Ad Code

Responsive Advertisement

ဦးထင်ကျော်ကို အချက် ၃ ချက်ကြောင့် ရွေးချယ်ပြီး

Ko SeinThan added 5 new photos.Follow
28 mins
ဦးထင်ကျော်ကို အချက် ၃ ချက်ကြောင့် ရွေးချယ်ပြီး ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းသားဖြစ်၍ ရွေးချယ်ဟု ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
===============================
၁၀..၃..၁၆
-
သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု ၊မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်ရမည်ဆိုသော မူ ၃ ချက်နှင့် ဦးထင်ကျော်ကို ရွေးချယ်ခြင်းဖြစ်ပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ
ကို တိုင်းရင်းများ တန်းတူညီမျှရေးအတွက် ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
-
" သစ္စာရှိမှုမှာကတော့ဦးထင်ကျော်ကို ရွေးချယ်တဲ့ ပထမဆုံး အချက်ပေါ။ နောက်တခုက စည်းကမ်းပိုင်းမှာလည်း လိုက်နာမှု အားကောင်းတယ်။ တတိယ တချက်ကတော့ ပညာတတ်ပုဂ္ဂိုလ်၊ အထူးသဖြင့် မြန်မာနဲ့ နိုင်ငံတကာက လေးစားမယ့် ပုဂ္ဂိုလ်ကို ရွေးလိုက်တာပေါ့။ နောက်တဦးက တိုင်းရင်းသားတန်းညီမျှရေးအတွက် ရွေးချယ်တယ်ဆိုတာကို ပြောတယ်။
-
ပြည်သူတွေအားလုံးကလည်း ဒါကို လက်ခံမယ်လို့ သူယုံကြည်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်" ဟု NLD အမတ်တဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်မည့် ရက်နေ့မတိုင်မီ အထိ အမတ်အားလုံး ခရီးမသွားကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်၊ အမတ်များကို ဦးဝင်းထိန်က ဆူပူခြင်း မပြုလုပ်ရန် ၊ မဲပေးရာတွင် ဂရုတစိုက် မဲပေးကြရန် မှာကြားသည်။
-
မတ်လ ၁၁ ရက်ေ်န့ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများအားလုံးတွင် NLD အမတ်များအားလုံး ပင်နီ ၀တ်ဆင်ကြရန်လည်း အထူးအလေးထား တိုက်တွန်းသွားကြောင်း သိရှိရသည်။
==============
The Irrawaddy

Post a Comment

0 Comments

Close Menu