Ad Code

Responsive Advertisement

မရမ်းကုန်းမြို့နယ်တွင် ခရီးသည်ထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်ကို အငှားယာဉ်မောင်းက ဓားထောက်လုယက်


 မရမ်းကုန်းမြို့နယ်တွင် ခရီးသည်ထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်ကို အငှားယာဉ်မောင်းက လုယက်သဖြင့် ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ မတ် ၂

၂၉.၂.၂၀၁၆ရက်နေ့ ၀၂၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးခွန်မိုင်းမိုင်းနောင်သည် ၎င်း၏ သူငယ်ချင်း(၃)ဦးနှင့်အတူ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းမှ သင်္ဃန်းကျွန်းမြို့နယ်သို့ အငှားယာဉ်တစ်စီးအား
ငွေကျပ်(၁၀၀၀၀)ဖြင့် ငှားရမ်းစီးနင်းလာရာ ၎င်းယာဉ်၏နောက်ခန်းတွင် လူငယ်တစ်ဦးမှာလိုက်ပါစီးနှင်းခဲ့ကြောင်း၊ သူငယ်ချင်း(၁)ဦးမှာ ဘူတာရုံလမ်းတွင် လည်းကောင်း၊ တစ်ဦးမှာ လှိုင်မြို့နယ်၊ အောင်ဓမ္မရိမ်သာ လမ်းတွင် လည်းကောင်း ယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြပြီး ကျန်သူငယ်ချင်း(၁)ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ သန္တာလမ်းထိပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်းတစ်ဦးတည်း အဆိုပါ အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘက်သို့ပြန်လာခဲ့စဉ် ယာဉ်မောင်းမှာ သုဝဏ္ဏဘက်သို့ မမောင်းနှင်ဘဲ ဘုန်းကြီးလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်သဖြင့် ဘယ်လမ်းအတိုင်း သွားမှာလဲဟု မေးမြန်ပြီး သံသုမာလမ်းနှင့် ဂန္ဓမာလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်လာစဉ် တောင်ဥက္ကလာပဂေါက်ကွင်း အရောက်၌ ယာဉ်အားအရှိန်လျော့ကာ ယာဉ်မောင်းဖြစ်သူမှ ဓါးကိုင်ကာ ၎င်းအားပါတာ အကုန်ပေးဟု ပြောဆိုပြီး ဓားဖြင့်ထိုးမည်ပြုခဲ့ကြောင်း၊ ထို့နောက် ၎င်းထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူကာ နောက်ခန်းမှလိုက်ပါလာသူလူငယ်အား “ဟေ့ကောင် နောက်ခန်းက ကြိုးယူပြီးကြိုးဖြင့်တုတ်”ဟုပြောစဉ်ကားရှေ့ခန်းတံခါးမှာရုတ်တရုတ်ရက်
ဖွင့်သွားပြီး ယာဉ်မောင်း ဖြစ်သူမှာ အပြင်သို့လွင့်ကျသွားစဉ် ၎င်းမှာ ကားအတွင်းမှ ရုန်းကန်ထွက်ပြေးကာ ပတ်ဝန်းကျင်ရှိ ပြည်သူများအား အကူအညီတောင်းခံပြီး ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြား
ခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါအခင်းဖြစ်နေရာသို့ သတင်းရလျှင်ရခြင်း မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၀၅၂၀ အချိန်တွင် ပြစ်မှုကျူးလွန်သူများ ဖြစ်သော
တာမွေမြို့နယ်နေ တရုတ်(ခ)လှဝင်း (၂၅)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ မြတ်လင်းအောင် (၁၉)နှစ်တို့(၂)ဦးအား မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှ ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Post a Comment

0 Comments

Close Menu