Ad Code

Responsive Advertisement

တရုတ်ငွေကြေး ကျဆင်းမှုကြောင့် မန္တလေးပဲဈေး ကျဆင်းနေ


မန္တလေး မတ် ၂၁

တရုတ်ငွေကြေးဈေးနူန်း ကျဆင်းမှုကြောင့် ယခုလအစောပိုင်းကစတင်ပြီး မန္တလေးကုန်စည်ဒိုင်များတွင် ပဲမျိုးစုံဈေးနှုန်းကျဆင်းခဲ့ကြောင်း မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ထံမှသိရသည်။

လတ်တလောဈေးနှုန်းကျဆင်းနေသည့် ပဲတီစိမ်း၊ အနီလုံးဆံ၊ မြေပဲစွမ်းလုံးဆံအစရှိသောပဲမျိုးစုံတို့ကို အထူးသဖြင့် တရုတ်ပြည်ဘက်က အဓိက၀ယ်ယူ နေခြင်းဖြစ်ပြီး ယခုလိုဈေးနှုန်းကျဆင်းနေသည့်အတွက် ပဲကုန်သည်များအရှုံးနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုန်သည်များဘက်ကပြောသည်။


“တရုတ်ငွေဈေးကျတဲ့အခါ အရောင်းအ၀ယ်စကားပြောပြီးမှ ၀ယ်ပြီးသားတွေ ဒီအတိုင်းပဲပစ်သွားတတ်ကြတာမျိုးရှိတယ်၊ ငွေအကြေချေထားတာ မဟုတ်တော့ ကုန်သည်ဘက်ကနစ်နာတာပေါ့” ဟု ပွဲရုံပိုင်ရှင်ကိုထွန်းနိုင်ကပြောသည်။

၂၀၁၆ ခုနှစ်ဖေဖော်ဝါရီတစ်လလုံး ဈေးကောင်းရခဲ့သော်လည်း ယခုလအစောပိုင်းမှစတင်ကာ တရုတ်ငွေဈေးကျဆင်းမှုဂယက်ကြောင့် ဈေးကွက်ပျက် ခဲ့ရပြီး အကျိုးဆက်အနေနှင့် သီးနှံစိုက်တောင်သူများအခက်အခဲများစွာကြုံတွေ့နေရကြောင်းလည်း တောင်သူတစ်ချို့ထံကသိရသည်။

“ပြည်ပပို့ကုန်သီးနှံတွေဆိုတာက ငွေဈေးတည်ငြိမ်မှုအပေါ်မှာမူတည်ပြီး ဈေးကောင်းရတယ်မရဘူးဖြစ်နေတာပါ၊ ငွေဈေးမတည်ငြိမ်ရင်အခက်အခဲတွေ ဖြစ်ရတယ်၊ ဈေးကောင်းမရဘူးပေါ့ဗျာ၊ ဒါကြောင့်မို့လို့တရုတ်ငွေဈေးတည်ငြိမ်စေလိုပါတယ်၊ နို့မိုဆိုရင် တရုတ်ဈေးကွက်အားထားနေရတဲ့သီးနှံတွေ ဈေးကွက်ပျက်တာမျိုးနဲ့ခဏခဏကြုံနေရမှာပဲ၊ ရေရှည်ဆိုစိတ်ပျက်ပြီးအလုပ်ပြောင်းသွားနိုင်တယ်” ဟု ပဲစိုက်တောင်သူဦးမောင်မြင့်ကဆိုသည်။

ယခင်က ပဲတီစိမ်းတစ်တန်လျှင် တစ်သိန်းတစ်သောင်းနှစ်ထောင်မှတစ်သိန်းတစ်သောင်းသုံးထောင်အထိဈေးပေါက်ခဲ့ပေမယ့်လည်း မတ် ၁၀ ရက် ပေါက်ဈေးအရ တစ်သိန်းရှစ်ထောင်ကျပ်အထိထိုးကျခဲ့ကြောင်းသိရသည်။

ကျော်ထွေး
china.com Myanmar
http://myanmar.china.com
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu