Ad Code

Responsive Advertisement

အရွယ်မရောက်သေးသော အဋ္ဌမတန်းကျောင်းသူ စုံတွဲချိန်းတွေ့ရာမှ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခံရ


Tuesday, 01 March 2016

တိုက်ကြီးမြို့ ဗောဓိကုန်းရပ် ကွက် ဗောဓိကုန်း(၃)လမ်းနေ ဖခင်ဖြစ်သူ ဦးမောင်မောင်ကြည် နေအိမ်တွင်ရှိနေစဉ် ဖေဖော်ဝါရီ ၂၉ရက် ညနေ ၅နာရီခွဲက သမီး ဖြစ်သူ မ---(၁၅နှစ်)သည် တိုက် ကြီးမြို့ထဲသို့ စက်ဘီးဖြင့် ထွက်ခွာ သွားပြီး ညနေ ၆ နာရီခွဲမှ ပြန် လည်ရောက်ရှိလာ၍ မေးမြန်းရာ သမီးဖြစ်သူ မ---သည် လွန်ခဲ့ သော နှစ်လခန့်က သမီးရည်းစား ဖြစ်ခဲ့သော တိုက်ကြီးမြို့ အထက (ခွဲ)မြို့မ အဋ္ဌမတန်း(E)တွင် တစ်ခန်း တည်းအတူ ကျောင်းတက်နေသည့် မောင်ဟိန်းထက်ဇော်(ခ)ဘဲခေါင်း နှင့် တိုက်ကြီးမြို့ ဗောဓိကုန်း ရပ်ကွက် ကိုးနဝင်းဘုန်းတော်ကြီး ကျောင်းအနီး ကုန်သွယ်လယ်ယာ ဆန်ဂိုထောင်ထဲတွင် ချိန်းတွေ့ကြစဉ် မောင်ဟိန်းထက်ဇော်(ခ)ဘဲခေါင်း က အတင်းအဓမ္မ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောပြ၍သိရသဖြင့် ရပ်မိရပ်ဖ ဦးမင်းနိုင်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးအောင်မင်းတို့အား အကြောင်း ကြားခဲ့ပြီး အလိုမတူဘဲ အတင်း အဓမ္မသားမယားပြုကျင့်သူ မောင် ဟိန်းထက်ဇော်(ခ) ဘဲခေါင်းကို အရေးယူပေးပါရန် တိုက်ကြီးမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းဟန် က ပ(၁၂၇/၂ဝ၁၆) ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
http://uniondaily.net

Post a Comment

0 Comments

Close Menu