Ad Code

Responsive Advertisement

♪ “DOOGEE NOVA Y 100X” ♫


အခုဆိုရင် ပြည်တွင်းဈေးကွက်မှာ တံဆိပ်အသစ်များ ပိုမိုမြင်တွေ့လာ ရပါတယ်။ DOOGEE အမှတ်တံဆိပ်မှလည်း ဟန်းဆက်အမျိုးအစား များစွာကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ယခုဖုန်းရဲ့ ပုံပန်းသဏ္ဌာန် ဟာ ထောင့်စွန်းတွေ၌ အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ အဓိကကင်မရာဟာ ဖုန်းရဲ့နောက်ကျောဘက်အလယ်တည့် တည့်တွင် အ၀ိုင်းပုံစံတည်ရှိပါတယ်။ Y100X ဟန်းဆက်ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5inches ရှိပါတယ်။

ဒါကြောင့် ကြည်လင်သောပုံရိပ်များကို မြင်ကွင်းကျယ်အဖြစ် ခံစားရရှိနိုင် မှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်တွင် ပုံထွက်ကောင်းစေဖို့အတွက်လည်း 720 x 1280 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါသေးတယ်။ ကင်မရာ နှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိကကင်မရာဟာ 8MP စွမ်းရည်ရှိကာ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ ဒါကြောင့် ဓာတ်ပုံ ရိုက်ကူး တဲ့အခါတွင် လှပသောပုံရိပ်များကို ရရှိစေပါလိမ့်မယ်။ Selfie ရိုက်ကူးမှုအတွက်လည်း အဆင်ပြေစေပါလိမ့်မယ်။ ဖုန်းရဲ့ အရွယ်အစား ပမာဏကတော့ 141.2 x 70.2 x 7.9mm ရှိခြင်းကြောင့် ကိုင်ဆောင် အသုံးပြုဖို့အတွက် အဆင်ပြေစေပါလိမ့်မယ်။ ဖုန်းရဲ့ အလေးချိန်ဟာ 119g သာရှိပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM က1GBပါရှိပြီး ROM ကိုတော့ 8GB ထည့်သွင်းပေးထား ပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်း ချင်တယ်ဆိုရင်တော့ SD Card စိုက်ပြီး မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် အသုံးပြုရပါမယ်။ CPU အမျိုးအစားဟာ Quad core 1.3GHz ဖြစ်ခြင်း ကြောင့် ကောင်းမွန်သော တုံ့ပြန်မှုများကို ရရှိခံစားနိုင်ပါလိမ့်မယ်။ GPU အမျိုးအစားကတော့ Mali 400 ပါ။ Android OS v 5.0 ကိုသုံးစွဲနိုင်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ GPS, Wi-Fi နှင့် Bluetooth စနစ်များကို အထောက် အပံ့ပေးသော ဖုန်းဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် Battery အမျိုး အစားကတော့ 2200mAh ဖြစ်ပါတယ်။ အသင့်အနေအထားတွင် နှစ်ရက်ကြာ ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 5inches
Memory - up to 64GB
Bluetooth - v4.0
CPU - Quad Core 1.3GHz
OS - Android OS,v5.0
Contact - 09-798299999
Mobile Guide Journal (Every Monday)

Post a Comment

0 Comments

Close Menu