Ad Code

Responsive Advertisement

သီရိမင်္ဂလာဈေးတွင် ဗိုလ်ကျအနိုင်ကျင့်ပြီး ထွက်ပြေး နေတဲ့ လူဆိုးလူမိုက်တွေကို ပစ်ခတ်ဖမ်းဆီး


လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဗိုလ်ကျအနိုင်ကျင့်ပြီး ပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသော လူဆိုးလူမိုက် စန်းဦးနှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၉ မမ ပစ္စတိုသေနတ်တစ်လက်နှင့် ယင်းကျည် ၅၂ တောင့်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူတို့အပေါ် ဗိုလ်ကျအနိုင် ကျင့်ပြီး ရာဇဝတ်မှုများ ကျူးလွန်သည့် လူဆိုးလူမိုက်များအား ဖမ်းဆီးအရေး ယူရန် အထူးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက် နံနက် ၄ နာရီတွင် ဆိုးသွမ်းရမ်းကားနေသော လူဆိုးလူမိုက်များ နယ်မြေအတွင်း လှုပ်ရှားနေကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် တွံတေးမြို့နယ် ရန်ကြီးကျေးရွာလမ်းတွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် ၁ဲ-----ဆလွန်းအမျိုးအစားခဲရောင်မော်တော်ယာဉ်အား မောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် ပိတ်ဆို့ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်မှာ နောက်ဆုတ်ပြီး ထွက်ပြေးမည်ပြုစဉ် ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်၏ဘီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်မှာရပ်တန့်သွားခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် တွံတေး မြို့နယ်နေသူများဖြစ်သည့် စန်းဦး(၄၄)နှစ်၊ ငြိမ်းချမ်းကို(၂၅)နှစ်၊ မျိုးသက်နိုင် (၃၁)နှစ်နှင့် ကိုကိုမောင်(၃ဝ)နှစ်တို့နှင့်အတူ မော်တော်ယာဉ်၏ခေါင်းခန်း အတွင်းရှိ ခါးပတ်အိတ်အတွင်းမှ ကျည်ငါးတောင့်အသင့်ထည့်ထားသည့် ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ အိတ်အတွင်းမှ ယင်းကျည် ၄၇ တောင့် တွေ့ရှိပြီး ယာဉ်နောက်ခန်းအတွင်း အရိုးအသွား ၁၆ လက်မခွဲခန့်ရှိ ဓားမြှောင် နှစ်ချောင်း၊ အရိုးအသွား ၁၆ လက်မရှိ ဘက်နက်တစ်ချောင်းနှင့် ¤င်းတို့ အသုံးပြုသည့် လက်ကိုင်ဖုန်း သုံးလုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ယင်းသို့ ဖမ်းဆီးရမိခဲ့သူစန်းဦးနှင့် ငြိမ်းချမ်းကိုတို့မှာ တွံတေးမြို့မရဲစခန်း (ပ)၂ဝ၅/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၉၄/၄၂၇/၃၃၆/၅ဝ၆/၁၁၄ အမှုမှ တရားခံပြေးများဖြစ်သည့်အပြင် စန်းဦးမှာ လှိုင်မြို့နယ် သီရိမင်္ဂလာ ဈေးတွင် အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ဦးဖြစ်ပြီး ပိတောက်ချောင်းနယ်မြေ ရဲစခန်း (ပ)၁၅၆/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၆/၁ဝ၉/၁၁၄ အမှုမှ တရားခံပြေး တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးရမိသော စန်းဦးပါ လေးဦးတို့အား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူတို့ စိုးရိမ် ကြောက်ရွံ့နေရသော လူဆိုးလူမိုက်များအား အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Post a Comment

0 Comments

Close Menu