Ad Code

Responsive Advertisement

လာရောက်ရေကစားသူများနှင့် အမြဲတမ်းစည်ကားနေတဲ့ စက်စဲကမ်းခြေအလှ နှင့် ကမ်းခြေဖြစ်ပေါ်လာပုံ တစေ့တစောင်း...


စက်စဲဆိုတာ ကမ်းခြေနေရာက ရွာအနောက်ဘက်မှာ တံငါသည်တွေရဲ့ လုပ်ငန်းခွင်စစ်ဆေးတဲ့ ကမ်းခြေပါ။ ထိုကမ်းခြေနေရာကို စက်စဲကွင်းဟု ခေါ်ပါသည်။ နောက်ပိုင်းမှာ စက်စဲကွင်းအစား ရွာနာမည်ကို အစွဲပြုပြီး စက်စဲဟု ခေါ်ရာမှ စက်စဲကမ်းခြေဟု မည်တွင်လာခြင်းဖြစ်သည်။ ထိုကမ်းခြေက မူလတံငါသည်များ လုပ်ငန်းခွင်ဝင်ရာ ကမ်းခြေသာဖြစ်ပြီး ဒေသခံများ သွားလာရေကစားရာမှ အစပြုကာ ၁၉၉၀ ပြည့်နှစ်လွန်လာလျင် လူသိများခဲ့သည်။ လူသိများလာသည်နှင့် အမျှ ကမ်းခြေပွဲတော်များ ကျင်းပခဲ့သည်။ ပထမအကြိမ် ကမ်းခြေပွဲတော်ကို မြန်မာ့ခရီးသွားနှစ် အထိမ်းအမှတ်အဖြစ် ၁၉၉၆ ခုနှစ်၌ ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ကမ်းခြေပွဲတော်ကို ၂၀၀၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည်။ အစည်ကားဆုံးသော ပွဲတော်ကို ၂၀၁၄ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့မွန်ပြည်န ယ် နေ့မှ (၂၁)ရက်နေ့ထိ ကျင်းပခဲ့သည်။
ထိုတတိယအကြိမ်ပွဲတော်တွင် အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ မီးပုံးပျံလွှတ်ပွဲများ၊ ဈေးပွဲတော်များအပြင် မွန်ပြည်နယ်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ အား ဆုချီးမြှင့်ခြင်းနှင့်အတူ စက်စဲကမ်းခြေ၏ ပထမဦးဆုံး အဆင့်မြင့်ဟိုတယ် ဖြစ်သော 21 Paradise Hotel Setse Beach ကိုပါ ဖွင့်လှစ်ခဲ့သည်။ စက်စဲ ကမ်းခြေသည် အလျား ၂မိုင်ရှည်လျားပြီး ရေလှိုင်းများ အစဉ်လှုကြွလျက်ရှိသည်။ စက်စဲကမ်းခြေသည် တစ်နှစ်ပတ်လုံး ရေကစားသူများနှင့် စည်ကားလျက်ရှိသည်။ အထူးသဖြင့် သီတင်းကျွတ်လမှစပြီး ကဆုန်လအထိ အစည်ကားဆုံး ဖြစ်သည်။ စက်စဲကမ်းခြေသည် ယခုအခါ အပန်းဖြေစရာအကောင်းဆုံးနှင့် တည်းခိုစရာအဆင့်မြင့်ဟိုတယ်လည်းရှိပါသောကြောင့် ဥာဏ်တော် အတောင် ၄၀ ပြည့် ကျိုက်စောဆံတော်ရှင်စေတီခေါ် စက်စဲရေလယ်ဘုရားကိုလည်း သွားရောက်ဖူးမျှော်နိုင်ပါသည်။ သတိပြုရန်မှာ စက်စဲရေလယ်ဘုရားသို့ ရေတက်ချိန်တွင် သွားရောက်ဖူးတွေ့မရပါ။ ရေကျချိန်တွင်သာ သွားရောက်ဖူးမျှော် နိုင်ပါသည်။ အထူးသဖြင့် လပြည့်ရက်နှင့် လကွယ်နေ့၌ မနက်အာရုံဦး လင်းချိန်တွင်သွားရောက်ဖူးမျှော်နိုင်ပါသည်။ ဧက၀က်နီးပါး ကျယ်ဝန်းသော စက်စဲဘုရား ပရ၀ဏ်အတွင်း၌ စိတ်ချမ်းမြေ့စွာ အနားယူရင်း သာယာသော ရှု့ခင်းများကို ကြည့်ရှု့နိုင်ကြောင်း သတင်းကောင်းပါးရင်း လမ်းညွှန်လိုက်ပါသည်။

Photo credit to original owners





 











Post a Comment

0 Comments

Close Menu