Ad Code

Responsive Advertisement

ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး မီးရှို့မှုဖြစ်

ဓာတ်ပုံ - dailytimes.com.pk
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မတ်လ ၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမိန်းကလေးဟာ နယူးဒေလီမြို့အနီး နိုရီဒါမြို့၊ တီဂရီကျေးရွာက သူ့မိဘတွေပိုင်တဲ့ ၂ ခန်းတွဲ တိုက်ခေါင်မိုးထပ်ပေါ်မှာ အဓမ္မပြုကျင့်ပြီး မီးရှို့ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။
မီးလောင်ဒဏ်ရာတွေကြောင့် အဲဒီမိန်းကလေးရဲ့ ခန္ဓာကိုယ် နေရာတော်တော်များများမှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ အရေးပေါ်ကုသမှု ခံနေရတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
ရဲတွေရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မိန်းကလေးရဲ့ မိဘတွေဟာ အဲဒီနေ့မနက် အရုဏ်တက်ချိန်မှာ ခေါင်မိုးထပ်အခန်းမှ အော်ဟစ်အကူအညီတောင်းသံ ကြားခဲ့ရပြီးနောက် သမီးဖြစ်သူကို မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရဲအရာရှိ ရာဒရမ်ဆင်းက မိန်းကလေးကို အဓမ္မပြုကျင့်ပြီး မီးရှို့ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ကလေးသူငယ်နဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံနေရတဲ့ အမှုတွေထဲက တခုဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

Post a Comment

0 Comments

Close Menu