Ad Code

Responsive Advertisement

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားကိစ္စ‬ တတိယပိုင်း

Felix Soe added 5 new photos — with တွဲ လက်ညီ and 10 others.
၁။ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမား(မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား)များကို သက်တမ်း(၂)နှစ် ရှိသော ပန်းရောင်ကဒ်(ဘတ်ကဒ်)အသစ်ထပ်မံထုတ်ပေးလိမ့်မည်။ (အထောက်အထားမဲ့(ခိုးဝင်/တောင်ကျော်) များမပါဝင်ပါ။)
၎င်းပန်းရောင်ကဒ်အသစ်ကို လျှောက်ထားခွင့်ရှိသူများမှာ.........
၁) ၃၁-၃-၂၀၁၆ ရက်နေ့ တွင်သက်တမ်းကုန်မည့် ပန်းရောင်ကဒ်ကိုင်ဆောင်သူများ၊
၂) ၄ နှစ် ၆ နှစ် သက်တမ်း ယာယီနိုင်ငံကူးလက်မှတ် အနီရောင်၊ ခရမ်းရောင် စာအုပ်ကိုင်ဆောင်သူများ၊
၃) အသက်(၁၈)နှစ်မပြည့်သေးသော ရွှေ့ပြောင်းအလုပ်သမား၏ မှီခိုသူ သား/သမီးများ၊
* MOU ဖြင့်ဝင်ရောက်လာသူများနှင့် (ပန်းရောင်ကဒ်ရရှိထားသည့်) ရေလုပ်သား၊ ပင်လယ်စာကုန်ချော လုပ်ငန်းလုပ်သားများ(ရေကဒ်များအားလုံး)မပါဝင်ပါ။
*အချိန်ကာလ*
ပန်းရောင်ဘတ်(ဘတ်ကဒ်)အသစ် လျှောက်ထားရမည့် အချိန်မှာ ၁-၄-၂၀၁၆ ရက်နေ့မှ ၂၉-၇-၂၀၁၆ ရက်နေ့အထိ ရက်ပေါင်း(၁၂၀)အတွင်းဖြစ်သည်။
*နေရာဒေသ*
ယခင်ဘတ်ကဒ်ထုတ်ပေးသကဲ့သို့ ‪#‎One‬ Stop Service Center - OSS (၀မ်းစတော့ဆားဗစ်စင်တာ)ဖွင့် မည်ဖြစ်ပြီး နေရာများကိုအတိအကျ သတ်မှတ်ရခြင်းမရှိသေးပါ၊ ဗန်ကောက် မြို့တွင်(၄)နေရာဖွင့်မည်ဟု အကြမ်းဖျဉ်းသိရှိရပါသည်။
*ဆောင်ရွက်မည့်ပုံစံ*
၁) ယခင်ဘတ်ကဒ်လုပ်စဉ်ကအတိုင်း ဆေးရုံ၊ ဆေးခန်း တစ်ခုခုတွင် ဆေးစစ်/ကျန်းမာရေးအာမခံ လုပ် ရမည်။ ဘတ်ကဒ်ထုတ်ရန် အဆင်ပြေသည့် မိမိနှင့်အနီးဆုံး ၀မ်းစတော့ဆားဗစ်စင်တာ ကိုစဉ်းစားထားပါ။
၂) ၄င်းကျန်းမာရေးဆေးစစ်ထားသော စာရွက်နှင့်အတူ မိမိကိုင်ဆောင်ထားသည့် အထောက်အထားများ ယူပြီး မိမိနှင့်အနီးဆုံး ‪#‎Counter‬ Service ကောင်တာဆားဗစ် တွင် ငွေပေးသွင်းရမည်။ (၂၄ နာရီ အချိန် မရွေးပေးသွင်းနိုင်သည်) မိမိဘတ်ကဒ် ထုတ်ယူလိုသည့် ၀မ်းစတော့ဆားဗစ်စင်တာကို သတ်မှတ်ပေးရ မည်။ ပါမစ်ကြေး (၂)နှစ်စာ ဘတ် (၁၉၀၀)နှင့် ကောင်တာဆားဗစ် ၀န်ဆောင်ခ(၁၀)ဘတ်ခန့် ပေးရမည်။
၃) ကောင်တာဆားဗစ်မှ ပြန်ပေးလိုက်သော စလစ်(ပြေစာစာရွက်)တွင် မိမိဘတ်ကဒ် ထုတ်ယူလိုသည့် ၀မ်းစတော့ဆားဗစ်စင်တာ၌ မည်သည့်နေ့တွင် ကျူး(Queue)နံပါတ် ဘယ်လောက်ဖြင့် သွားရောက်ထုတ် ယူနိုင်ကြောင်း ဖေါ်ပြပါရှိလိမ့်မည်။
၎) ပြေစာစာရွက်(စလစ်)ပေါ်တွင်ပါသည့်အတိုင်း မိမိကိုယ်တိုင်ဖြစ်စေ အလုပ်ရှင်နှင့် အတူဖြစ်စေ စာရွက်စာတမ်းအထောက်အထားများယူဆောင်ကာ သတ်မှတ်ထားသည့် အချိန်အတွင်း မိမိသတ်မှတ်ထားသည့် ၀မ်းစတော့ဆားဗစ်စင်တာတွင် ဘတ်ကဒ် (ပန်းရောင်ကဒ်)သွားရောက်လျှောက်ထားထုတ်ယူရန်ဖြစ်သည်။
* ယခုထုတ်ပေးမည့် ဘတ်ကဒ်အသစ်၏ အရှေ့မျက်နှာမှာ ယာယီနေထိုင်ခွင့် အတွက်ဖြစ်ပြီး ပန်းရောင်ဖြစ်ပါသည်။ ကျောဘက်မျက်နှာတွင်အလုပ်လုပ်ကိုင်ခွင့်ဖြစ်ကာ အရောင်မှာ အစိမ်းရောင်ဖြစ်ပါသည်။ ကျောဘက်မှအရောင်မှာ နိုင်ငံသားအလိုက် ကွဲပြားမည်ဖြစ်ပြီး၊ လာအိုနိုင်ငံသားအတွက် အပြာရောင် နှင့် ကမ္ဘောဒီးယား နိုင်ငံသား အတွက်ကိုမူ အညိုရောင်ဖြစ်ပါသည်။ (ဘတ်ကဒ်တစ်ခုတည်းတွင် ယာယီနေထိုင်ခွင့် နှင့် အလုပ်လုပ်ကိုင် ခွင့် တစ်ပေါင်းတည်းပါရှိမည်)
* ယာယီနိုင်ငံကူးလက်မှတ်(ပတ်စပို့ အနီရောင်/ခရမ်းရောင်)ကိုင်ဆောင်ပြီး သက်တမ်း ကုန်(သေ)နေသူများလည်းအကျုံးဝင်သည်။ ၀ပ်ပါမစ် သို့မဟုတ် ၀ပ်ပါမစ် ထုတ်ရန်ပေး ထားသည့် စလစ် (ပြေစာစာရွက်) ဖြင့် ပူးတွဲပြီး လျှောက်ရမည်။
* ယာယီနိုင်ငံကူးလက်မှတ်(ပတ်စပို့ အနီရောင်/ခရမ်းရောင်များ)သက်တမ်းကျန်နေသော သူ တိုးထားပြီးသူ (၄)နှစ်(၆)နှစ်သမားများအတွက် မိမိဆန္ဒအလျှောက် သက်တမ်းရှိ သရွှေ့ဆက်နေနိုင်သည် သို့မဟုတ် ဘတ်ကဒ်လျှောက်ထားနိုင်သည်။ (၆)နှစ်ပြည့် တစ်ကျော့ပြန် ရီဆိုက်ကယ်လ် MOU သမားများ မပါဝင်ပါ။
* ထိုင်းတစ်နိုင်ငံလုံးရှိ ခရိုင်အသီးသီးမှ အလုပ်သမားဦးစီးဌာနအားလုံးနှင့် ဗန်ကောက်နယ်မြေ အလုပ် သမားဦးစီးဌာနခွဲ အမှတ်(၁)မှ(၁၀)အထိ တို့အား ယခုဘတ်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အသေးစိတ် ကို ရှင်းလင်းရန်အတွက် အလုပ်သမားရှာဖွေရေးဦးစီးဌာန(DOE)မှ ယခုလာမည့် မတ်လ ၁၀-၁၁ ရက်နေ့တွင် အစည်းအဝေးခေါ်ထားကြောင်းသိရှိရပါသည်။
* ၄င်းတို့ရှင်းလင်းပွဲပြီးလျှင် အလုပ်သမားရှာဖွေရေးဦးစီးဌာန(DOE)မှ တရားဝင်ကြေညာ ချက်ထုတ်ပြန်လိမ့်မည်။
* ယခုမတ်လ ၂၅ ရက်နေ့ခန့်တွင် စတင်နိုင်လိမ့်မည်ဟုခန့်မှန်းရပါသည်။
မေးခွန်းများမမေးမီ စာကို ပြီးဆုံးအောင်ဖတ်ကြပါနော်။
ထုံးစံအတိုင်း ‪#‎မခိုးချကြေးနော်‬

Post a Comment

0 Comments

Close Menu