Ad Code

Responsive Advertisement

ကမ္ဘာ့နံပါတ် (1) MOBILE CPU အဖြစ် APPLE A9 CPU အားကျော်၍ SNAPDRAGON 820 CPU ဖြစ်လာ



စွမ်းဆောင်ရည်မှုအရ ကမ္ဘာ့နံပါတ် (1)  Mobile CPU အဖြစ် Apple A9 CPU အားကျော်၍ Snapdragon 820 CPU ဖြစ်လာ
***********************************************

ယနေ့ မနက်အစောပိုင်းတွင် XDA website မှ CPU နှင့် GPUစနစ်များ၏ စံ စွမ်းရည်ကို Chipset ပေါ်တွင် run ၍ တိုင်းတာကာ၊ ထွက်ပေါ်လာသော ရလဒ်များကို စာရင်းပြုစုပြီး Graphs နှင့် ဖော်ပြခဲ့ပါတယ်။ ထို စမ်းသပ်မှုများမှ အကောင်းဆုံး CPU နှင့် GPU ၁၀ ခုတို့၏ ရလဒ်များကို Antutu website တွင် စတင်ဖော်ပြထား ပြီဖြစ်ပါတယ်။


Qualcomm company မှ ထုတ်လုပ်ထားသော Snapdragon 820 CPU မှာ 136,383 scored ဖြင့် ပထမ နေရာ တွင် ရပ်တည်ထားနိုင်ခဲ့ကာ၊ Apple ၏ iPhone 6S, 6S plus တွင်အသုံးပြုသော A9 CPU ကတော့ ရမှတ် 132,657 ဖြင့် ဒုတိယ ရရှိခဲ့ပါသည်။ တတိယ နေရာတွင် အာရှဒေသအတွက် ထုတ်လုပ်ထားသော Samsung Galaxy S7 Series တွင် အသုံးပြုထားသော Exynos 8890 CPU မှာ ရမှတ် 129,865 ဖြင့် ရပ်တည် နေတာပဲဖြစ်ပါတယ်။ ထို့နောက် စတုတ္ထ နေရာနှင့် နံပါတ် (၅) နေရာတွင်၊ Huawei ၏ High-End ဖုန်းများတွင် အသုံးပြုထားသော Kirin 950 C{I မှာ ရမှတ် 92,746 နှင့်လည်းကောင်း၊ Samsung ၏ နောက်ထပ် Chipset တစ်ခုဖြစ်သော Galaxy S6 , Note 5 တွင်အသုံးပြုထားသည့် Exynos7420 မှာ ရမှတ် 86,652 ဖြင့် လည်းကောင်း အသီးသီး ရပ်တည်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။




Snapdragon 820 CPU ထက် အရင် ထွက်ခဲ့သော Qualcomm Snapdragon 810 မျိုးဆက်မှာ ရမှတ် 81,049 ဖြင့် နံပါတ်(၆)နေရာကို ရယူထားနိုင်တာပဲဖြစ်ပါတယ်။ ထို့နောက် Snapdragon 652 မှာ ရမှတ် 79,636 ဖြင့် နံပါတ်(၇) နေရာတွင် လည်းကောင်း၊ Apple A8 chipset မှာ ရမှတ် 79,100 ဖြင့် နံပါတ် (၈) နေရာတွင် လည်း ကောင်း၊ Snapdragon 650 မှာ 78,979 ရမှတ်ဖြင့် နံပါတ်(၉) နေရာနှင့် Snapdragon 808 မှာ ရမှတ် 68,505 ရကာ နံပတ် ၁၀ နေရာ တို့တွင် လည်းကောင်း ရှိနေခဲ့ပါတယ်။




Chipset ပေါ်တွင် run ကာ တိုင်းတာသော GPU များ၏ စံရလဒ်များ စာရင်းတွင် Snapdragon 820 နှင့် တွဲကာ စမ်းသတ်ခဲ့သော Adreno 530 GPU မှာ ရမှတ် 55,098 ဖြင့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Apple A9 ၏ PowerVR GT7600 GPU ကတော့ ဒုတိယနေရာတွင် 39,104 ဖြင့် ရပ်တည်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တတိယ နေရာတွင်တော့ ရမှတ် 37,545 ဖြင့် Exynos 8890 နှင့်တွဲဖက် စမ်းသပ် ခဲ့သော Mali-T880 MP12 GPU က ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။


ထို့အပြင် ယခု ရလဒ်များမှာ စမ်းသတ် ချက် နှစ်ခု စလုံးမှ ပျမ်းမျှ ရလဒ်များကို စနစ်တကျ တွက်ချက် ထားခြင်း ဖြစ်ကြောင်းကိုလည်း AnTuTU မှ ဆက်လက်ဖော်ပြခဲ့ပါသည်။ တိုင်းတာချက် နှစ်ခုစလုံး အရ Qualcomm Snapdragon 820 SoC ဟာ အကောင်းဆုံး စွမ်းဆောင်ရည်များဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Snapdragon 820 CPU ကို လက်ရှီတွင် Galaxy S7 ဖုန်းများ LG G5 ဖုန်းများ Xiaomi Mi5 ဖုန်းများတွင် အသုံးပြုထားပါတယ် ။


Credit: Myanmar IT Hub 

Nainglinn

Post a Comment

0 Comments

Close Menu