ထိုင်းတောင်ပိုင်း ဆေးရုံတရုံကို သေနတ်သမားတွေ ၀င်ရောက်စီးနင်း
၂၀၁၆ မတ်လ(၁၃)ရက် နေ့ ညနေ လေးနာရီ က ထိုင်းနိုင်ငံ နရာသီဝ ပြည်နယ် ကျော်အိုင်ရောင်း မြို့ နယ် ဆေးရုံတရုံကို သေနတ်သမား ၄၀ ကျော် ၀င်ရောက်စီးနင်းခဲ့ကြပြီး ဆေးရုံတွင်းကနေ ထိုင်းစစ်တပ် ဖွဲ့ ဝင်တွေ ကို စိတ်ကြိုက် ပစ်ခတ်တိုက်ခိုက်သွား ခဲ့ကြပါတယ်။ဆေးရုံမှာ ရှိနေတဲ့ လူနာနဲ့  ပြည်သူတွေကို ကျည်ကာလုပ်ပြီး နောက်ကွယ်ကသေနတ်တွေ နဲ့ ပစ်နေတာကြောင့် အကြမ်းဖက် နိမ်နင်းရေး တပ်တွေလည်း ဆေးရုံကိုဝင်ရှင်းဘို့  အခက်တွေ့ နေကြပါတယ်။သေနတ်သမားတွေဟာ ပါတနီ ပြည်နယ် ခွဲထွက်ရေး မူဆလင် သူပုန်တွေဖြစ်ကြပြီး သူတို့ ရဲ့  အစ္စလာမ် ဘာသာရေး အချုပ်အချာ နယ်မြေ ခွဲထွက်ဘို့  လက်နက် ကိုင်တိုက် ပွဲဝင်တဲ့ နှစ်ပါတ်လည်နေမှာခုလို ထိုင်းနိုင်ငံဆေးရုံတရုံကို ၀င်စီးခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံတွင်းကနေ ထိုင်းစစ်တပ်ကို စိတ်ကြေနပ်အောင် ပစ်ပြီး တောတွင်းပြန်ဆုတ်ခွာသွားခဲ့ကြပါတယ် ၊ ထိုင်းစစ်တပ်ကခွဲထွက်ရေးသူပုန်တွေကို တယောက်မှ အသေ-အရှင် မဖမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။ရုပ်သံ .thaipbsSocial Action for Women - SAW
http://www.thithtoolwin.com
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji