Ad Code

Responsive Advertisement

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်၌ အောင်ပြည့်စုံခရီးသည်တင်ယာဉ် မီးလောင်


မင်းပြား မတ် ၁၃

မတ် ၁၃ ရက် နံနက် ၁ဝ နာရီခန့်က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ် မိုင်တိုင်အမှတ်(၈၅/၄)နှင့် (၈၅/၅)အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြက်ယက် ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များတင်ဆောင်ကာ ယာဉ် မောင်း ဦးရဲမင်းထွန်း မောင်းနှင်လာသည့် အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်ဖြစ်ကြောင်း မင်းပြားမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ သိရသည်။

အောင်ပြည့်စုံခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၁၅ ဦးလိုက်ပါလာ ကြောင်း၊ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ကားနောက်ခန်း အင်ဂျင်ခန်း ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ရခြင်းဖြစ် ပြီး ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း ယာဉ်နှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအားလုံး မီးလောင်ဆုံးရှုံးသွား ကြောင်း မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သတင်း ရရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu