Ad Code

Responsive Advertisement

၅၉(စ) အကြောင်းကို အမေစု ကိုယ်တိုင် ရှင်းပြလိုက်ပါပြီရှင်...!

Chan Myae
13 hrs
၅၉(စ) အကြောင်းကို
အမေစု ကိုယ်တိုင် ရှင်းပြလိုက်ပါပြီရှင်...!
Chan Myae !
(Phyu Sin)
~~~~~~~~~~~~
ကျမ က ၅၉(စ)နဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြချင်ပါတယ်...
၅၉(စ)ဟာ သမ္မတ ဖြစ်ရမဲ့ သူရဲ့ အရည်ချင်း ကန့်သတ်ချက်ပေါ့နော်...
ဘာလဲဆိုတော့.......
သမ္မတဖြစ်ရမဲ့သူရဲ့
သားသမီး ချွေးမစသည်ဖြင့်
နိုင်ငံခြားသား မဖြစ်ရဘူးဆိုတာပါ...!
တစ်ချို့က ပြောကျတယ်...
ကျမ သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင် ကျမ သမ္မတ ဖြစ်လို့ရပြီပေါ့...!
ကျမပြောမယ် ကျမ သမ္မတ ဖြစ်တာမဖြစ်တာဟာ အဓိက မဟုတ်ဘူး... အဓိက က ဥပဒေကြောင်းရ မမျှတလို့ ပြင်တာ ဘယ်လိုမကြိုက်တာလဲဆိုရင် ကျမ သားတွေဟာ နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပီ ၁၉၉၈နောက်ပိုင်း
ကျမ အကျယ်ချုပ်ကျတော့
ကျမ သားတွေကို အရင် အစိုးရက နိုင်ငံသားလက်မှတ်တွေ ရုတ်သိမ်းလိုက်တယ်...
အဲ့နောက်ပိုင်း ကျမ သားတွေ ဗြိတိသျှနိုင်ငံသားဖြစ်သွားတယ်...
ဒါတွေထားပါ... ကျမ ဘာမှ မပြောလိုဘူး...
ကျမ ပြောချင်တာ လူတစ်ယောက်ဟာ အသက် ၁၈နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်ခွင့်ရှိရပါတယ်...
ဥပမာ- အသက်၁၈နှစ်ပြည့်ပြီး သားတစ်ယောက် ပြစ်မှုကျူးလွန်ရင် သူ့ဘာသာသူ ဥပဒေကြောင်းရခံရမှာပါ... မိဘက အစားဝင်ခံပေးလို့ မရပါဘူး...
ဥပဒေကြောင်း အရ အသက်၁၈ပြည့်လျှင် မိဘနဲ့သားသမီးက မသက်ဆိုင်ဘူး...
ဒါဥပဒေကြောင်းအရနော်...
မိဘ သားသမီး သံယောဇဉ်က တစ်ခြားဆက်နွယ်မှု
ဒီလို ဥပဒေကြောင်းအရ ရှိနေတဲ့ ကိစ္စကို ဘာကြောင့် သူတစ်ပါးကို လွှမ်းမိုးချင်တဲ့ သားသမီး ချွေးမ သမက် နိုင်ငံခြားသား ဖြစ်ရင် သမ္မတ မဖြစ်ရဆိုတဲ့ ဥပဒေကို မကြိုက်တာ...
ကျမ သမ္မတဖြစ်တာ မဖြစ်တာ ကိစ္စမဟုတ်ဘူး... ဖြစ်ရင်တော့ နိုင်ငံဒီထက် တိုးတက်မယ် ထင်ပါတယ်... ဒါ ကျမ အမြင်သက်သက်ပါ...
ကျမ ဖြစ်ရင်လည်း ကျမ ကြိုးစားသွားမှာပါ...
ဒီလို သူတစ်ပါးကို လွှမ်းမိုးထားတဲ့
ဥပဒေမျိုးရှိနေတာ အာဏာရှင်ဆန်တယ်လို့ ကျမ မြင်တယ်...
အဲ့ဒီတော့ အာဏာရှင်ဆန်တဲ့ ဥပဒေကို ပြင်ဖို့ လက်မှတ်ထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်...!
‪#‎ဒေါ်အောင်ဆန်းစုကြည်‬
(ပခုက္ကူဟောပြောပွဲ)

Post a Comment

0 Comments

Close Menu