်ဆိုရင်တော့
စိတ်ဓာတ်ကြံ့ခိုင်ရမယ့်အပြင် ရင့်ကျက်နေဖို့ ခံနိုင်ရည်ရှိဖို့တော့ အရေးကြီးပါတယ်....သူငယ်ချင်းရေ.......
ကျေးဇူးတင်စွာဖြင့်-
( ရေနံ့သာ ဇော်ဇော်မြင့် )
Richard Michael William

Post a Comment

0 Comments

Close Menu