Ad Code

Responsive Advertisement

♪ ကမ္ဘာ့အပါးလွှာဆုံး 3X OPTICAL ZOOM ကင်မရာပါဝင်သည့် စမတ်ဖုန်း ပြည်တွင်း၌မိတ်ဆက် ♫


ASUS မှ ၅ မီလီမီတာ အထူသာရှိသည့် ကမ္ဘာ့အပါးလွှာဆုံး 3x Optical Zoom ကင်မရာပါဝင်သည့် ASUS အမှတ်တံဆိပ် Zenfone Zoom မော်ဒယ် အပါအဝင် Zenfone 2 Laser, Zenfone Max, Zenfone Selfie, Zenfone Go စသည့် မော်ဒယ်သစ် စမတ်ဖုန်းများကို ပြည်တွင်းဈေးကွက်၌ မတ်လ ၁၆ ရက်က မိတ်ဆက်ခဲ့သည်။


အဆိုပါ Zenfone Zoom စမတ်ဖုန်းတွင် 3x Hoya မှန်ဘီလူးကို ထည့်သွင်းထားပြီး 10 element မှန်ဘီလူးနည်းပညာ၊ လေဆာ Auto-Focus နည်းပညာ၊ Real Tone Flash နည်းပညာ၊ Smart FSI ပုံရိပ်ဆင်ဆာ၊ ပုံရိပ်တည်ငြိမ်ပြတ်သားမှု OIS နည်းပညာများ ထောက်ပံ့ပါဝင်သည့်အတွက် 13 MP ကင်မရာဖြင့်ပင် 52MP super resolution အရည်အသွေးဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားသော တီထွင်မှုတစ်ခုဖြစ်တဲ့ Zenfone 2 နဲ့ ရင်သပ်ရှုမောဖွယ် ပြတ်သားသော ပုံရိပ်များကို နေ့စဉ်မပြတ် မှတ်တမ်းယူ ရိုက်ကူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Zenfone Zoom မှာဆိုရင် သာမန်စမတ်ဖုန်းတစ်လုံးထက် သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်မှုအပြင် DSLR ကင်မရာတစ်လုံးကဲ့သို့ စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါတယ်။ ၅ စင်တီမီတာ ၂ လက်မအကွာက အနီးကပ် Micro အသေးစိတ် ရိုက်ကူးနိုင်မှု ပြုလုပ်နိုင်ရုံသာမက ပရော်ဖက်ရှင်နယ်တစ်ဦးလိုမျိုး Shutter speed ချိန်ညှိခြင်း၊ Exposure Value သတ်မှတ်ခြင်း၊ White Balance၊ ISO နှင့် အခြား Setting တွေ အသုံးပြုရိုက်ကူးနိုင်မှာပါ" ASUS APAC General Manager (System Business Group) မှ Rex Lee က ပြောသည်။

Zenfone Zoom သည် မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိပြီး အမြန်နှုန်း 2.3GHz Quad-core CPU, 4GB RAM, 128GB Internal Memory နှင့် Android OS v5.0 ကို အသုံးပြုထားသည်။ ကင်မရာတွင် 13MP ကျောဘက်ကင်မရာနှင့် 5MP ရှေ့ဘက်ကင်မရာများ တပ်ဆင်ထားပြီး ဘက်ထရီမှာ Li-Po 3000mAH အမျိုးအစားဖြစ်ကြောင်း သိရသည်။

၎င်း Zenfone Zoom ကို တန်ဖိုး ၆၉၉,ဝဝဝ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်၌ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu