နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ
နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အမှန်ကို ပြည်သူများသိစေရန် ဖော်ပြပေးလိုက်ပါသည်။- ကွမ်းခြံကုန်းမြို့ သား အမျိုးသားဂန္ထ၀င်စာရေးဆရာကြီး မင်းသုဝဏ်( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ်၊ ကမာရွတ်မြို့ နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက် သားဖြစ်သည်။- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမက်ဖြစ်သည်။- “ဒလဘန်း”အမည်ဖြင့် သူ၏ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်းရေးသည့် “ အဘဘ၀ အဘအကြောင်း တစေ့တစောင်း” စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့်လက်ရာဖြစ်သည်။- ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။- ၁၉၆၂ အထက(၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်းအောင်မြင်၊- ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊- ၁၉၆၃-၆၈ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာမဟာဘွဲ့  M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြအဖြစ် အလုပ်ဝင်လိုက်သည်။- ၁၉၇၀ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်၊- ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊- ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ - နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။- ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာပညာလေ့လာဆည်းပူး၊- ၁၉၇၄-၇၅ M.Sc Computer Science (RASU)- ၁၉၇၅-၁၉၈၀ ဌာနခွဲမှူး၊အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊- ၁၉၈၀-၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တွင် ပညာသင်ယူ၊- ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်၊- ၂၀၁၂ -ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် Executive Committee Member (အလုပ်အမှုဆောင်အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊
http://www.thithtoolwin.com/2016/03/blog-post_359.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji