Ad Code

Responsive Advertisement

ရေရှားပါးလို့ မဲခေါင်မြစ်ရေကို ထိုင်းက စုတ်ယူ

မဲခေါင်မြစ်ရေကို ထိုင်းက ရေစုတ်စက်နဲ့ စုတ်ယူနေ (Credit: ABC)


နှစ်ပေါင်း ​တစ်ရာ ​နီးပါးအတွင်း ​ထိုင်းနိုင်ငံမှာ ​မိုးခေါင် ​ရေရှားမှုတွေ ​ဖြစ်ပေါ်နေတဲ့အတွက် ​မဲခေါင်မြစ်ရေးကို ​ထိုင်းအာဏာပိုင်တွေက ​စုတ်ယူနေတုန်းမှာပဲ ​မြစ်အောက်ပိုင်းက ​ဗီယက်နမ်လို ​နိုင်ငံတွေက ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ထိုင်းနိုင်ငံ ​အစိုးရက ​မဲခေါင်မြစ်ရေကို ​စုတ်ယူပြီး ​Huai ​Luang ​မြစ်ရေထဲ ​ထည့်သွင်းနေတာ ​ဖြစ်ပါတယ်။
ရေစုတ်စက် ​လေးခုနဲ့ ​စုတ်ယူနေတာဖြစ်ပြီး ​ရေစုစုပေါင်း ​သန်းပေါင်း ​၄၇ ​ကုဗိမီတာကို ​စုတ်ယူမှာ ​ဖြစ်ပါတယ်။


ရေရှားပါးမှု ​ပြဿနာကို ​ယာယီဖြေရှင်းတဲ့အနေနဲ့ ​လုပ်ဆောင်တာ ​ဖြစ်ပြီး ​လာမယ့် ​၂ ​နှစ်အတွင်းမှာ ​အကြီးစား ​ရေစုတ်စက်တွေနဲ့ ​စုတ်ယူနိုင်အောင် ​စီစဉ်နေပြီလို့လည်း ​သိရပါတယ်။
မဲခေါင်မြစ်ရေဟာ ​၁၉၂၆ ​ခုနှစ်ကစပြီး ​အရှားပါးဆုံး ​အခြေအနေကို ​ရောက်ရှိနေတာကြောင့် ​ထိုင်းအစိုးရရဲ့ ​လုပ်ရပ်ကို ​မြစ်အောက်ပိုင်းက ​ဗီယက်နမ်နိုင်ငံက ​စိုးရိမ်မကင်း ​ဖြစ်နေပါတယ်။


ထိုင်းအစိုးရကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မဲခေါင်တစ်ခုလုံး ​ထိခိုက်မှုရှိအောင် ​လုပ်မှာ ​မဟုတ်တဲ့အတွက် ​ဗီယက်နမ်ဘက်က ​အထင်လွဲနေတာလို့ ​တုန့်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ ​တချို့ဒေသလိုပဲ၊ ​ထိုင်း၊ ​ဗီယက်နမ်၊ ​လာအိုနဲ့ ​တခြား ​အရှေ့တောင် ​အာရှနိုင်ငံတွေမှာ ​ရေရှားပါးမှုတွေ ​ဖြစ်ပေါ်နေပါတယ်။


လာအိုနဲ့ ​ဗီယက်နမ်နိုင်ငံတို့ကလည်း ​တရုတ်နိုင်ငံမှာ ​လှောင်ထားတဲ့ ​မဲခေါင် ​မြစ်ရေတွေကို ​လွတ်ချပေးဖို့ ​တောင်းဆိုလာတဲ့အတွက် ​တရုတ်အစိုးရက ​လွတ်ပေးဖို့ရှိပြီး ​ဧပြီလ ​၁၀ ​ရက်နေ့အထိ ​ရေတွေ ​လွတ်ချပေးမယ်လို့ ​သိရပါတယ်။


မဲခေါင်မြစ်ဝှမ်းဒေသကို ​ဗီယက်နမ်ရဲ့ ​စပါးကြီးလို့တောင် ​တင်စားကြပေမယ့် ​အခုအခါမှာ ​ပင်လယ်ရေ ​မြင့်တက်လာမှုတွေကြောင့် ​မဲခေါင် ​မြစ်ဝှမ်းဒေသမှာ ​ဆားငံရေတွေ ​ပိုများလာနေပြီး ​စိုက်ပျိုးရေးမှာ ​အခက်အခဲ ​ဖြစ်နေရပါတယ်။


အခုလောလောဆယ် ​မိုးခေါင်ရေရှားမှုတွေကြောင့် ​စပါးစိုက်ခင်း ​ဟက်တာပေါင်း ​တစ်သိန်းကျော်မှာ ​စိုက်ပျိုးလို့ ​မရတော့တဲ့ ​အခြေအနေရှိနေတဲ့အတွက် ​စပါးတွေ ​ရှားပါးမယ့် ​အနေအထားနဲ့လည်း ​ကြုံတွေ့နေရတာ ​ဖြစ်ပါတယ်။

 

ABC Burmese
http://www.winkabarkyaw.net/2016/03/blog-post_37.html

Post a Comment

0 Comments

Close Menu