Ad Code

Responsive Advertisement

အိန္ဒိယတွင် ဇာတ်မြင့်သူ အမျိုးသမီးအား လက်ထပ်ခဲ့သည့် ဇာတ်နိမ့်အမျိုးသားအား လူမြင်ကွင်းတွင် ၀ိုင်းရိုက်သတ်ခံရ


ပြည်ပမီဒီယာများ၏ သတင်းများအရ အိန္ဒိယနိုင်ငံတွင် ဇာတ်အနိမ့်အမြင့်ဆိုးရွားစွာခွဲခြားမှု့ကြောင့် လူတိုင်း အမျိုးသမီးများနှင့် ထိတွေ့ခွင့်ရရှိခြင်းမရှိကြပါ။ အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိဘများ၏ကန့်ကွက်မှုကို ဂရုမစိုက်ပဲ ချစ်သူဖြစ်သူ ဇာတ်နိမ့်အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပါတယ်။ ရလဒ်ကတော့ သူတို့ ၂ ဦးစလုံး လူမြင်ကွင်းအောက် လမ်းမပေါ်မှာ အမည်မသိလူဆိုးတစ်စုရဲ့ ၀ိုင်းဝန်းရိုက်နှက်မှုကိုခံရပြီး ခင်ပွန်းဖြစ်သူမှာ ထိုနေရာမှာပဲ
သေဆုံးခဲ့ရပါတယ်။


သတို့သားဖြစ်သူက အသက် ၂၂နှစ်အရွယ် V Shankar နှင့် သတို့သမီးကတော့ အသက် ၁၉နှစ်အရွယ် Kausalya ဖြစ်ပြီး တမီးလ်နာဒူးပြည်နယ်မှာနေထိုင်ကြကာ အိမ်ထောင်ကျသည်မှာ ရှစ်လခန့်သာ ရှိပါသေးတယ်။ အခင်းဖြစ်ပွားတဲ့နေ့က တနင်္ဂနွေနေ့ဖြစ်ပြီး သူတို့လင်မယားနှစ်ဦးဈေးဝယ်ထွက်နေစဉ် လမ်းပေါ်မှာပဲ ရုတ်တရက် လူဆိုး ၃ ယောက်ပေါ်လာပြီး သူတို့နှစ်ဦးကို အိတ်နဲ့ စွတ်ကာ V Shankar ကို ဓားဖြင့်ထိုး၊တုတ်နှင့်ဝိုင်းရိုက်ခဲ့ကြတာပါ။ သတို့သမီးမှာတော့ ဦးခေါင်းပိုင်း ဒဏ်ရာရရှိသွားပြီး လူအများ၏မြင်ကွင်းမှာ ဒီဖြစ်ရပ် ဖြစ်ခဲ့တာ ဖြစ်ပေမယ့် ကယ်မည့်သူမရှိခဲ့ပါဘူး။


လူဆိုးများက ပြစ်မှုကျူးလွန်ပြီးတာနဲ့ လျှပ်စစ်ကားစီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Shankar ကတော့ ဆေးရုံသို့ ပို့ဆောင်နေစဉ်မှာဘဲ သေဆုံးသွားခဲ့ရပါတယ်။ Kausalya က သူမရဲ့ ခင်ပွန်းကို အကာအကွယ်ပေးခဲ့တာကြောင့် ဦးခေါင်းပိုင်းမှာ အန္တရာယ်ရှိတဲ့ ဒဏ်ရာရရှိခဲ့ပေမယ့် ယခုအခါမှာတော့ အခြေအနေပြန်ကောင်း လာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က စီစီတီဗွီကင်မရာကနေ သက်သေဗီဒီယိုများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်များအရ အဆိုပါ ပြစ်မှုကျူးလွန်သူ ၃ ဦးကို ၀ရမ်းထုတ်ပြန်ထားပြီး Kausalya က ဒီဖြစ်ရပ်မဖြစ်ပွားမီ သူ့ဖခင်ကို လာရောက်ခြိမ်းခြောက်ထားတာကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu