နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြှောက်
နေပြည်တော်၊ မတ် ၁၅ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကျင်းပရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ဦးထင်ကျော်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှုကို နိုင်ငံတော်သမ္မတရွေးချယ်တင် မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြ ရာ ရွေးကောက် ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက် ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် အများဆုံးရရှိပြီး ရွေးချယ်တင်မြှောက် ခံရခြင်းဖြစ်သည်။ထိုသို့ ဆန္ဒမဲပေးရာတွင် မဲပေးပိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၆၅၃)ဦး အနက်(၁)ဦးခွင့်တိုင်ကြားခဲ့သဖြင့် (၆၅၂)ဦးတို့မှဆန္ဒမဲပေးခဲ့ကြ ရာရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် တင်မြှောက်ထား သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ(၇၉)မဲဖြင့်လည်းကောင်း၊ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတ အဖြစ် တင်မြှောက်ထား သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ထောက်ခံ ဆန္ဒမဲ(၂၁၃)မဲဖြင့် လည်းကောင်း အသီးအသီးရရှိခဲ့ကြသည်။ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက်နိုင်ငံတော် သမ္မတတာဝန်နှင့် ဒုတိယသမ္မတ တာဝန်များကိုလွှဲပြောင်း ထမ်းဆောင်ကြ မည်ဖြစ်သည်။MOI Webportal Myanmarhttps://www.facebook.com/MOIWebportalMyanmar/
http://www.thithtoolwin.com
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji