Ad Code

Responsive Advertisement

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၇)


(6) Adverbs of completeness (ပြီးပြည့်စုံမှု အတိုင်းအတာပြ ကြိယာဝိသေသနများ)
……………………………………….. 
ဒီ adverb တွေက တစ်စုံတစ်ခုဟာ ဘယ်လို ပြီးပြည့်စုံစွာ ဖြစ်ပွားသလဲ ၊ ဘယ်လောက် မှန်ကန်သလဲ ဆိုတာကို ပြဆိုပါတယ် (These adverbs say how completely something happens or is true.) မတူညီတဲ့ ပြီးပြည့်စုံမှု အတိုင်းအတာ တွေကို စာလုံးအမျိုးမျိုးက ဖေါ်ပြပေးပါတယ် ။
.
Completely, practically, almost, nearly, quite, rather, partly, properly, sort of, kind of, hardly, scarcely စတဲ့ စကားလုံးများ ဖြစ်ပါတယ် ..
ဒီ adverb များကိုတော့ အကူကြိယာများရဲ့နောက်မှာထားရမှာ ဖြစ်ပါတယ်
.
I have /completely/ forgotten your name.
ကျနော် ခင်ဗျားနာမည်ကို လုံးဝ မေ့သွားပြီ
.
It is /practically/ useless to keep.
အဲဒါက သိမ်းထားဖို့အတွက် လက်တွေ့အားဖြင့် အသုံးမ၀င်ပါဘူး
.
We are /almost/ there.
ကျနော်တို့ အဲဒီကို ရောက်လုနီးပါပြီ
.
She is /nearly/ as tall as her father now.
အခု သူမက သူ့အဖေ အရပ်ရှည်သလောက်နီးပါး ရှည်ပါတယ်
.
It is /rather/ cold today. Isn’t it?
ဒီကနေ့ အတော်လေး အေးတယ်နော် ၊ မဟုတ်ဘူးလား
.
It was /quite/ a difficult job.
အဲဒါက လုံးဝကွဲပြားခြားနားတဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ပါတယ်
.
The house is /partly/ ready.
အိမ်က တစ်စိတ်တစ်ပိုင်းအားဖြင့် အဆင်သင့် ဖြစ်ပါပြီ
.
Do you think the repair has been /properly/ done.
ပြင်ဆင်မှုက လုံးဝပြီးစီးသွားပြီလို့ ခင်ဗျား ထင်ပါသလား
.
She is /sort of/ shy.
သူမက ရှက်နေသလိုမျိုးပဲ
.
It was /kind of/ strange to see her again.
သူမကို နောက်တစ်ကြိမ် ပြန်တွေ့ရတာ ထူးဆန်းသလိုမျိုး ဖြစ်နေခဲ့ပါတယ်
.
I could /hardly/ believe my eyes. She looked so different.
ကျနော့်မျက်လုံးတွေကို ယုံဖို့ခက်ခဲနေခဲ့ပါတယ် ၊ သူမကို ကြည့်ရတာ သိပ်ကို ထူးခြားနေခဲ့ပါတယ်
.
There were /scarcely/ a hundred people present.
လူအယောက်တစ်ရာတောင်မှ အနိုင်နိုင် တက်ရောက်ခဲ့ကြပါတယ် (ထောက်ခံပွဲတစ်ခုအကြောင်း)
…………………
အသုံးများတဲ့ Adverb လေးတွေ အကြောင်း ဖြည်းဖြည်းချင်း ထပ်ရေးသွားပါဦးမယ် ၊ နည်းနည်းချင်း ဖတ်သွားပါ ၊ ဒီလိုပဲ စုယူရတာပါပဲ ၊ နောက်ပိုင်းကျ သိတာတွေ တော်တော်များလာမှာ အသေအချာပါ ..
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu