Ad Code

Responsive Advertisement

၅၉ ( စ )... စဉ်းစားကြည့်ပါဦး ။

Martin Swe added 12 new photos — with Myo Gyi and 97 others.
11 hrs
၅၉ ( စ )... စဉ်းစားကြည့်ပါဦး ။
******************************
သူငယ်ချင်း ဒေါက်တာစိုင်းခမ်းလိတ်၏ သီချင်လေး ငှားသုံးရလျင်..( စဉ်းစားပါဦး )ပေါ့ ။ တခါငိုရလျင် ..၁၀၀- မက ပြုံးခဲ့ရတာလည်း..စဉ်းစားပါဦး ။
၅၉ ( စ ) အထူးရေးစရာမလိုတော့ ။ ၁၉၄၇ ဖွဲ့ စည်းပုံမှာ..အလားတူကန့် သတ်ချက် မပါ ။ မရှိ ။ ရှိတယ်ပြောတဲ့သူ..ကျမ်းကိုင်ပြောရဲသလား ။
၁၉၇၄ ဥပဒေမှာလည်းမပါခဲ့ပါ ။ ပါခဲ့လျင်..ဗိုလ်နေဝင်း..ရတနာနတ်မယ်ကို..လက်ထပ်ခွင့်မရှိပါ ။
ထိုလက်ထပ်မင်္ဂလာကျင်းပသော..အချိန်သည်..၁၉၇၄..အခြေံဥပဒေကို..အတည်ပြုပြီးစ..ပူပူနွေးနွေး..သက်တမ်း..၂ နစ်ပင်မပြည့်သေးတဲ့ကာလ ။
( မှတ်ချက် ) ..ထိုစဉ်က..မြန်မာနိုင်ငံကနေ နိုင်ငံခြားကို အပြီးထွက်သွားသူ ၊ နိုင်ငံခြားသားခံယူထားသူ..ဆိုလျင် မြန်မာနိုင်ငံကို အလည်အပတ်ပင် ဗွီဇာ ထုတ်မပေးရ အမိန့် ထုတ်ထားတာလဲ..ဦးနေဝင်းပါဘဲ ။ ရတနာနတ်မယ်ကို..ပြည်ဝင်ခွင့်ပေးနိုင်ဖို့ ..လွှတ်တော်မှာ...၁-နစ်ခွဲသာသက်တမ်းရှိသေးသည့် ဥပဒေကို..ချွင်းချက်နင့်..နောင်တရလို့  ပြန်လာမည်ဆိုလျင် ( အလည်အပတ်မပါဘူးနော် )..တဦးချင်းကို..ချွင်းချက် နင့် လူတဦးချင်းအလိုက်..စဉ်းစား..ဆုံးဖြတ်စေရမည် ။ အဲဒီလိုပြင်ခဲ့ပါတယ် ။ လူအားလုံးလို့ တောင်မပါဘူးနော် ။ လူတဦးချင်းအလိုက် ။
ပြင်ပြီးတာနဲ့ ရတနာနတ်မယ် မြန်မာနို်င်ငံကို လာခွင့်ပြုလိုက်ပါတယ် ။ ၁၉၇၆ - ဒီဇင်ဘာမှာ လက်ထပ်လိုက်ကြပါတယ် ။
ရတနာနတ်မယ်ရဲ့  သား..၂ - ယောက်ပါလာပါတယ် ။ နို်င်ငံခြားသားတွေပါ ။ ငပလီအလည်သွားတာ..ညဖက် သောင်ခုံပေါ်မှာ..တော်သလင်းခွေးဇါတ်လမ်းပင်ခင်းတဲ့အထိ လွန်ကျူးခဲ့တဲ့ နစ်ယောက်ပါ ။ ( သေခြာလို့ ရေးတာနော် )။
အဲဒီတော့..ယခု..၅၉ ( စ ) ဆိုတာ.
.၄၇ ....မှာလည်းမပါထားဘူး ။ အလားတူသဘောရတာပင်မပါထားပါ ။
၇၄...မှာပါလျင် ဗိုလ်နေဝင်းနုတ်ထွက်ပေးရမည်ပေါ့ ။
ပိုဆိုးတာက ရတနာနတ်မယ်ဟာ..မြန်မာနိုင်ငံသားပြန်လည်ခံယူပေမည့်..အီတလီနိုင်ငံသားနင့် ဆွစ်ဇာလန်နိုင်ငံသား အဖြစ်ကနေ မစွန့် လွှတ်ဘဲ..၃ နို်င်ငံသားခံယူထားတာပါ ။ လက်ရှိမြန်မာ့ဥပဒေအရ..ဘယ်မြန်မာနိုင်ငံသားမှ..အခြားနိုင်ငံသားလက်မှတ် ၂ ခု ခံယူခွင့်မပေးထားပါဘူး ။
ဒါကိုလဲ ဆွေးနွေးကြပါဦး တပ်မတော် ဗိုလ်ချုပ်တို့  ။ စဉ်းစာပါဦး..
