Ad Code

Responsive Advertisement

Samsung Devices မှန်သမျှ ဗားရှင်း 5.1.1 အားလုံးကို Root လုပ်ချင်တဲ့


Samsung Devices မှန်သမျှ ဗားရှင်း 5.1.1 အားလုံးကို Root လုပ်ချင်တဲ့
ဖုန်းကလစ်သူများနဲ့ Service သမား ညီအကိုများအတွက် Message လေးတစ်ခု
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခေါင်းစဉ်လေးမြင်တာနဲ့ Wow! ဆိုပြီး One Click Root Tool ကြီးလားမသိဘူး
ကွန်ပျူတာမလိုပဲ ဖုန်းနဲ့တင် တစ်ချက်တည်းနှိပ်ပေးရုံဖြင့် Root ပေါက်နိုင်တာလားမသိဘူး
စသည်ဖြင့် မျှော်လင့်ချက်နဲ့ မျက်လုံးလေး ပြူများသွားလေမလားပဲ...



ကျနော့် Blog လေးကိုနေ့စဉ်လာရောက်အားပေးနေကြတဲ့ ဖုန်းနည်းပညာနဲ့
ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာများကို အထူးတလေစိတ်ဝင်စားကြတဲ့
 သူတွေအတွက် Admin များနဲ့ ကျနော်ကိုယ်တိုင် Up to date ဖြစ်အောင်
ပိုစ့်ကောင်းများကို ရွေးတင်ပေးလာခဲ့တာလည်း ကြာလာခဲ့ပြီဖြစ်လို့ အားလုံးလည်း
ကျနော်တို့ရဲ့ Artical များနဲ့ ရင်းနှီးအကျွမ်းဝင်နေကြလောက်ပါပြီ။

အမှားကင်းတဲ့သူရယ်လို့ မရှိစကောင်းပါ အမှန်တွေထဲမှ အမှားလေး
တစ်ခုကို ဖတ်မိ တွေ့မိရင်တော့ အဲဒီအမှန်းကို အကြံကောင်း ညဏ်ကောင်း
ပေးကမ်းလာကြဖို့ကိုလည်း အထူးတလည်ပြောကြားချင်ပါတယ်။

အဲဒီအမှားများအတွက်လည်း အချိန်မရွေးပြန်လည်ပြင်ဆင်ပေးသွားဖို့အသင့်ပါ
အဆိုးထဲက အကောင်းဆိုသလို အမှားများတွေ့မိခဲ့ရင်လည်း အကောင်းဘက်နေ
တတ်နိုင်သလောက် သဘောထားပေးကြဖို့ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။

ကဲဗျာ Samsung Devices မှန်သမျှ ဗားရှင်း 5.1.1 အားလုံးကို Root လုပ်နည်းဆိုတာကို
စလိုက်ကြအောင်...Samsung Devices မှန်သမျှ ဆိုတဲ့နေရာမှာ Samsung Company မှ
ထုပ်လုပ်ပြီးဖြစ်တဲ့ အမျိုးအစားမှန်သမျှကို ပြောလိုတာဖြစ်ပါတယ်၊

Origianl Production ကိုဆိုလိုတာဖြစ်ပါတယ် Clone ဖုန်းတွေကို မပြောလိုပါ၊
 ဗားရှင်း 5.1.1 ဆိုရာတွင်လည်း ဖုန်းအားလုံးရဲ့ 5.1.1 ဗားရှင်းကိုသာ ဆိုလိုရင်းမဟုတ်ပဲ
အခြားသော ဗားရှင်း 2.xx 4xx 5xx စသည့်ဗားရှင်းအားလုံးကို ရည်ရွယ်ပေးသွားမှာပဲဖြစ်ပါတယ်။

မှတ်ညဏ်ကောင်းဖို့ထက် ဒီနေရာမှာ Realize ဖြစ်စေချင်တာက
ယခုဖေါ်ပြနည်းလမ်းသည် Samsung Devices မှန်သမျှ
ဗားရှင်း 5.1.1 အားလုံးကို ဒီနည်းလမ်းဖြင့် Root access ရယူနိုင်တယ်
ဆိုရင် တစ်ခြား ဗားရှင်းတွေကိုလည်း ဒီနည်းအတိုင်းပဲ ဆိုတာကို
သဘောပေါက်စေချင်ပါတယ်။

ဒါက Official ကျကျနည်းလမ်းဖြစ်ပါတယ်၊ One click apk များဖြင့်
(သို့) One click Root Tool များဖြင့် Root လုပ်နည်းကိုတော့ အထူး
မပြောနေတော့ပါ၊ တကယ်လို့ One click များဖြင့် တိုးမပေါက်ဖြစ်နေခဲ့ရင်
ဒီနည်းလမ်းလေးကို သွားသတိရစေချင်တဲ့ သဘောသက်သက်ဖြစ်ပါတယ်။

