Ad Code

Responsive Advertisement

♪ 15TB SSD ကို Samsung စတင်ရောင်းချ ♫


15.36TB သိုလှောင်မှုရှိတဲ့ PM1633a hard drive ကို Samsung စတင်ရောင်းချနေပြီဖြစ်ကြောင်း Samsung ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒီ hard drive ဟာ SSD လောကမှာ သိုလှောင်မှုအများဆုံးလည်း ဖြစ်ပါတယ်။
ဒီ 15TB SSD ကို ၅နှစ်တာ ပြန်လည် အသုံးပြုနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒေတာကူးပြောင်းမှုအနေနဲ့ 12GB/s နှုန်းရှိပါတယ်။ ဒီ SSD နဲ့သာဆိုရင် system သိုလှောင်မှုတွေကို သိသိသာသာ တိုးချဲ့နိုင်မှာဖြစ်ကြောင်း Samsung ကဆိုထားပါတယ်။
512 256GB V-NAND memory chips တွေကို ပေါင်းလိုက်ပြီး 512GB package တစ်ခု ကို တည်ဆောက်ဖို့အတွက် အလွှာ ၁၆လွှာထဲမှာ ထည့်သွင်းလိုက်ပါတယ်။ အဲ့ဒီ့ NAND flash packages တွေထဲက ၃၂ခုကို 15.36TB drive ထဲမှာ တည်ဆောက်လိုက်တာပါ။
ဒီလို သိုလှောင်မှုပမာဏရှိတဲ့ hard drive လိုချင်ရင် ခုထိတော့ အဝိုင်းပတ် disk တွေမှာပဲ ရနိုင်သေးတဲ့အတွက် Samsung က အတားအဆီးတွေကို ထပ်မံချိုးဖျက်နိုင်တာပါပဲ။
Ref: bidnessetc

Credit to ==> Digital News

Post a Comment

0 Comments

Close Menu