ရှင်းရှင်းလေးပါ ။
ယခု..ဗိုလ်သန်းရွှေက..၅၉ ( စ ) ကိုသွင်းလာသူ ။
မကြာမှီလွှတ်တော်ကနေ..နိုင်ငံသားတိုင်း..ပိုင်ဆို်င်မှုကျေငြာရမည် ဥပဒေထုတ်ရပါမည် ။ ပိုင်ဆိုင်မှု အတိအကျမသိလျင် အခွန်ဘဏ္ဍာ ကောက်ခံမှု အစစ်အမှန်ကိုရနိုင်မည်မဟုတ်ပါ ။
အဲဒီ နိုင်ငံသားတိုင်း ( အားလုံး ) ပိုင်ဆို်င်မှုကျေငြာသည့်အခါ..အခွန်ရှောင်ရန်ဝါယမစိုက်ထုတ်သူများကို..နိုင်ငံတော်အပေါ် သစ္စာမတည်သူအဖြစ် တပါထည်း..ထဲ့သွင်းရပါမည် ။ အခွန်ရှောင်တာဟာ..ထောင်ဒါဏ်အထိအရေးယူပိုင်သော..ပြစ်မှုဖြစ်ပါသည် ။
၁၉၉၅ ခုနစ်က ဂျာမဏီက ကမ္ဘာ့တင်းနစ်ချန်ပီယံ နာမည်ကျော် Staffie Graff ရဲ့ ဖခင်ဟာ..သူမ၏ ဝင်ငွေများကိုထိန်ချန်ပြီး..အခွန်ရှောင်ခဲ့လို ထောင် ၃ နစ်ကျသွားပါတယ် ။
အခု ကျနော်အော်ဇီနိုင်ငံမှာ..နိုင်ငံရေးခိုလှုံတော့..နိုင်ငံသားလျောက်ထားရပါတယ် ။ ကတိသစ္စာဆိုရပါတယ် ။ အော်စတေးလျနိုင်ငံဥပဒေမျာကို လေးစားလိုက်နာပါမည် ။ အဲဒီထဲမှာ အခွန်လဲပါ၏ ။ အခွန်ရှောင်လျင် ကျနော် ထောင် အနည်းဆုံး..၃-နစ်ကျပါမည် ။
လက်ရှိဥပဒေအရ..ထောင်ကျလျင်..ကျနော့်၏ နိုင်ငံသားဖြစ်မှု အလိုလိုပျက်သွားပါပြီ ။ ကားတိုက်မှုဖြစ်လို့ ထောင်ကျတာ မပျက်ဘူးနော် ။ မူးယစ်ဆေးမှု ။ မုဒိန်းမှု ၊ ခိုးမှု ။ လူသတ်မှု ။ အခွန်ရှောင်မှုတွေကြောင့်ဆိုလျင်..နိုင်ငံသား အဆင့်ပင် မရတော့ပါ ။
ထောင်ကျမည် ။ ထောင်ကလွှတ်လျင်..လေယဉ်ပေါ်တင်လွှတ်လိုက်မည်သာ..။ ညောင်း ။
အခု..၅၉ ( စ ) ကို မပြင်လိုသူတွေ အတွက်..နိုင်ငံသားတိုင်းပိုင်ဆိုင်မှုကြေငြာရမည်နင့် ပြန် စီစစ်ရပါမည် ။
တဆက်ထည်း..အခု..ဒေါ်အောင်ဆန်းစုကြည်ကို..သမတအဖြစ်မလိုလားသူတွေဟာ..ခရီုနီစစ်ဗိုလ်တွေ နင့် လူချမ်းသာမိသားစုတွေ ဖြစ်နေကြတာက..ထူးဆန်း..တိုက်ဆိုင်နေတာ မဟုတ်ပါ ။
ပိုင်ဆိုင်မှု မကျေငြာရဲတဲ့သူတွေ ချည်းဘဲ ။ ပိုင်ဆိုင်မှု ကျေငြာရမှာ သေအောင်ကြောက်နေတဲ့လူတွေ ။ နိုင်ငံတော်ကို အခွန်မဆောင်ထား..အခွန်ရှောင်ထားတဲူ့တွေချည်းဘဲ ။
တနည်း. ၅၉ ( စ ) ဆိုတာ...အခွန်ဥပဒေနင့် ထောင်ကျမည့်သူတွေ ထဲ့ထားတဲ့..လူတဦးတယောက်ကို ရည်စူးထားတဲ့ ကန့် သတ်ချက် သက်သက်ပါ ။
