Ad Code

Responsive Advertisement

အသောက်အစားနဲ့ ကား


အမျိုးသမီး - သောက်တတ်သလား။ 

အမျိုးသား - အင်း။ 

အမျိုးသမီး - တစ်နေ့ကို ဘယ်လောက်များ သောက် သလဲ။ 

အမျိုးသား - ခြောက်ပုလင်းပါတဲ့ ပါကင် သုံးပါကင်လောက် သောက်တယ်။ 

အမျိုးသမီး - တစ်ပါကင်ကို ဘယ်လောက် ပေးရသလဲ။ 

အမျိုးသား - ၁၀ ဒေါ်လာလောက်ပေါ့။ 

အမျိုးသမီး - ရှင် သောက်လာတာ ဘယ်လောက်ကြာပြီလဲ။ 

အမျိုးသား - ၁၅ နှစ်။ 

အမျိုးသမီး - တစ်ပါကင်ကို ၁၀ ဒေါ်လာ။ တစ်နေ့ကို သုံးပါကင် ဆိုတော့ တစ်လကို ဒေါ်လာ ၉၀၀။ တစ်နှစ်ဆိုရင် ဒေါ်လာ ၁၀,၈၀၀ ကုန်တယ်။ မှန်တယ် မဟုတ်လား။ 

အမျိုးသား - မှန်တယ်။ 

အမျိုးသမီး - တစ်နှစ်မှာ ဒေါ်လာ ၁၀,၈၀၀ သုံးတယ်ဆိုရင် ဒီ ၁၅ နှစ်အတွင်း ဒေါ်လာ ၁၆၂,၀၀၀
တောင် ရှင် သုံးခဲ့တာပေါ့။ မှန်တယ်မဟုတ်လား။ 

အမျိုးသား - မှန်ပါတယ်။ 

အမျိုးသမီး - တကယ်လို့သာ ရှင်မသောက်ဘူးဆိုရင် ဒီပိုက်ဆံတွေကို အတိုးနဲ့ ဘဏ်မှာ စုထားနိုင်တယ်။ ၁၅ နှစ်ပြည့်လို့ အတိုးရော၊ အရင်းပါ ပေါင်းလိုက်ရင် Ferrari ကား ၀ယ်စီးနိုင်တာ ရှင်သိရဲ့လား။ 

အမျိုးသား - မင်းရော သောက်သလား။ 

အမျိုးသမီး - မသောက်ဘူး။ 

အမျိုးသား - ဒါဆို သောက်ရေးမပါတဲ့ မင်းရဲ့ Ferrari ကား ဘယ်မှာလဲ။

Myanmar Times
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu