Ad Code

Responsive Advertisement

အလုပ်ကြမ်းသမားရုပ်နဲ့ သမ္မတလုပ်မယ့်သူ

Sanda Zaw Teet added 4 new photos — with သာသနာနွယ် သာသနာနွယ် and 2 othersat Shweman Monastery.
အလုပ်ကြမ်းသမားရုပ်နဲ့ သမ္မတလုပ်မယ့်သူ
*********
သမ္မတဖြစ်မယ့်သူရဲ့ ဥပဓိရုပ်ကိုလည်း ကြည့်ပါဦး။
မဲပြောင်နေတာပါပဲ။
ကဲ့ရဲ့မယ်ဆိုလည်း ကဲ့ရဲ့စရာပဲလေ ရုပ်ကိုက အဲဒီလိုပြောစရာဖြစ်နေတာကိုး။
ဒီလူကြီးက မဲပြောင်နေမှာပေါ့ အားနေ နေပူမရှောင် မိုးရွာမရှောင် သွားလာနေတာကိုး။
လုပ်ရတဲ့အလုပ်ကလည်း နေ့မအား ညမနား။ သွားလာရတာကလည်း ပင်ပင်ပန်းပန်း လှည်းတစ်တန် လှေတစ်တန်နဲ့ ခရီးကြမ်းတွေလျှောက်သွားနေတာကိုး။
ရေဘေးသင့်ပြီဆိုလည်း သူ အရောက်သွားတာပဲ မီးဘေးဆိုလည်း သူ ရောက်အောင်သွားတာပဲ ဒော်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ တာဝန်ခံလည်းဖြစ် လူထုခေါင်းဆောင်ရဲ့ စိတ်ချရတဲ့သူလည်းဖြစ်တော့ ဘယ်နားရပါ့မလဲ။အမြဲ လှုပ်ရှားသွားလာနေရတာပေါ့။
တိုင်းသူပြည်သား ဘေးဒုက္ခသည်အမျိုးအမျိုးတွေရဲ့အရေး ဖောင်ဒေးရှင်းကြီးရဲ့အရေး နိုင်ငံ့အရေးတွေအတွက် ဒီလူကြီး နေပူမရှောင် မိုးရွာမရှောင် အလုပ်ကြမ်းတွေလုပ်နေရတော့ အလုပ်ကြမ်းသမားရုပ်ပဲ ပေါက်တော့မှာပေါ့။ တကယ့် အလုပ်ကြမ်းသမားကြီး ဘာအကျိုးအမြတ်မှမရဘဲနဲ့ ဒီအသက်အရွယ်အထိ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘဝတစ်ခုလုံးကိုရင်းထားခဲ့တဲ့ လူကြမ်းကြီးပါ။
တခြားအချောင်သမားလူကြီးတွေလို ဟန်ရေးပြလေးသွားလာပြီး အချောင်နေ အချောင်သွား အချောင်စားနေတဲ့သူတွေလိုတော့ ဘယ်လိုလို့ ဝင်းသန့်နေပါ့မလဲ။
ဒာပေမယ့် စိတ်ချပါ ဒီလူကြီး သမ္မတနေရာရောက်လို့ကတော့ အခုလက်ရှိသမ္မတထက်တောင် ပိုမို ခန့်ငြားလာပါလိမ့်မယ်။ တခြားအရာတွေကြောင့် မဟုတ်ရင်တောင် သူ့ရဲ့ ကိုယ်ကျင့်တရား စိတ်ကောင်းစိတ်မြတ်တွေကြောင့် ပိုမို ခန့်ငြားလာပါလိမ့်မယ်။
အပေါ်ယံကို ကြည့်ပြီးဝေဖန် လေကန်နေကြတဲ့ အောက်တန်းစားတွေ ပစ်မှားနေကြရင် အကုသိုလ်များကုန်မှာစိုးလို့ ဒီစာလေးရေးလိုက်တာပါ။
ဦးထင်ကျော်
=========
(၁၉၆၂-၆၃)
ရန်ကုန်တက္ကသိုလ်
(၁၉၆၆-၆၇)
စီးပွားရေးပညာဘွဲ့၊ B.Eco
(၁၉၆၈)
M.Eco (part 2- တက်ရောက်စဉ် တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)
(၁၉၇၀)
University of Computer Centre သို့ ပြောင်းရွှေ့ပညာသင် (Programmer / Analyst)
(၁၉၇၄-၇၅)
M.Sc., Computer Science (RASU)
(၁၉၇၅)
ဌာနခွဲမှူး ( အကြီးစားစက်မှုလုပ်ငန်း)
(၁၉၈၀-၁၉၉၂)
နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)
(၁၉၉၂)
ဒုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်
==============================
၁၉၇၁-၇၂
Institute of Computer Science, University of London
၁၉၇၄
Asia Electronic Union, Tokyo
၁၉၈၇
Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့
Now
Daw Khin Kyi Foundation တွင် စတင်တည်ထောင်စဉ်မှ ယနေ့အထိ Executive Committee Member, အလုပ်အမှုဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိ
အမှန်တကယ်ကို ပြောင်းလဲနိုင်ခဲ့လို့ ဝမ်းသာမိပါသည်။

Post a Comment

0 Comments

Close Menu