အဲဒီတော့..ဒါကိုလိုက်လျောမပေးလျင် မြန်မာနိုင်ငံရဲ့  ( နိုင်ငံတော် သမတ ) ဟာ..လူထုက ခန့် မှန်းပင် မချန့် မှန်းနိုင်သော..လူဥိးဖြစ်မနေပေဖူးလား ။
နို်င်ငံတော် သမတ၏ သိက္ခာဟာ..သွားပြီ ။ လူထုအများစု ကြိုက်နစ်သက်သူဟုတ်တာ..မဟုတ်တာ ဖယ်ထား ။ ဘယ် အကောင်မှန်းပင်မသိရတဲ့ အကောင်တကောင် ဖြစ်မသွားပေဖူးလား ။ ခင်ဗျားက သမတဖြစ်မည့်သူကို အကောင်လို့ ပြောသင့်လားဗျာ ။
ပြောတယ်ကွာ..အထီးဖြစ်မလား ။ အမဖြစ်မလား ။ အဖြူလား အမဲလားမှ မသိနို်င်သူ ။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူလဲ တင်သွင်းနို်င်တော့..ငါကြည့်မရတဲ့..လူစုပ်တွေ ၊ လူယုတ်မာဖြစ်နေရင် ငါကတော့ အကောင် လို့ သတ်မှတ်ထားသူဖြစ်နေရင်..ငါ့မှာ..ဥပဒေအရ..မှန်နေတယ်လေ ။ ပြည့်သူ့ ကိုယ်စားလှယ်ဆိုတိုင်းလဲ..ငါ့ စံနင့် လူကောင်းလို့  သတ်မှတ်မရတဲ့သူတွေ အခုလွှတ်တော်ထဲမှာ ရှိနေတယ်လေ ။
ဒါကျနော့် အကြောင်းပြချက် ။
အဲဒီတော့..ထားပါတော့..မောင်ဖြူသမ္မတဖြစ်ပြီတဲ့  ။ သမ္မတကြိးမောင်ဖြူ..ဥရောပသွား..။ အမေရိကန် ၊ ဂျပန်၊ တရုတ် သွားပါပြီတဲ့  ။ ဒေါ်စု ကလဲ ခရီးတွင်တွင်ထွက်ရဦးမှာလေ ။
အဲဒီမှာ..အိမ်ရှင်အစိုးရတွေရဲ့ ..အလေးထားမှု ။ ဆက်ဆံမှု ။ တုန့် ပြန်မှုတွေက...ကျနော်တို့ နိုင်ငံကိုကိုယ်စားပြုသွားလေတဲ့  သမ္မတရဲ့  ဂုဏ်သိက္ခာကို..ခင်ဗျားတို့ ဘဲ လက်ညိုးထိုးထိုးနေတဲ့ နိုင်ငံကြိးတွေက မလုပ်ချင်သော်လည်း..၊ အလေးထားတာမှာ..မျက်နာငယ်နေရမည်သာ ။
အဲဒီလိုဖြစ်အောင် ခင်ဗျားတို့  လုပ်မိလျက်သား..တနည်း..သမိုင်းတရားခံ ဆိုတာမှ..တရားခံစစ်စစ် ။
ဒေါ်စု ခမြာတိုင်းပြည်အတွက်..ခွက်ဆွဲ ထွက်ရဦးမှာက.. အကြိမ်ကြိမ် ။ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဟိုလူလာလဲ မျက်နာချိုသွေးရ ။ အခုတော့ ဗိုလ်ချုပ်သမီးကိုယ်တိုင်..( သူ့ သမီးကိုယ်တိုင် ) ဟိုလူလာ မျက်နာချိုသွေးရ ရုံမကတော့ဘူး ။ ခွက်ဆွဲပြီး..ထွက်ရတော့မှာ ။
အဲဒီလိုနိုင်ငံတော်မှာ လိုအပ်ချက်တွေများအောင်....ဆင်းရဲမွဲတေသွားအောင်လုပ်ခဲ့သူတွေက..ပိုင်ဆို်င်မှုကျေငြာရမှာ..သေမလောက်ကြောက်နေသူတွေက..မိမိတို့ ကြောင့် မွဲပြာကျနေတဲ့တိုင်းပြည်ကို..ပြန်လည် နာလန်ထူဖို့ ..လုပ်ပေးရန် အသင့်တော်ဆုံးလူကို..လုပ်ကို်င်ခွင့်မပေးတာဟာ..
