Ad Code

Responsive Advertisement

မိုဘိုင်းဖုန်းဘီလ် ဧပြီ ၁ ရက်မှစ၍ အခွန်ကောက်မည်

မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
 မိုဘိုင်းဖုန်း အသုံးပြုသူ များ၏ ဖုန်းဘီလ်ဖြည့်သွင်းခြင်း များအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမည့် အစီ အစဉ်ကို ၂၀၁၆ ဘဏ္ဍာနှစ်အစ ဧပြီ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သတင်းရရှိသည်။

‘‘၂၀၁၆ မှာ ဖုန်းဘီလ်အပေါ် ၅ ရာခိုင်နှုန်းအခွန်ကောက်ဖို့က ဆက်လုပ်နေပါတယ်။ ကောက်ဖို့သေချာသွားပါပြီ။ ဘာလို့လဲဆိုတော့ လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့အတွက် ဧပြီ  ၁ရက်မှာစပြီး ကောက်ရမှာဖြစ်ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။
အဆိုပါ အခွန်ကောက်ခံမှု ကို ၂၀၁၅ ပြည်ထောင်စုအခွန် ဥပဒေသစ်အရ ကောက်ခံခြင်းဖြစ် ပြီး မိုဘိုင်းဖုန်းသုံးစွဲသူများသည် ၀ယ်ယူသည့် ငွေဖြည့်ကတ်၏တန်ဖိုးကို အပြည့်အ၀သုံးစွဲရမည်မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၅ မေလ ၁၈ ရက်က အစိုးရ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်မှုအပေါ် ပြည်သူများက ကန့်ကွက်သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကာ မိုဘိုင်းဖုန်းဘီလ်များ ၀ယ်ယူအသုံးပြုခြင်းအပေါ် အခွန်ကောက်ခံခြင်းကို တစ်နှစ်ဆိုင်းငံ့သွားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့၍ ယခု ၂၀၁၆ နှစ်စပိုင်းတွင် ပြန်လည်ကောက်ခံသွားရန် စီစဉ်ရကြောင်း MPT မှ သိရသည်။
ဖုန်းဘီလ်ဖြည့်သွင်းမှုအပေါ် ၅ ရာခိုင်နှုန်း အခွန်ကောက်ခံမည် ဆိုပါက တစ်ထောင်ကျပ်ဖြည့် သွင်းလျှင် ၄၈ ကျပ် အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် ၉၅၂ ကျပ်ကိုသာ အသုံးပြုနိုင်မည်ဖြစ် ကာ ဆက်သွယ်ရေးအော်ပရေတာသုံးခုစလုံး ပါဝင်မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Post a Comment

0 Comments

Close Menu