Ad Code

Responsive Advertisement

English Speaking Basics (47) အင်္ဂလိပ်စကားပြောအခြေခံများ (၄၇)




………………………………………………….
အဖြစ်အပျက်တစ်ခုကိုဘာကြောင့် ဖြစ်တာလဲ ဘာဖြစ်လို့လဲ စသည်ဖြင့် မေးချင်တဲ့အခါ သုံးပါ
.
(1) How come + (subject + verb)
When using 'how come' you are asking why a particular thing has or had to take place.
.
(1.1) How come parents worry so much?
ဘာကြောင့် မိဘတွေက သိပ်ပြီး စိုးရိမ်ပူပန်ကြတာလဲ
.
(1.2) How come you are so upset?
ဘကြောင့် ခင်ဗျားက သိပ်ပြီး စိတ်ဓါတ်ကျဝမ်းနည်းရတာလဲ
.
(1.3) How come you stayed out so late?
ဘာကြောင့် ခင်ဗျားက အချိန် အများကြီးနောက်ကျအောင် အပြင်မှာ နေခဲ့တာလဲ
.
(1.4) How come you cannot make a decision?
ဘာကြောင့် ခင်ဗျား ဆုံးဖြတ်ချက်တစ်ခု မချနိုင်ရတာလဲ
.
(1.5) How come you always question me?
ဘာကြောင့် ခင်ဗျားက ကျနော့်ကို အမြဲတန်း မသင်္ကာဖြစ်ရတာလဲ
( question(v) မေးခွန်းမေးသည် ၊ သံသယဖြစ်သည် ၊ မသင်္ကာဖြစ်သည် )
.
(1.6) How come we never agree?
ဘာကြောင့် ကျနော်တို့ ဘယ်တော့မှ သဘောတူညီချက် မရတာလဲ
.
(1.7) How come your dog digs in the yard?
ဘာဖြစ်လို့ ခင်ဗျားရဲ့ခွေးက ခြံဝင်းထဲမှာ ကျင်းယက်တာလဲ
( dig(v) တူးဆွသည် ၊ yard (n) ခြံဝင်း )
...
How come ဟာစကားပြောပုံစံသီးသန့်ဖြစ်ပြီး (informal) ဖြစ်ပါတယ် ၊ How come ကိုရှေ့ကထားပြီး နောက်က ၀ါကျကို tense မပြောင်းပဲ ဆက်ဆွဲလိုက်ရတဲ့အတွက် လွယ်ကူပါတယ် .. တချို့ဆရာတွေကတော့ how come သည် how and why (ဘယ်လိုဘာကြောင့်) နှစ်ခုတွဲသဘောဖြစ်တယ်လို့လည်း ဆိုပါတယ် ။
ပုံစံကျ ပြောဖို့နဲ့ အရေးအသားမှာသုံးဖို့ကတော့ Why Questions များကို သုံးနိုင်ပါတယ်
………………………………………….
.
(2) Why Questions
..
(2.1) Why do I have to do that?
ဘာကြောင့် ကျနော်က အဲဒါကို လုပ်ရမှာလဲ
.
(2.2) Why don't you come in?
ဘာကြောင့် ခင်ဗျားက ၀င်မလာတာလဲ
.
(2.3) Why are you busy today?
ဒီနေ့ ခင်ဗျားဘာလို့ အလုပ်ရှုပ်နေတာလဲ
.
(2.4) Why were you absent from school yesterday?
မနေ့က ခင်ဗျားဘာလို့ ကျောင်းပျက်ခဲ့တာလဲ
.
(2.5) Why did you come early?
ဘာကြောင့် ခင်ဗျားစောစောလာခဲ့တာလဲ
.
(2.6) Why won't my dog eat dog food?
ဘာကြောင့် ကျနော့်ခွေးက ခွေးစာကို မစားမှာလဲ
.
(2.7) Why do you want to become a nurse?
ဘာကြောင့် ခင်ဗျားက သူနာပြုဆရာမ တစ်ယောက် ဖြစ်လာချင်တာလဲ

ဝေါဟာရ ရှင်းလင်းချက်
.
Feed(v) အစာကျွေးသည်
Food(n) အစားအစာ (လူစားသည့်အစာ)
Feed(n) အစားအစာ (တိရစ္ဆာန်များအတွက်)
.
Animal feed တိရစ္ဆာန်အစာ, chicken feed ကြက်စာ, cattle feed ကျွဲ နွား စသည့်အစာ, poultry feed မွေးမြူရေးအတွက် ကြက် ဘဲ ၀က် တို့အစာ.. စသည်ဖြင့် ရှိသော်လည်း ခွေးကိုတော့ လူစာရင်းသွင်း၍ dog food ဟုခေါ်လေ၏
….
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

heart emoticon

Post a Comment

0 Comments

Close Menu