Ad Code

Responsive Advertisement

“မြန်မာအလုပ်သမားများအထူးသတိထားသွားလာနေထိုင်ကြရန် MAT နှိုးဆော်” ဘန်ကောက် ၂၀၁၆ ဖေဖေါ်ဝါရီလ ၁၁ ရက် လွမ်းသူ

ရွှေလုပ်သား added 4 new photos.
1 hr
“မြန်မာအလုပ်သမားများအထူးသတိထားသွားလာနေထိုင်ကြရန် MAT နှိုးဆော်”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဘန်ကောက်
၂၀၁၆ ဖေဖေါ်ဝါရီလ ၁၁ ရက်
လွမ်းသူ
မြန်မာအလုပ်သမားများသည် တစ်နေ့ တ ခြားနေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်းေ ကြာင့် နေရာအနှံ့ ထိုင်းရဲများဖမ်းဆီးငွေညှစ်ြ ခင်းခံရသကဲ့သို့လုပ်ငန်းခွင်အတွင်းတွင်လည်း အနိုင်ကျင့်ခံနေကြရသဖြင့် အထူးသတိထား နေ ထိုင်လုပ်ကိုင်သွားလာကြပါရန် MAT အဖွဲ့က ယနေ့နှိုးဆော်လိုက်သည်။
ယမန်နေ့ညနေ ၉နာရီခန့်ကစမုတ်စာခွန် ခရိုင် မဟာချိုင်နယ်မြေ အုန်းနွဲ့ဖက်ကစင် ၁၁၄ လမ်းတွင်ရှိ သော သံတံခါးအမျိုးမျိုး ထုတ်လုပ် သည့် အလုပ်ရုံအတွင်း နေထိုင်ကြသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ တို့နေထိုင်သည့် အခန်းသို့ အတူတူအလုပ်လုပ်ကိုင်ကြသည့် ထိုင်းလူမျိုး၎ဦးဝင်ရောက်လာခဲ့ပြီး ဓါးဖြင့်တိုက် ခိုက်ခြင်းကိုခံခဲ့ရသည်။
ညာဘက်လက်ဖျံနှင့် ဘယ်ပေါင်ရင်းတွင် ဓါးထိုးခံခဲ့ရသည့် မော်လမြိုင်မြို့မှအသက် ၃၂ နှစ် အရွယ် ကိုမောင်မောင်သည် ယနေ့နံနက်ပိုင်းက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။
MAT ဆက်သွယ်ရေးတာဝန်ရှိသူ ကိုသန့်ဇင်ထက် က“ ထိုင်းတွေ သက်သက် အနိုင် ကျင့်တာပါ။ လုပ်ငန်းရှင်က ရန်ရှာတဲ့ ထိုင်း တွေကို အလုပ်ထုတ်လိုက်ပါပြီ။ ကိုမောင်မောင် ကို အလုပ်မ လုပ်နိုင်ပေမယ့် အလုပ်ထဲ ကိုလာခဲ့ပါ။ နေ့ တွက်ပေးမယ်လို့ပြောပါတယ်။ နောက်ဒါမျိုး မဖြစ်အောင်လည်း လုပ်ငန်းရှင်က တာဝန်ယူပါ တယ်” ဟု လုပ်ငန်းရှင်နှင့်ညှိနှိုင်းခဲ့မှုကိုပြောသည်။
ယမန်နေ့က ထိုင်းနိုင်ငံ အရှေ့ ဘက် ခေါင်ကဲန်မြို့တွင် လည်း ၀တ်ပါမစ်နှင့် ပတ်စပို့ရှိ သည့် အလုပ်သမား၂ဦးကို ထိုင်းလက ကဖမ်းဆီးခဲ့သည်။
ဝတ်ပါမစ် နယ်မြေမတူဟု ဆိုပြီး အလုပ်သမားတစ်ဦးအား ဘတ်ငွေ တစ်သောင်းစီတောင်းခံခဲ့သည်။ ဆောက်လုပ်ရေးထိုင်းလုပ်ငန်းရှင်က ထိုအလုပ်သမား၂ဦးကို ဘတ်ငွေ နှစ်သောင်း ပေး၍ ရွေးထုတ်ခဲ့ရသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က“အလုပ်သမားတွေ ဘန်ကောက် မှာလည်းမတရားဖမ်းဆီးငွေညှစ်ခံနေရတယ်။ မဟာချိုင်ကတော့ အဆိုး ဆုံးပါပဲ။ ဖမ်းတဲ့ပုလိပ်က နဲနဲ ဘာသာပြန်နေတဲ့ ဗမာတွေက ကဲကဲ ဖြစ်နေ တယ်။ မဟာချိုင်ရဲစခန်း အောက် ထပ်မှာ တစ်နေကုန်ပဲ၊ ဖမ်းလိုက်ရွေး လိုက်၊ ပြန်လွှတ်လိုက်၊ ပွဲတော်ကြီးပဲ။ မြန်မာပြည်ပြန်တဲ့ အလုပ်သမား
တွေကော ပတ်စပို့သက်တမ်းတိုးပြီးပြန်တက်လာသူတွေပါ မဲဆောက် လမ်းမှာ ပိုက်ဆံပေးနေရတယ်။ ဒါကို မြန်မာအစိုးရ ထိထိရောက်ရောက် လုပ်မှမြန်မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေသက်သာမယ်။မြန်မာအစိုး ရ အကာအကွယ်မပေးနိုင်ခင်စပ်ကြားမှာ မြန်မာတွေ အထူးသတိ ထားနေ ထိုင်သွားလာကြပါ”ဟုပြောသည်။
▬▬▬▬ ▬▬▬▬ ▬▬▬▬ ▬▬▬▬ ▬▬▬▬
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်
ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့ ၏ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ ကူညီ
ဆောင်ရွက်ပေးပါမည်။
ဦးအောင်မျိုးသန့်- 08 9652 5696
ဦးကျော်သောင်း- 08 4670 5727
ကိုစိုင်းအေး- 08 0588 5548
ကိုဘခက် - 08 7312 1179
ကိုအောင်ဆန်းဦး- 09 0667 7913
ကိုလွမ်းသူ- 08 6905 2446
ကိုခွန်- 08 3 552 7 892
ကိုစောမောင်- 09 0661 0849

Post a Comment

0 Comments

Close Menu