Ad Code

Responsive Advertisement

ယာယီပတ်စပို့ဗီဇာ ၄ နှစ်ပြည့်ထိုင်းရောက်မြန်မာအ လုပ်သမားများအတွက် သက်တမ်းတိုးခြင်းဆိုင်ရာ ရှင်းလင်းချက်

Ye Min added 2 new photos.Follow
ယာယီပတ်စပို့ဗီဇာ ၄ နှစ်ပြည့်ထိုင်းရောက်မြန်မာအ
လုပ်သမားများအတွက် သက်တမ်းတိုးခြင်းဆိုင်ရာ
ရှင်းလင်းချက်
====================
သတင်း
ခိုင်ရဲနိင်ရဲကျော်စော(AAC)
ထိုင်းနိင်ငံ ထိုင်းရောက်မြန်မာအလုပ်သမားများ
ကြား ၄ နှစ်ပြည့်ဗီဇာတွေနဲ့ပက်သက်ပြီး ဝေခွဲမရဘာ
လုပ်ရမှန်းမသိဖြစ်နေသူသောသူများ အတွက် AAC
အဖွဲ့ မှ ရှင်းလင်းတိကျစွာသတင်းထုတ်ပြန်ပေးလိုက်
ရပါသည်။
ဒီကနေ့ထွက်ရှိလာတဲ့သတင်းတွေအရ လေးနှစ်
ဗီဇာပြည့်တော့မယ့် ပတ်စပို့ကိုင်ဆောင်ထားသူတွေ
ဟာ၂၀၁၆ မတ်လ ၁၈ ရက်နေ့ကိုနောက်ဆုံးထားပြီး
စာရင်းပေးသွင်းရမည်လို့ ထိုင်းအစိုးရကတရားဝင်
သတင်းထုတ်ပြန်လိုက်တာမှန်ပေမယ့် အားလုံး ကို
မဆိုလိုပါဘူး။
လာမယ့် ၇ လပိုင်းကုန် ၂၀၁၆ ဇူလိုင်လ ၃၁ ရက်
အတွင်း ၄ နှစ်ဗီဇာသက်တမ်းပြည့်မည့် ပတ်စပို့စာအု
ပ်များကိုသာ အချိန်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
အထူးမှတ်သားရန် မှာ .....
၂၀၁၆ ဇူလိုင်လ ၃၁ ရက်နောက်ပိုင်းမှ ၄နှစ်ဗီဇာ
သက်တမ်းကုန်မည့်သူများ ပါဝင်ခြင်းလုံးဝမရှိပါ။
လာမယ့် ဇူလိုင်လအတွင်း ၄ နှစ်သက်တမ်းကုန်
မည့်သူများအနေဖြင့် လာမယ့်မတ်လ ၁၈ရက်၂၀၁၆
အတွင်းစာရင်းမတင်နိင်ခဲ့ဘူး ဆိုရင်တော့ ဗီဇာသက်
တမ်းတိုးခွင့် ဆုံးရှုံးသွားမှာဖြစ်ပြီး နေထိုင်ခွင့်မှတ်ပုံ
တင်(ပန်းရောင်ကဒ်ပြား)ကိုအစားထိုးပြုလုပ်ပေး
သွားမှာဖြစ်တယ် လို့သိရပြီး ဒီအစီအစဉ်အား ပြီးခဲ့
သော ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်း
ဝန်ကြီးများ အစည်းအဝေးမှာအတည်ပြုဆုံးဖြတ်ခဲ့
တာဖြစ်ပြီး ထိုင်းနိင်ငံအတွင်းရှိ မြန်မာ လာအို နှင့်
ကမ္ဘောဒီးယားရွေ့ပြောင်းအလုပ်သမားများအားလုံး
အကြုံးဝင်တယ် လို့သိရသည်။
လေးနှစ်ပြည့်များသက်တမ်းတိုးရန် အစိုးရဈေး
နူန်းကုန်ကျစရိတ်မှာ ၂ နှစ် နေထိုင်ခွင့်ဗီဇာအတွက်
၉၀၀ ဘတ် ၂ နှစ်အလုပ်လုပ်ခွင့်(ဝါ့ပါမစ်အတွက်)
၂၀၀၀ ဘတ် နှင့် စာရင်းသွင်းလျှောက်လွှာတင်ခ
၁၀၀၀ ဘတ် စုစုပေါင်းကုန်ကျစရိတ် ၃,၉၀၀ ဘတ်
ပေးဆောင်ရမယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်
အရသိရပါသည်။ ဌင်းဈေးနူန်းမှာ အစိုးရသတ်မှတ်
ထားသော ဈေးနူန်းများသာဖြစ်ပြီး ပြင်ပအကျိုး
ဆောင်များ အေဂျင့်များ တစ်ဆင့်ခံပွဲစားများရဲ့ ဈေး
နူန်းကတော့ မည်၍မည်မျှဆိုတာ မသိရှိရပါ။
အထူးသတိပြုရန်မှာ သတင်းပါစာသားများအားဖတ်
ပြီး သဘောပေါက်နားလည်သူများက အချို့သောနား
မလည်သူများ ထပ်မံမေးမြန်းလာပါက သတင်းရေး
သူကိုယ်စားပြန်လည်ဖြေကြားပေးစေချင်ပါသည်။
မေးခွန်းများအားလုံး ပြန်လည်ဖြေကြားနိင်ဖို့အချိန်
မပေးနိင်သော ကျွန်တော့်ကိုခွင့်လွှတ်ပါ လို့
တောင်းဆိုရင်း ဗီဇာသက်တမ်းလပေါင်းများစွာကျန်
နေသူများကိုပါ ဇွတ်အတင်းသက်တမ်းတိုးဖို့ စာရင်း
တင်ခိုင်းနေသော အတ္တဝါဒီပွဲစားလူလိမ်များရန်မှ
ထိုင်းရောက်မြန်မာအလုပ်သမားများလွတ်ကင်းနိင်
ကြပါစေ။
၂၉ ဖေဖော်ဝါရီ ၂၀၁၆
11:37
ဘာမှန်းမသိရွေးရခက်နေသော ၄ နှစ်ပြည့် ဗီဇာ
ပတ်စပို့ကိုင်ဆောင်ထားသောအလုပ်သမားများ
ကျေနပ်နိင်ကြပါစေ ......
သတင်း
ရဲမင်း(AAC) မဟာမိတ်အဖွဲ့
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီဝင်-ထိုင်းအခြေစိုက်

Post a Comment

0 Comments

Close Menu