Ad Code

Responsive Advertisement

English Speaking Basics (46) အင်္ဂလိပ်စကားပြောအခြေခံများ (၄၆)



………………………………………………………………………
.
တစ်စုံတစ်ယောက်ကို ဘာလုပ်ပါလား ညာလုပ်ပါလားစသည်ဖြင့် ညွှန်းဆိုပေးဖို့ ပုံစံလေးများဖြစ်ပါတယ်
.
(1) Why don't + Sub + Verb + Complement?
: used to make a suggestion. လုပ်ပါလား ဘယ်လိုလဲ ဆိုတဲ့သဘော ညွှန်းဆိုခြင်းဖြစ်ပါတယ် ၊ လုပ်စေချင်တဲ့ သဘောပါ..ပါတယ်
.
(1.1) Why don't you come with us?
ကျနော်တို့နဲ့အတူလိုက်ခဲ့ပါလား ၊ လိုက်စေချင်ပါတယ်
(Come with : To accompany someone; go along: အဖေါ်အဖြစ်လိုက်ပါသည် ၊ အတူသွားသည်)
.
(1.2) Why don't you share it with your Facebook friends?
ခင်ဗျားက အဲဒါကို Facebook သူငယ်ချင်းတွေနဲ့ ဖြန့်ဝေလိုက်ပါလား
.
(1.3) Why don't we pick some fresh flowers?
ကျနော်တို့ လန်းဆတ်တဲ့ ပန်းပွင့် တချို့ကို ခူးကြရအောင်လား
.
(1.4) Why don't we play a game of chess?
ကျနော်တို့ chess တစ်ပွဲလောက် ကစားကြရအောင်လား
.
(1.5) Why don't we save more money?
ကျနော်တို့ ပိုက်ဆံပိုပြီးစုကြရအောင်လား
.
(1.6) Why don't we post our results online?
ကျနော်တို့ရဲ့ ရလဒ်အဖြေတွေကို online မှာ တင်ကြရအောင်လား
.
(1.7) Why don't we earn more money?
ကျနော်တို့ ၀င်ငွေပိုရအောင် လုပ်ကြရအောင်လား
.
……………………………………………….
(2) Why not? : used to agree with something that someone has suggested
သဘောတူပါတယ် ၊ လုပ်ပါ
………………………………………………
တစ်ယောက်ယောက်က ညွှန်းဆိုတာကို သဘောတူလို့ လုပ်ပါ..ဆိုပြီး တိုက်တွန်းတဲ့သဘောနဲ့ ထောက်ခံတာ ဖြစ်ပါတယ် ..
.
(2.1)
A. “Let’s have an ice cream.”
အိုက်စ်စခရင်မ် တစ်ခုလောက် စားကြစို့လား
B. “Yes, why not?”
ဟုတ်ကဲ့ ၊ စားကြတာပေါ့
.
(2.2)
A. “Do you want Italian food tonight?”
ဒီနေ့ည အီတလီ အစားအစာ စားချင်ပါသလား
B. “Sure, why not!”
သေချာတာပေါ့ ၊ စားချင်ပါတယ်
.
………………………………………………………
(3) Why not do something: used for making a suggestion (Macmillan dictionary)
Why not ကိုလည်း တစ်ခုခုလုပ်ဖို့ ညွှန်းဆိုရာမှာ သုံးနိုင်ပါတယ် ၊ လုပ်စေချင်တဲ့သဘောရှိပါတယ် ၊ သူကတော့ Sub ဖြစ်တဲ့ you ကိုမြှုပ်ပြီး သုံးလေ့ရှိတာကို တွေ့ရပါတယ်
……………………………………………
Why not + Verb + Complement
…………………………………………..
(3.1) Why not stay for lunch?
နေ့လည်စာစားဖို့ နေပါဦးလား ၊ နေစေချင်ပါတယ်
.
(3.2) Why not share it with your Facebook friends?
Facebook သူငယ်ချင်းတွေနဲ့ ဖြန့်ဝေလိုက်ပါလား
.
(3.3) Why not stay there?
အဲဒီမှာ နေလိုက်ပါလား
.
(3.4) Why not keep quiet?
တိတ်တိတ်ဆိတ်ဆိတ် ဆက်နေပါလား
.
(3.5) Why not take care of yourself.
ကိုယ့်ကိုယ်ကို ဂရုစိုက်စေချင်ပါတယ်
…………………………
.
လုပ်စေချင်တဲ့ ကိစ္စလေးတွေကို ညွှန်းဆိုနိုင်ကြပါပြီ
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu