Ad Code

Responsive Advertisement

အမေရိကန် က ပါကစ္စတန်သို့ F-16 တိုက်လေယာဉ် ၈ စင်း ရောင်းချရန်အတည်ပြု


A USAF F-16C

ဝါရှင်တန် ၊ ၁၄-၂-၂၀၁၆

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ပါကစ္စတန် နိုင်ငံသို့ ဒေါ်လာ ၆၉၉ သန်းတန်ဖိုးရှိ F-16 တိုက်လေယာဉ် ရှစ်စင်းနှင့် အခြား စစ်လက်နက် ပစ္စည်းများ ရောင်းချရေး အတည်ပြု ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

အဆိုပါ ရောင်းချမှုသည် မျက်မှောက်ခေတ်နှင့် အနာဂတ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များအား ရင်ဆိုင်ရာ၌ ပါကစ္စတန် နိုင်ငံ၏ စွမ်းဆောင်ရည် များကို ပိုမို ကောင်းမွန်စေမည် ဖြစ်ကြောင်းနှင့် F-16 တိုက်လေယာဉ် များ ထပ်မံ ရောင်းချပေး မှုကြောင့် သောင်းကျန်းသူ တန်ပြန် ချေမှုန်းရေး နှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေးများ လုပ်ဆောင်ရာတွင် ပါကစ္စတန် နိုင်ငံ၏ စွမ်းရည်ကို ပိုမိုမြင့်မား စေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်အာရှ ဒေသရှိ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ၏ လုံခြုံရေး တိုးမြင့်စေရန် အကူအညီ ပေးခြင်းဖြင့် အမေရိကန် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက် များနှင့် အမျိုးသား လုံခြုံရေး ဆိုင်ရာ ရည်မှန်းချက် များကို အထောက်အပံ့ ဖြစ်စေကြောင်း ၄င်းအေဂျင်စီက ပြောကြားသည်။

ပါကစ္စတန် နိုင်ငံသည် AN/ APG-68 (V)9 ရေဒါရှစ်လုံးနှင့် ခေတ်မီ အီလက်ထရွန်နစ် စစ်ဆင်ရေး ဆိုင်ရာ ပစ္စည်းရှစ်မျိုး အား ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Post a Comment

0 Comments

Close Menu