နိုင်ငံတော် နင့် နိုင်ငံသားတွေကို..ပျက်စီးရာ ပျက်ဆီးကြောင်း ကြံဆောင်မှုပါမြောက်နေပါတယ် ။ နို်ငငံတော်အပေါ်..မကောင်းစိတ်ထားနေရာရောက်နေလေမလား..လို့ တချက်လေး..ပြန်စဉ်းစားမိကြလေရဲ့ လား ။
ဒေါ်စုဟာသမတဖြစ်လာလျင်..ငါတို့ ကြောင့် ပြည်ပထွက် ကျွန်ခံနေရသူ..၅ - သန်း ၊ ငါ့တို့ ကြောင့် နေစရာအိုးအိမ်မဲ့သွားရတဲ့....သိန်းဂဏန်းချီရှိလာတဲ့  အိုးအိမ်မဲ့ ကျူးမိသားစု..အမြန်ဆုံး..လူလိုသူလိုနေထိုင်ခွင့် လုပ်ပေးနိုင်မည်လို့ ..တွေးကြည့်ပါဦး ။ စဉ်းစားပါဦး..
နောက်တခုက..ဒေါ်စုက လက်တုန့် ပြန်မည်မဟုတ်သော်လည်း..သံဃာအား..ဘုရားသော်မှ မလွန်သာ..ဆိုရီုးစကား ။ ခင်ဗျားတို့ ဟာ..ပြည်သူတွေဒုက္ခမှာ ကြာကြာနစ်မွန်းနေတာ မြင်လိုတဲ့ စေတနာဆိုးဟာ..လိုသည်ထက် လွန်ကဲလာလျင်..တရက် မကြာခင်..ပြည်သူတွေက..ပိုင်ဆိုင်မှုကျေငြာရေးဖိအားပေးတောင်းဆိုလာမယ် ။ အခွန်ရှောင်သူတွေကို..နိုင်ငံတော်အပေါ်သစ္စာ မတည်သူ ။ သစ္စာမဲ့သူ သတ်မှတ်ရေး..ဖိတောင်းလာလျင်..
အဲဒီသူတွေဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဥပဒေကြိးတခုလုံးတောင် မြောင်းထဲ ရောက်သွားမယ်ဆိုတာ..
သတိပေးရင်း..
စဉ်းစားကြပါဦး ။
ကျနော်တို့ တိုင်းပြည်မှာ....အစွမ်းအစထက်မြက်တဲ့  လူငယ်လေးတွေ..ကိုယ့်အစွမ်းအစကို..ထုတ်ဖေါ်ခွင့် မရအောင်ပိတ်ပင်ခဲ့လို့ ..ပြည်ပကိထွက်ကြရတယ် ။ ခင်ဗျားတို့ က အဲဒီလူငယ်တွေကို အမေကျော် ဒွေးဒေါ်လွမ်း..အပြစ်ပုံချင်တယ် ။
အဲဒါကြောင့် တိုင်းပြည် မွဲသွားရတယ် ။
အခု လူထုတရပ်လုံး၏ဆန္ဒဖြစ်တဲ့ ဒေါ်စု ကို အစွမ်ဒအစ အပြည့် လုပ်ကိုင်ခွင့်ပါပိတ်ပင်တာဟာ..တနိုင်ငံလုံးရဲ့  အစွမ်းအစ ကို ပိတ်ပင်မှုမြောက်နေပါတယ် ။
စဉ်းစားကြပါဦး ။ ငါတို့  စိတ်ထဲရှိတဲ့အတိုင်း..တိုင်းပြည်အပေါ် ညစ်ပတ်နေဦးမည်ဆိုလျင်..
စဉ်းစားပါဦး. စိုင်းခမ်းလိတ်က...သီချင်းလေးကို..
(.နေရာတိုင်းတော့..အရှုံး မပေးနိုင်ဘူး..) နဲ့  အဆုံးသပ်ထားပါတယ် ဆိုတာလဲ.
.စဉ်းစားပါဦး..။
[စာသားကို Billy H. Mackenzie မှ ကူးယူ၍ ဓာတ်ပုံများကို တို့ဗမာ Dobama မှ ရယူဖော်ပြသည်။
.
Credit : Billy H. Mackenzie & Chein Pan
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
08-02-2016

Post a Comment

0 Comments

Close Menu