Ad Code

Responsive Advertisement

ဝန်ကြီးဌာန(၂၁)ခု၊ ၀န်ကြီး (၁၈)ဦး ထားရှိရန် အဆိုပြု


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်တင်မြောက်လိုက်တဲ့ နိုင်ငံတော် သမ္မတသစ်က လာမယ့် ၅ နှစ်တာအတွင်း ပြည်ထောင်စု အစိုးရ ဝန်ကြီး ဌာနတွေကို ဝန်ကြီးဌာန ၂၁ ခု အဖြစ် သတ်မှတ်ကာ ပြည်ထောင်စုဝန်ကြီးဦးရေ ကို ၁၈ ဦးသာ ထားရှိမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ တင်ပြသွားပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန တခုကို အသစ်ဖွဲ့စည်းဖို့လည်း တင်ပြလိုက်ပါတယ်။

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန
၂။ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန
