Ad Code

Responsive Advertisement

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၄)



(3) Adverbs of time ( အချိန်ပြ ကြိယာဝိသေသနများ)
Today, in June, last year, finally, before, already, soon, still, last, .. စတဲ့ အချိန်ကိုပြတဲ့ ကြိယာဝိသေသနများ ဖြစ်ပါတယ် ၊ when ဆိုတဲ့မေးခွန်းရဲ့ အဖြေများဟာ time adverb များဖြစ်ကြပါတယ် ၊ သုံးတဲ့နေရာတွေကတော့
(3.1) 
ပုံမှန်အားဖြင့် Time abverb အများစုကို ၀ါကျနောက်ဆုံးမှာ ထားလေ့ရှိပါတယ် 
အခုတလော ကိုယ် မင်းအကြောင်းတွေးနေဖြစ်ခဲ့ပါတယ် ကလေးရယ် ။ 
Eg.. I am going to London (today).
ဒီနေ့ ကျနော် လန်ဒန်ကို သွားမလို့ပါ
(တချို့က going to နောက်မှာ go to ထပ်ထည့်တာတွေလည်း တွေ့ရတတ်ပါတယ် )
.
Eg. I am GOING TO GO OUT with my friends (on Sunday).
တနင်္ဂနွေနေ့မှာ ကျနော့်သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်မယ် 
.............................
(3.2)
Time adverb ကို အသားပေးဖေါ်ပြချင်တာမဟုတ်ရင် ၀ါကျရှေ့ဆုံးမှာထားနိုင်ပါတယ် (Place adv နဲ့ သဘောချင်းတူတယ်)
(Lately) I have been thinking about you baby.
အခုတလော ကိုယ် မင်းအကြောင်းတွေးနေဖြစ်ခဲ့ပါတယ် ကလေးရယ် ။ 
.
ဒီဝါကျမှာ Lately (adv) အခုတလော .. ဆိုတဲ့ အချိန်ကာလကို မှိန်ပြပြလေးပဲ ပြောချင်တာဖြစ်ပြီး သတိရနေတာကို အဓိက ပြောချင်တာမျိုးပါ ။ 
( think about ဆိုတာက ဘယ်လို ဘာကြောင့် စသည်ဖြင့် ကိုယ်ကတွေးယူတာ ၊ think of ကတော့ ကိုယ်တိုင်က မတွေးပဲ အတွေးထဲရောက်လာတာ ၊ အတွေးထဲမှာ နေရာယူသွားတာမျိုးမှာသုံးပါတယ် ၊ အပေါ်က စာကြောင်းမှာ about နေရာ of ပြောင်းသုံးလည်းရပါတယ် )
.........................
(3.3) 
ဟောဒီစာလုံးတွေကိုတော့ verb ရှေ့မှာထားနိုင်တယ်လို့ဆိုပါတယ် ၊ အဲဒါတွေကတော့ finally, eventually (နောက်ဆုံးတွင်တော့) , already, soon, last, just, still .. တို့ ဖြစ်ပါတယ်
..
After a long delay the performance (finally) started.
အကြာကြီးအချိန်တွေကြန့်ကြာပြီးခါမှ နောက်ဆုံးမှာ တင်ဆက်မှုကို စခဲ့တယ်
..
Her constant campaigning (eventually ) got her the position of president.
သူမရဲ့ အစဉ်တစိုက် လှုံ့ဆော်တိုက်ပွဲဝင်ခြင်းက နောက်ဆုံးမှာတော့ သူမကို သမတနေရာ ရစေခဲ့ပါတယ်
( eventually က အချိန်ကြန့်ကြာမှုတွေ အခက်အခဲတွေ အငြင်းပွားမှုတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ .. ဆိုတဲ့သဘောဖြစ်ပါတယ် )
..
They have (already) agreed to come.
သူတို့ လာဖို့ သဘောတူပြီးပြီ
.
We will (soon) be home.
ကျနော်တို့ မကြာခင် အိမ်ကို ရောက်မယ်
.
I (last) saw him in New York two years ago.
ကျနော်သူကို့ နယူးယောက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံး တွေ့ခဲ့ပါတယ်
.
I've (just) seen the newspaper.
ကျနော်သတင်းစာကို မြင်ပြီးရုံလေးပဲ ရှိသေးတယ် (သေချာမဖတ်ရသေး)
.
He is (still ) planning to go tonight.
သူက ဒီနေ့ညသွားဖို့ စဉ်းစားနေတုန်းပါ
အခုဒီနေရာအထိ တင်ပြချက်များဟာ Practical English Usage စာအုပ် စာမျက်နှာ (135) ရှိ ရေးသားချက်များကို ကိုးကားထားပါတယ် ၊ ပိုပြီးပြည့်စုံစေဖို့အတွက် ကျနော့်ရဲ့ အတွေ့အကြုံများကို အင်တာနက် စာမျက်နှာများနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အောက်ပါ အချက်အလက်များကို ဖြည့်စွက်လိုက်ပါတယ် ။
…………………………………………………………………………………………………
(3.4) ၀ါကျတစ်ခုတည်းမှာ Time adverb နှစ်ခုပါခဲ့လျှင် ပိုပြီး တိကျတာ ၊ အသေးစိတ်ကျတာကို ရှေ့ကထားရပါတယ် (If there are two adverbs of time the more precise one is first!)
He is going to have a skiing lesson at 10 a.m. on Monday.
သူက တနင်္လာနေ့ မနက် ၁၀ နာရီမှာ နှင်းလျှောစီးသင်တန်း သွားတက်ဖို့ရှိတယ်
..................
(3.5) Time adverb တွေကို Duration အချိန်အတိုင်းအတာ, Frequency အကြိမ်ရေ, Point of time အချိန်တိတိကျကျ ..ဆိုပြီး ခွဲထားပါသေးတယ် ၊ Adverb of Frequency အပိုင်းမှာ frequency ကို ထပ်ပြောပါဦးမယ် ၊ အခုဒီမှာလည်း ဆက်စပ်သလောက်ကို ပြောသွားခဲ့ချင်ပါတယ် ။ ၀ါကျတစ်ခုတည်းမှာ အဲဒီ သုံးမျိုး ပါခဲ့လျှင် အောက်မှာဖေါ်ပြထားတဲ့အတိုင်းစဉ်ရပါမယ် ( If you need to use more than one adverb of time at the end of a sentence, use them in this order: )
,
1: 'how long' (Duration) အချိန်ဘယ်လောက်ကြာကြာ
2: 'how often' (Frequency) ဘယ်လောက် မကြာမကြာ (ဘယ်နှစ်ကြိမ်)
3: 'when' (Point of time) ဘယ်အချိန် .. စသည်ဖြင့် ဖြစ်ပါတယ် ။
,,
Eg.
She worked in a hospital (1) for two days (2) every week (3) last year.
သူမ မနှစ်က သီတင်းပတ်တိုင်း တစ်ပတ်ကို နှစ်ရက် ဆေးရုံမှာ အလုပ်လုပ်ခဲ့ပါတယ် ။
…………….
မေတ္တာဖြင့်.. 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu