Ad Code

Responsive Advertisement

ကုန်ဈေးနှုန်းမိုးထိမြင့်ပြီး၊ NLD အစိုးရဖြစ်ဖို့ကြာမယ်လို့ ဦးဇေယျာကို ဟော

ဓါတ်ပုံ။ ဦးဇေယျာကို လူမှုကွန်ယက်စာမျက်နှာမှ။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။         ။၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၂၁ရက် မှစတင်ကာ ကုန်ဈေးနှုန်းများမိုးထိထောင်သည်အထိ မြင့်တက်နိုင်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD အစိုးရဖြစ်ရေး ကြန့်ကြာနိုင်သည်ဟု နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက ဖေဖော်ဝါရီ ၁၉ရက်တွင် ဟောကိန်းထုတ်လိုက်သည်။
"ဆန်ဈေးနှင့်ကုန်ဈေးနှုန်းတွေ နိုင်ငံရေးအခြေအနေကြောင့် မိုးထိအောင်လှေခါးထောင် တက်ကြ ပေလိမ့်မည်။ တိုင်းပြည်အစိုးရပိုင်းမှာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ NLD အစိုးရဖြစ်ဖို့ ကြန့်ကြာနိုင်တာတွေ ဖြစ်နိုင်တယ်" ဟု ဦးဇေယျာကိုက မဇ္ဈိမသို့ ပြောသည်။
နက္ခတ်ဗေဒအရ မြန်မာနိုင်ငံက ဖေဖော်ဝါရီ ၂၁ရက်မှစတင်ပြီး စနေနှင့် အင်္ဂါဂြိုဟ်များ၏ အုပ်စိုးခြင်းကို ခံရသဖြင့် နှစ်ပေါင်း အတွင်း မဖြစ်ပေါ်ခဲ့သည့် ပျက်စီး ဆုံးရှုံးနစ်နာမှုများအား မြန်မာပြည်က ခါးစီးခံရ နိုင်သည်ဟုလည်း ဆိုသည်။ ဖေဖော်ဝါရီ ၂၁ရက်မှ စတင်ကာ ဧပြီ၊ မေ၊ ဇွန် လများတွင် အပြင်းထန်ဆုံး အကျိုးသက်ရောက်နိုင်ပြီး စက်တင်ဘာလအထိ အကျိုးသက်ရောက်နိုင်သည်ဟု ဟောကိန်းထုတ်ထားသည်။
ယင်းအပြင် မြန်မာနိုင်ငံကို ဦးဆောင်မည်သူများ အငြင်းပွားကာ ဒေါသကို ရှေ့တန်းတင်ရာမှတစ်ဆင့် စည်းကမ်းဘောင်ကျော်လွန်ပြီး မင်းမဲ့စရိုက်ဆန်သည့် ဖြစ်ရပ်များလည်း ဖြစ်ပွားလာနိုင်မှုများလည်းပါဝင်ကြောင်း ဦးဇေယျာကိုကဆိုသည်။
"ကျွန်တော်တို့ပညာအရ ဖြစ်ကိုဖြစ်မယ်။ ကြီးတာနဲ့ ငယ်တာပဲကွာသွားမယ်။ သိရဲ့သားနဲ့ မပြောဖြစ်ရင် တာဝန်ရှိတယ်လို့ ထင်တယ်လေ။" ဟု ပြောသည်။
ဆန်နှင့် အခြားကုန်ပစ္စည်းဈေးနှုန်းများ အဆမတန်တက်ခြင်းအပြင် ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ် ဒဏ်များကိုလည်း ခံစားနိုင်ဖွယ်ရှိသည်။ ၂၀၁၆ခုနှစ်သည် မြန်မာနိုင်ငံအတွက် ဆိုးဝါးသည့် နှစ်တစ်ခုအဖြစ် သတ်မှတ်ကာ ပြည်သူများအပါအ၀င် ခေါင်းဆောင်များအကြားလည်း သတိပြုဆောင်ရွက် ကြရန်လိုအပ်သည် ဟုလည်း ဦးဇေယျာကိုကဆိုသည်။
လက်ရှိအချိန်တွင် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲအနိုင်ရထားသည့် NLD က ပြည်ခိုင်ဖြိုးအစိုးရထံမှ တာဝန် လွှဲပြောင်း ရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည်။ ပြည်ခိုင်ဖြိုးအစိုးရသက်တမ်းသည့် ၂၀၁၆ခုနှစ် မတ်လ ၃၁ရက်တွင် လုံးဝကုန်ဆုံးမည်ဖြစ်ပြီး ယင်းရက်အပြီး ဧပြီ ၁ရက်တွင်ပင် အစိုးရသက်တမ်းသစ် စတင်ရမည် လည်းဖြစ်သည်။ အစိုးရသစ်သက်တမ်းစတင်သည့် ၂၀၁၆ခုနှစ် ဧပြီ ၁ရက်တွင်ပင် ဘဏ္ဍာနှစ်အသစ် ပြန်လည်စတင် သည့်အချိန်ပင်ဖြစ်သည်။
- See more at: http://mizzimaburmese.com/article/11386#sthash.0S70nrf6.dpuf

Post a Comment

0 Comments

Close Menu