Samsung ဖုန်းတွေအတွက် ဗားရှင်း 5.1.1 လောက်မှာဆိုရင်ပဲ Root လုပ်ရန်အတွက်
အခက်ကြီးဖြစ်လာတာကို အားလုံးလည်း သတိထားမိကြမှာပါ လိုအပ်တာလေးတစ်ခုကတော့
Custom Kernel လေးတစ်ခုပါပဲ ပြောရတာသာလွယ်တာလား ဖန်တီးထားပြီးသားကိုတောင်
လိုက်ရှာရတာ အမောသား ဘာပဲဖြစ်ဖြစ် ပြသနာတိုင်းအတွက် Solution ကတော့ရှိနေကြမှာပါ။

ကျနော်က Official ကျကျလို့ပြောခဲ့သည့်အတိုင်းပဲ Root လုပ်မယ့် ဖုန်းတစ်လုံးကို
One Click Root Tool တွေဖြင့် တိုးမပေါက်တော့ဘူးဆိုရင်တော့ နောက်ထပ် ဘာတွေ
ကျန်သေးလဲ TWRP & SuperSu ပေါ့ဗျာ...

ဟုတ်ပါတယ် Samsung ဖုန်းတွေအတွက် Root ဖောက်မရတဲ့ ဖုန်းတစ်လုံးကို
TWRP ကိုအရင်ဦးဆုံးထည့်သွင်းပြီးတဲ့အခါ SuperSu.zip ဖိုင်ဖြင့်
Recovery Mode ကနေအလွယ်တကူ Flash ပေးလိုက်ရုံဖြင့်
 Root access ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

ဒီတော့ TWRP ဖိုင်တွေကော ရှာရတာအရမ်းလွယ်တကူသလား
ဖုန်းအလုံးတိုင်းအတွက်ကော ရနိုင်မလား မေးစရာဖြစ်လာပါတယ်။

TWRP နဲ့ပတ်သက်ပြီးတော့ Web တော့ရှိပါတယ်၊ ကျနော်လိုက်ကြည့်
မိသလောက်တော့ Samsung ဖုန်းအများစုအတွက် စုံသလောက်ပါပဲ

ယခုဖေါ်ပြပါ TWRP Web သည် Samsung ဖုန်းအတွက်သီးသန့်
မဟုတ်ပဲ တစ်ခြား ဖုန်းအမျိုးအစားတွေလည်း ရှိနေပါတယ်။

TWRP ထည့်ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin 

Samsung USB Driver for Windows

Click Here to TWRP Recovery File For All Devices

TWRP Recovery ထည့်သွင်းနည်း
=====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။

အထက်ဖေါ်ပြပါ TWRP Recovery ထည့်သွင်းနည်းသည်
Samsung ဖုန်းအားလုံးနီးပါးကို ဒီနည်းလမ်းဖြင့် အသုံးပြုကြတာများပါတယ်
TeamWin Recovery မျိုးတော့မဟုတ်ပါ၊ TeamWin Recovery မျိုးဖြင့် 
ထည့်သွင်းနည်းကိုတော့ဆက်လက်ပြီး up to date တင်ပေးသွားဖို့ရှိပါတယ်။

ဖုန်းတစ်လုံးကို TWRP Recovery ထည့်သွင်းတာ အအင်ပြေသွားပြီ
ဆိုတာနဲ့ လောက် Root လုပ်လို့ရဖို့က 95% သေချာနေပါပြီ။

ဒီအတွက် တစ်ခြား One click Root Tool များကို အသုံးမပြုချင်ဘူး
ဆိုရင်တော့ SuperSu.zip ဖိုင်ကို SD Card သို့ထည့်ပြီး
Recovery Mode ကနေအလွယ်တကူ Root လုပ်ယူနိုင်ပါတယ်။
SuperSu.zip တွင်လည်း မိမိဖုန်းအတွက် ကိုက်ညီမယ့် ဗားရှင်းများကို
အွန်လိုင်းတွင် အလွယ်တကူ ရှာဖွေဒေါင်းလော့ရယူနိုင်ပါတယ်။

UPDATE-SuperSU-v2.46.zip

SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
=========================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၁။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၂။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၃။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၎။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


ဒီလောက်ဆိုရင်တော့ Samsung Devices မှန်သမျှ ဗားရှင်း
အနိမ့်မှ အမြင့် 5.1.1 အားလုံးအတွက် Root လုပ်ယူနည်းကို
သဘောပေါက်လောက်ပြီထင်ပါတယ်၊


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

www.zunite.org

Post a Comment

0 Comments

Close Menu