Ad Code

Responsive Advertisement

ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအမှန်ကို ပြည်သူများသိစေရန် ဖော်ပြပေးလိုက်ပါသည်။



ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအမှန်ကို ပြည်သူများသိစေရန် ဖော်ပြပေးလိုက်ပါသည်။
**********************************************************************
ဒုတိယသမ္မတအဖြစ် ရွေးချယ်ခြင်းခံရသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အမှန်ကို ပြည်သူများသိစေရန် ဖော်ပြပေးလိုက်ပါသည်။

- ကွမ်းခြံကုန်းမြို့ သား အမျိုးသားဂန္ထ၀င်စာရေးဆရာကြီး မင်းသုဝဏ်
( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ်၊ ကမာရွတ်မြို့ နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက် သားဖြစ်သည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမက်ဖြစ်သည်။

- “ဒလဘန်း”အမည်ဖြင့် သူ၏ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်း
ရေးသည့် “ အဘဘ၀ အဘအကြောင်း တစေ့တစောင်း” စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့်လက်ရာဖြစ်သည်။

- ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။

- ၁၉၆၂ အထက(၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်းအောင်မြင်၊

- ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊

- ၁၉၆၃-၆၈ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာ
မဟာဘွဲ့  M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြအဖြစ် အလုပ်ဝင်လိုက်သည်။

- ၁၉၇၀ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်၊

- ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊

- ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ - နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။

- ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာပညာလေ့လာဆည်းပူး၊

- ၁၉၇၄-၇၅ M.Sc Computer Science (RASU)

- ၁၉၇၅-၁၉၈၀ ဌာနခွဲမှူး၊အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊

- ၁၉၈၀-၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊

- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တွင် ပညာသင်ယူ၊

- ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်၊

- ၂၀၁၂ -ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် Executive Committee Member (အလုပ်အမှုဆောင်အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊ Daw Khin Kyi Foundation ပြန်လည်မျှဝေပေးပါတယ်















လေးစားလျှက်
Martin Swe
12-03-2016
Martin Swe Facebook မှ ကူးယူဖော်ပြသည်။
https://www.facebook.com/media/set/?set=a.599961070160029.1073742021.100004384233647&type=3

Post a Comment

0 Comments

Close Menu