Ad Code

Responsive Advertisement

ကတ္တားပုဒ် ဦးစာေးပးမေးခွန်းများကို ကံပုဒ်ဦးစားပေးမေးခွန်းများသို့ ပြောင်းခြင်း


Changing interrogative sentences into the passive
ကတ္တားပုဒ် ဦးစာေးပးမေးခွန်းများကို ကံပုဒ်ဦးစားပေးမေးခွန်းများသို့ ပြောင်းခြင်း
.............................................................
ဝါကျ တည်ဆောက်ပုံ အမျိုးမျိုးကို လေ့လာလိုသူများအတွက်ဖြစ်ပါတယ် 
..
(1) ပထမဆုံး Verb to do ကိုသုံးပြီးမေးထားတဲ့ မေးခွန်းကို ပြောင်းပါမယ်
~ Do, does, did တို့ကို ဖြုတ်ပြီး am,is are,was, were တို့မှ သင့်တော်ရာတစ်ခုခုနဲ့ အစားထိုးရပါမယ်
(The primary auxiliary verbs do, does or did does not appear in the passive form.)
.
~ verb form ဟာ ရိုးရိုး passive ပြောင်းတဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါတယ် ၊ သို့သော် မေးခွန်းဖြစ်ခြင်းကြောင့်
V-be ကို ၀ါကျရှေ့ဆုံးကို ပို့လိုက်တဲ့အခါ 
.....................................
Be+ Subject + V3 + by Agent ဖြစ်သွားပါတယ်
.......................................... 
(1.1) Active : Did she recognize you?
သူ(မ)က ခင်ဗျားကို မှတ်မိခဲ့ပါရဲ့လား
.
Passive : Were you recognized by her?
ခင်ဗျားကို သူမက မှတ်မိခဲ့ပါရဲ့လား
(မူလ active ၀ါကျဟာ did နဲ့မေးထားတဲ့အတွက် past tense လည်းဖြစ်ရပါမယ် ၊ you ဟာ အများကိန်းကြိယာနဲ့ပဲတွဲပါတယ် ..အဲဒီအချက်နှစ်ခုနဲ့ ကိုက်ညီရမှာဖြစ်လို့ Were ဖြစ်သွားပါတယ်)
.
(1.2) Active: Do the children play football?
ကလေးတွေ ဘောလုံး(ကစားနည်း) ကစားကြပါသလား
.
Passive: Is football played by the children?
ဘောလုံးကစားနည်းကို ကလေးတွေ ကစားကြပါသလား
(မူလက do နဲ့မေးထားလို့ present tense ဖြစ်ရပါမယ် ၊ football က တစ်ခုကိန်းမို့ လိုက်ဖက်တဲ့ တစ်ခုကိန်းကြိယာလည်း ဖြစ်ရပါမယ်..ဒါကြောင့် Is ဖြစ်သွားပါတယ် )
.........................................................
(2) Verb to be တွေနဲ့ မေးထားတဲ့ active မေးခွန်းတွေဆိုလျှင်လည်း သင့်တော်ရာ V-be ကို ပြန်သုံးရမှာဖြစ်ပါတယ်
.........
(2.1) Active : Are you kidding me?
ခင်ဗျားကျနော့်ကို နောက်နေတာလား
.
Passive : Am I being kidded by you?
(မူရင်းဝါကျမှာ Are နဲ့မေးထားလို့ present tense (present continuous) ဖြစ်ပါတယ် ၊ me ကနေ ပြောင်းလာတဲ့ I နဲ့လည်း တွဲရမှာဖြစ်လို့ Am ဖြစ်သွားပါတယ်)
..................................................
(3) Verb to have ရယ် Modal verb တွေရယ်နဲ့ မေးထားလျှင်လည်း မူလအတိုင်း ရှေ့ဆုံးမှာပဲ ရှိနေပါမယ်
The verbs has, have, had, will, shall, can, may etc., do not change their position at the beginning of the sentence .
.
(3.1) Active : Have you invited them?
ခင်ဗျား သူတို့ကို ဖိတ်ကြားပြီးပြီလား
.
Passive : Have they been invited by you?
သူတို့ကို ခင်ဗျားက ဖိတ်ကြားပြီးပြီလား
(present perfect tense လည်းဖြစ် they နဲ့လည်း လိုက်ဖက်ဖို့ have ကိုရွေးရပါတယ်)
.......
(3.2) Active : Have you finished work?
ခင်ဗျား အလုပ်လုပ်လို့ ပြီးပြီလား
.
Passive : Has the work been finished by you?
အလုပ်ကို ခင်ဗျားလုပ်လို့ ပြီးပြီလား
(present perfect tense လည်းဖြစ် the work နဲ့လည်း လိုက်ဖက်ဖို့ has ကို ရွေးရပါတယ်) 
.........
(3.3) Active : Will you help him?
ခင်ဗျား သူ့ကို ကူညီမှာလား
Passive : Will he be helped by you?
သူ့ကို ခင်ဗျားက ကူညီမှာလား
(Modal verb တွေကတော့ ဘယ် Subject နဲ့ပဲ ဖြစ်ဖြစ် တွဲလို့ရပါတယ်)
.........
(3.4) Active : Can anybody cure it?
တစ်ယောက်ယောက်ကများ အဲဒါကို ကုသနိုင်မလား
Passive : Can it be cured (by anybody)?
အဲဒါက ကုသလို့ ရနိုင်ပါမလား
.....................................................
(4) WH question word တွေနဲ့ဆိုလျှင်လည်း question word တွေကို မူလနေရာအတိုင်းပဲ ထားပါတယ် ၊ Who ကို By whom သို့ပြောင်းရမှာဖြစ်ပြီး ၊ whom ကို who သို့ ပြောင်းပေးရမှာဖြစ်ပါတယ် ။ 
The question words when, why, where, how or what does not change their position. Note that who changes to by whom and whom into who.
.....
(4.1) Active : When will they announce the results?
ဘယ်အချိန်မှာ သူတို့က ရလဒ်တွေကို ကြေညာမှာပါလဲ
.
Passive : When will the results be announced (by them)?
ဘယ်အချိန်မှာ ရလဒ်တွေကို (သူတို့က) ကြေညာမှာပါလဲ
(The result will be announced. ဆိုတဲ့ passive statement ကနေ will ကိုရှေ့ပို့လိုက်တော့ လား မေးခွန်းဖြစ် ၊ WH question word ရှေ့ဆုံးမှာထပ်ထည့်တော့ လဲ မေးခွန်းဖြစ်သွားတာကို သိလိုက်ပါ ၊ will ကရှေ့ရောက်နေတော့ passive verb form ကို လွယ်လွယ် မမြင်မှာစိုးလို့ပါ ) 
........
(4.2) What did he say? (Active Voice)
သူဘာပြောလိုက်တာလဲ
(Object ကိုမေးတဲ့မေးခွန်းဖြစ်ပါတယ် ၊ what ဟာ သူပြောခြင်းခံရတဲ့ အကြောင်းအရာကို ကိုယ်စားပြုပါတယ်)
What was said by him? (Passive Voice)
.
ဘာကို သူက ပြောလိုက်တာလဲ
( မူလ၀ါကျမှ Obj ဖြစ်တဲ့ what ကို passive ပုံစံပြောင်းတော့ what was said ဖြစ်သွားတယ် ၊ နောက်ကနေ by agent ဖြစ်တဲ့ by him ပေါင်းထားပါတယ်)
............
(4.3) Active voice: Who wrote this book?
ဘယ်သူက ဒီစာအုပ်ကို ရေးတာပါလဲ
..
Passive voice: By whom was this book written?
ဒီစာအုပ်ကို ဘယ်သူက ရေးတာပါလဲ
(This book was written ကနေ was ရှေ့ပို့ ၊ သူ့ရှေ့မှာ who ကနေ ပြောင်းလာတဲ့ By whom ထပ်ပေါင်း)
........
(4.4) Whom did you invite? (Active Voice)
ခင်ဗျားက ဘယ်သူ့ကို ဖိတ်ကြားခဲ့ပါသလဲ
.
Who was invited by you? (Passive Voice)
ဘယ်သူ့ကို ခင်ဗျားက ဖိတ်ကြားခဲ့ပါသလဲ
(မူလ၀ါကျက obj ဖြစ်တဲ့ whom ကို who ပြောင်း passive လုပ်တော့ who was invited ဖြစ် by agent ပေါင်း) ....
.
စသည်ဖြင့် ပြောင်းနိုင်ပါတယ်
..........................................................
ထူးခြားတဲ့မှတ်စရာက နှစ်ချက်ပဲ ရှိပါတယ် ..ကျန်တာက passive verb form အတိုင်းပါပဲ ။
~ V-do နဲ့မေးလျှင် သူ့ကိုဖြုတ်ပြီး V-be နဲ့ အစားထိုးပါ
~ Who ကို By whom ပြောင်းပါ ၊ (By) Whom ကို Who ပြောင်းပါ 
............................
ရှုပ်တော့ရှုပ်ပါတယ် ၊ ဒါပေမယ့် အရှုပ်တွေကို ရှင်းလင်းနားလည်အောင် .. ဖြေရှင်းတတ်အောင် လေ့လာထားမှ အရှုပ်တွေကြုံလာတဲ့အခါ ဖြေရှင်းကျော်လွှားပြီး အောင်မြင်နိုင်မှာ မဟုတ်ပါလား .. အဲဒါဟာ လေကရဲ့ နိယာမပါပဲ ။
..
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu