Ad Code

Responsive Advertisement

"ထိုင်းရောက်လုပ်သားများအတွက် မြန်မာဘက်မှ အထောက် အထားပြုလုပ်ပေး မည့်ကိစ္စ နှစ်နိုင်ငံထပ်မံဆွေးနွေးမည်"



"ထိုင်းရောက်လုပ်သားများအတွက် မြန်မာဘက်မှ အထောက် အထားပြုလုပ်ပေး မည့်ကိစ္စ နှစ်နိုင်ငံထပ်မံဆွေးနွေးမည်"
24.3.2016
ထိုင်းရောက် မြန် မာလုပ်သားများအတွက် မြန်မာအစိုး ရဘက်မှ အထောက်အထားပြုလုပ် ပေးမည့် အစီအစဉ်ကို နှစ်နိုင်ငံ ထပ်မံ တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
ထိုင်းဗီဇာသက်တမ်း ခြောက်နှစ် ပြည့် ၊ လေးနှစ်ပြည့်မြန်မာလုပ်သား များနှင့် ပန်းရောင်ဘတ်ကတ်ကိုင် မြန်မာ လုပ်သားငါးသိန်း ဝန်းကျင်အ တွက် ထိုင်းအစိုးရမှ ပန်းရောင်ဘတ် ကတ်များကို ဧပြီ ၁ ရက်မှစတင်ကာ ပြုလုပ်ပေးမည်ဖြစ် သလို မြန်မာအစိုး ရအနေဖြင့်လည်း ၎င်းလုပ်သားများ ကို CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)ထုတ်ပေးနိုင် ရေး အစီအစဉ်အသေး စိတ်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတို့ ထပ်မံ တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဒီမိုက ရေစီတူဒေးသို့ပြောသည်။
''ဘတ်ကတ်ထုတ်ပေးပြီး တစ်လ ကျော်လောက်မှာ CI ထုတ်မယ်ဆို တာ သူတို့နဲ့ ပထမဆွေးနွေးတဲ့အထဲ မှာ နှစ်ဖက် သဘော တူ ထားတယ်။ ဒါပေမဲ့ သူတို့ဘက်က တကယ်လည်း ကြေညာချက်ထုတ်ရော အဲဒီအကြောင်း အရာမပါဘူး။ သူတို့ဘက် ကိုမေးတော့ သုံးနိုင်ငံလုံးရောထုတ်တာမို့ မပါတာ လို့ပြောတယ်။ ပြီးတော့ CI ထုတ်ဖို့ ကိစ္စကို အသေးစိတ်ဆွေးနွေးဖို့လိုတယ် လို့ ထပ်ပြီးတော့ပြောတယ်။ ဒါကြောင့် အခုထပ်ဆွေးနွေးဖို့နဲ့ပတ် သက်ပြီးသူ တို့ကိုစာပို့ပြီးထပ်မေးထားတယ်'' ဟု အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က မတ် ၂၃ ရက်တွင်ပြောသည်။
CI ထုတ်ပေးရေး ထိုင်းအစိုးရ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များနှင့် ပန်းရောင်ဘတ် ကတ်ပြု လုပ်ခြင်းမှ ရရှိသည့် Data အချက်အလက်များ ကို CI ပြုလုပ်ရာတွင် ပြန်လည်ပေး မည်ဟု သဘောတူညီထားသည့် ကိစ္စ ရပ်များ စသည်တို့ကို ထပ်မံဆွေးနွေး သွားမည်ဖြစ်ကြောင်း အမြဲတမ်းအ တွင်းဝန် ဦးမျိုးအောင်ကဆက်လက် ဆိုသည်။
''ဘတ်ကတ်ကိုင်တဲ့သူတွေလည်း နောင်ကျရင် ပတ်စ်ပို့အကြီးလုပ်ရမှာ ပဲလေ။ အဲဒီလိုလုပ်ပေးဖို့အတွက် CI ကိုထုတ်ပေးမှာပါ။ အခုလည်း အလုပ် သမားတွေက ခွင့်တွေနဲ့ မြန်မာပြည် ပြန်ပြီး ပတ်စ်ပို့ကြီးလာလုပ်တဲ့သူတွေ လည်းအများကြီးပါ။ သူတို့ကို လည်း အဓိကပတ်စ်ပို့ကြီးကိုပဲလုပ်စေချင် တာ။ ဘတ်ကတ်ဆိုတာက ကိုယ့်အ တွက် နစ်နာမှုတွေအများကြီးရှိတယ်'' ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကဆိုသည် ။
ပတ်စ်ပို့ကိုင်သည့်လုပ်သားများ အနေဖြင့် ပတ်စ်ပို့လမ်းကြောင်း ကို သာသွားသင့်ကြောင်း၊ ဘတ်ကတ်ပြု လုပ်ပါက ပတ်စ်ပို့ကိုင်ဆောင် စဉ်ရရှိ မည့် အခွင့်အရေးများဆုံးရှုံးမည်ဖြစ် သဖြင့် ဌင်းတို့၏ပတ်စ်ပို့များကို မြန်မာပြည်ပြန်ကာ သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းများကိုလုပ်ဆောင် ကာ MoU လုပ်သားအဖြစ် ပြန် လည်ဝင်ရောက်စေလိုကြောင်း၊ လက် ရှိတွင်လည်း MoU ဖြင့် ပြန်လည် ဝင်ရောက်သည့်လုပ်သားများ စွာရှိ နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က တိုက်တွန်းပြောဆို သည်။
ZCH
‪#‎Democracytoday‬
Photo :‪#‎YeMin‬-AAC
ရဲမင်း(AAC)မဟာမိတ်အဖွဲ့





ကိုYe Min Facebook မှ ကူးယူဖော်ပြသည်။
https://www.facebook.com/ye.min.54738?fref=photo

Post a Comment

0 Comments

Close Menu