Ad Code

Responsive Advertisement

English Speaking Basics (48) အင်္ဂလိပ်စကားပြောအခြေခံများ (၄၈)


……………………………………………………………………
..
ဒီစကားပြောပုံစံလေးကတော့ တော်တော်လေး ထူးဆန်းပြီး လွယ်ကူပါတယ် ၊ တော်တော်ကြီးကို မှားတတ်ကြတဲ့ V-be + interseted in ဆိုတဲ့ စကားလုံးရဲ့ ကိုယ်စား ပေါ့ပေါ့ပါးပါးလေးနဲ့ ခေါင်းမစားပဲ ပြောသွားနိုင်စေမယ့် ပုံစံလေးပါ .. လွယ်လွယ်မယုံပါနဲ့ ခုပဲ မြည်းကြည့်လိုက်ပါလား
.
Are you + into + (noun)
.
Here you are asking a question about an interest they might have or something they might enjoy doing.
တစ်ခုခုကို လုပ်ရတာ စိတ်ဝင်းစားသလား လုပ်နေရတဲ့အခါ ပျော်မွေ့သလား မေးချင်တဲ့အခါ ဒီလိုလွယ်လွယ်လေး မေးလိုက်ပါ
.
(1) Are you into SOCCER?
ခင်ဗျားဘောလုံးကစားတာကို စိတ်ဝင်စားပါသလား
.
(2) Are you into TRYING new things?
ခင်ဗျား အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ရတာ ၀ါသနာပါသလား
.
(3) Are you into wine tasting?
ခင်ဗျား ၀ိုင်အရက်တွေကို မြည်းစမ်းကြည့်ရတာ ပျော်မွေ့ပါသလား
.
(4) Are you into working out at home or at the gym?
ခင်ဗျား အိမ်မှာ သို့မဟုတ် အားကစားရုံမှာ ကာယလေ့ကျင့်ခန်းလုပ်ရတာကို နှစ်ခြိုက်ပါသလား
( work out (v) do physical exercise ကာယလေ့ကျင့်ခန်းလုပ်သည် ၊ gym(n) အားကစားရုံ)
.
(5) Are you into scary movies?
ခင်ဗျား ကြောက်ဖို့ကောင်းတဲ့ ရုပ်ရှင်ကားတွေ ကြိုက်ပါသလား
(scary(adj) ကြောက်ဖို့ကောင်းသော)
.
(6) Are you into playing games?
ခင်ဗျား ဂိမ်းတွေကစားရတာကို စိတ်ဝင်းစားပါသလား
.
(7) Are you into painting?
ခင်ဗျားပန်းချီဆွဲတာ ၀ါသနာပါသလား
.
(8) Are you into fixing cars?
ခင်ဗျား ကားတွေပြင်တာကို စိတ်ဝင်စားပါသလား
.
(9) Are you into her?
ခင်ဗျား သူမကို စိတ်ဝင်စားပါသလား
.
(10) I am into you.
ကျနော် ခင်ဗျားကို စိတ်ဝင်စားပါတယ်
.
(11) I am into her curves.
ကျနော် သူမရဲ့ကောက်ကြောင်းတွေကို စိတ်ဝင်စားပါတယ်
(curves(n) ကောက်ကြောင်းများ ၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်များ)
.
(12) I am into books.
ကျနော် စာအုပ်တွေကို စိတ်ဝင်စားပါတယ်
.
(13) If you are into photography why not enter a contest.
ခင်ဗျားက ဓါတ်ပုံပညာကို စိတ်ဝင်းစာလျင် ပြိုင်ပွဲကို ၀င်ပြိုင်လိုက်ပါလား
(photography(n) ဓါတ်ပုံပညာ contest(n) : ပြိုင်ပွဲ)
.
အထက်မှာတင်ပြခဲ့တဲ့ ပုံစံများကို စကားပြောနဲ့ ၊ ပေါ့ပေါ့ပါးပါး (informal) ရေးတဲ့အခါ သုံးနိုင်ပါတယ်.. ပုံစံကျသုံးဖို့အတွက် အညွှန်းလေးတို့ပေးလိုက်ပါဦးမယ်
………………………………………………………….
.
(A) V-be + interested in + noun ( interested မှာ “ed” ပါတာကို သေချာမှတ်လိုက်ပါ)
…………………………………………
(indicating what you're interested in, habit, hobby, or something like that)
ဝါသနာပါတာတွေ ၊ အလေ့အထတွေ စတဲ့ အမြဲလုပ်ချင်နေတာတွေကိုဒီပုံစံသုံးပါ
.
(A.1) I am interested in READING novels. (gerund noun, V-ing ကိုသုံးထားပါတယ်)
ကျနော်က ၀တ္ထုရှည်တွေ ဖတ်ရတာ ၀ါသနာပါတယ်
.
(A.2) How to keep your man interested in YOU?
သင့်ရဲ့ အမျိုးသားက သင့်ကို အမြဲ စိတ်ဝင်စားနေအောင် ဘယ်လို ထိန်းသိမ်းမလဲ
.
…………………………………………
(B) V-be + interested to + V1
………………………………………..
(indicating the act you're going to do)
အခုလောလောဆယ်လုပ်ချင်နေတာ ၊ စိတ်ဝင်စားနေတာတွေ အတွက် သုံးပါ
.
I am interested to read your novel.
ကျနော် ခင်ဗျားရဲ့ ၀တ္ထုရှည်ကို ဖတ်ဖို့ စိတ်ဝင်စားနေတယ်
(အခုဖတ်ဖို့ စိတ်ဝင်စားနေတာ ၀ါသနာပါချင်မှပါမယ်)
……………..
ကဲ တော်တော်လေး စုံသွားပြီ ထင်ပါရဲ့
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu