Ad Code

Responsive Advertisement

TELECom Android Anti-Malware 3.1.2 (Update Version)



Update ကို အသုံးပြုတော့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဖတ်ကြည့်စေချင်ပါတယ်။
TELECom Android Anti-Malware 3.1.2 Download Link

Mediafire - https://www.mediafire.com/?27jhz67sevpbgjs

Version 3.1.1 မှာအခက်အခဲရှိခဲ့တဲ့ Wifi, Bluetooth ပျောက်တဲ့ ပြသနာတွေကို ဖြေရှင်းပေးထားသလို Clean လုပ်ပေးပေမယ့် Virus မပျောက်တဲ့ ပြသနာကိုလည်း ကုစားပေးထားပါတယ်။ Tool ကို အသုံးပြုတော့မယ်ဆိုရင် ဒါလေးတွေကို သတိထားပေးပါ။
၁။ ဒီ Tool ကို Wifi ကနေပြီးတော့လည်း သုံးလို့ရပါတယ်။ ဒါပေမယ့် သုံးဖို့အတွက် Wifi Adb.apk လေးကို ဖုန်းမှာ Install လုပ်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီ apk လေးကိုတော့ playstore ကနေပြီးတော့ download လုပ်နိုင်ပါ တယ်။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို Wifi Network တစ်ခုတည်းမှာထားပြီး Wifi Button လေးကို နှိပ်ကာ ချိတ်ဆက်ပေးနိုင်ပါတယ် (Wifi Network မရှိဘူးဆို ရင် Wifi Dialogbox မှာပါတဲ့ Virtual AP Mode လေးနဲ့ Wifi Network တစ်ခု တည်ဆောက်နိုင်ပါတယ်)
၂။ တစ်ချို့ Virus တွေဟာ ပြင်းထန်လွန်းတဲ့အတွက် တစ်ခေါက်လောက် Scan, Clean လုပ်ရုံနဲ့ OK မှာမဟုတ်ပါဘူး။ ဒါကြောင့် Scan လုပ်ကြည့်တဲ့အခါမှာ Your system is clean လို့ မပေါ်မချင်း Scan & Clean အခါခါလုပ်ကြည့်ပေးစေချင်ပါတယ်။ တကယ်လို့ Virus ရှင်းသွားရင်တောင် Dalvik Cache ကိုဖျက်ထားတာကြောင့် ဖုန်းရဲ့ Home Screen မှာ Virus Icon လေးတွေ ကျန်ခဲ့နိုင်ပါတယ်။ အဲဒါက Virus မရှင်းလို့မဟုတ်ပါဘူး။ လက်လေးနဲ့ အသာဖိပြီး အမှိုက်ပုံးလေးထဲ ဆွဲလွှင့်ပစ်လိုက်ရုံပါပဲ။ အဲဒါကို ဖွင့်မိရင်လည်း မူရင်း package ဖိုင်မရှိတော့တဲ့အတွက် ဘာမှမဖြစ်တော့ပါဘူး။
၃။ Wifi နဲ့ Bluetooth ပြသနာတွေကို ပြင်ဆင်ပေးထားပါတယ်။ ဒီ Tool ကြောင့် Firmware ကျစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုတစ်ခုခုကြောင့် Firmware ကျသွားခဲ့မယ်ဆိုရင်တော့ တာဝန်မယူနိုင်ပါဘူး။
၎။ Sony ဖုန်းတွေမှာ Virus ထိရင် Vibrator တုန်ခါတတ်ပါတယ်။ Reboot ခဏ ခဏ ကျတတ်ပါတယ်။ ဒီအခါမျိုးတွေမှာ စိတ်ရှည်ရှည်ထားပြီး Scan လုပ် ပေးရပါလိမ့်မယ်။ Huawei တွေမှာလည်း Virus ၀င်ရင် ဒီ ပြသနာရှိပါတယ်။ ဖုန်းပူလာပြီးတော့ Internet တွေ၊ Wifi တွေလည်း ပွင့်နေတတ်ကြပါတယ်။
၅။ Tool က ADB Process တွေကို မှီခိုတဲ့အတွက် ADB Process သုံးထားတဲ့ အခြား Tool တွေဖွင့်ထားရင် Device သိမှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ Mobile Go, Moborobo, HiSuite, Mi Suite, MTKDroidTools, AndroidInterface တွေဟာ ဒီ Tool ကို အနှောင့်အယှက်ပေးနိုင်ပါတယ်) ဒါ ကြောင့် Tool ကို မသုံးခင်မှာ ထည့်ပေးထားတဲ့ Killing ADB processes.bat ဖိုင်လေးကို မောင်းပေးရပါမယ်။ ဒါမှမဟုတ် Manual အနေနဲ့ Taskmgr ကနေပြီးတော့ ကိုယ်တိုင်ရှင်းလင်း End Task လုပ်ပေးနိုင်ပါတယ်။
၆။ Virus package တွေကို ခွဲဖို့အတွက် APKTool နဲ့ Aapt, Dexdump အစ ရှိတဲ့ Binary တွေကို သုံးထားပါတယ်။ ဒါကြောင့် Xaoimi Note 3 လို အမြင့်ဖုန်းအချို့မှာ Tool ရဲ့ Scanning Methods မှာပါရှိတဲ့ Use new binary checkbox ကို အမှန်ခြစ်ပေးထားဖို့ လိုပါမယ်။ ပုံမှန်အခြေအနေတွေမှာတော့ အသုံးမပြုသင့်ပါ။
၇။ Tool ကို သုံးပြီး Scan & Clean လုပ်နေစဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် Root Access ပျောက်သွားစေနိုင်ပါတယ်။ အဲဒီအခါမှာ Root ပြန်ဖောက်ပေး ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Vroot, Iroot တို့ကို သုံးတဲ့အခါမှာ တစ်ခါ တည်းထည့်ပေးလိုက်တဲ့ One Key Cleaner, Connection Service တို့က နည်းနည်းအန္တရာယ်များပါတယ်။ ဒါကြောင့် Root ပြီးတာနဲ့ အဲဒါတွေကို ဖျက်လိုက်စေချင်ပါ တယ်။
၈။ Scanning လုပ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ဖုန်း Screen ကို ဖွင့်မထားသင့်ပါ။ ပိတ်ထားတာက ပိုကောင်းပါတယ်။ နောက်ပြီး Scanning လုပ်တဲ့အခါမှာ PC ကိုသာအသုံးပြုမယ်ဆိုရင်တော့ နောက် panel မှာပါတဲ့ USB Port ကိုပဲ အသုံးပြုစေချင်ပါတယ်။ ရှေ့ USB Port တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။ Clean လုပ်တဲ့အခါမှာ လျှင်မြန်တဲ့ Response ကို လိုအပ်လို့ဖြစ်ပါတယ်။ Scanning & Cleaning လုပ်တဲ့အခါမှာလည်း အတတ်နိုင် ဆုံး USB ကြိုးကို မပြုတ်အောင် သတိထားသင့်ပါတယ်။
၉။ တစ်ချို့ဖုန်းတွေမှာ Bloatware တွေကိုလည်း Virus အနေနဲ့ သတ်မှတ်ပြီး ပြနိုင်ပါတယ်။ မဖျက်ဘဲ ချန်ထားနိုင်သလို ဖျက်ရင်လည်း ဘာပြသနာမှ မရှိပါဘူး။
**************************************************************************************
ပုံမှန်အတိုင်း Trial အနေနဲ့ 10 ကြိမ် အခမဲ့အသုံးပြုခွင့်ရပါမယ်။ Trial ကာလ ကုန်ဆုံးသွားခဲ့ရင်တော့ ပေါ်လာတဲ့ Dialogbox ကနေ Serial Key ကို ကူးယူပြီးတော့ Activation Code ကိုဝယ်ယူနိုင်ပါတယ်။
ရသမျှကို ပညာရေးအတွက် လှူမှာမို့ ၀ိုင်းဝန်းပေးကြပါဦးလို့
ဖုန်း Bill နဲ့ ၀ယ်ယူမယ်ဆိုရင် +95 9799936639, +95 9260123565, +95 9979601467 ထဲက တစ်ခုခုကို ဖုန်းဘေ ၁၅၀၀၀ ကျပ်လွှဲပေးပြီး ၀ယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် ဘဏ် Account နဲ့ ၀ယ်မယ်ဆိုရင်တော့
KBZ Bank Account (9991910899974) ဒါမှမဟုတ်
CB Bank Account (0010600500461482) စတဲ့ Bank Account တွေကို ငွေ ၁၀၀၀၀ ကျပ်လွှဲပြီးတော့ ၀ယ်ယူနိုင်ပါတယ်။
နိုင်ငံခြားကနေ သုံးမယ်ဆိုရင်တော့
Visa Card (4687 8500 0021 7588) ကို USD 20 လွှဲပြီးတော့ ၀ယ်ယူနိုင် ပါတယ်။
************************************************************************************************
အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင်လည်း အမြန်ဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားပေးပါ့မယ်။
ဒီ Tool ဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ အောက်ပါ ပုဂ္ဂိုလ်များကို အလေးအနက် ဦးညွတ် ဂါရ၀ပြုပါတယ်။
* Regaw Leinad (Xda Developer)
* Ko Myo Myint Htike (Myanmar Cracking Team)
* Ko Nay Shein Oo
* Ko Aung Khant Myo
* Ko Phyo Nyi Nyi
* Ko Phyo Chan
* Ko Nanda Kyaw (Rogue Spirit)
******************************************************************************
Tool အတွက် manual ရေးနေပါတယ်။ မကြာခင် Upload လုပ်ပေးနိုင်ပါလိမ့်မယ်။
Update 3.1.2 အတွက် ဗဟုသုဓတွေကိုလည်း Post တစ်ခုထပ်တင်ပေးပါ့မယ်။
************************************************************************************************
အားနည်းချက် ချို့ယွင်းချက်တွေ ပါခဲ့ရင်လည်း ဝေဖန်လမ်းညွှန်ပေးကြပါဦး

Post a Comment

0 Comments

Close Menu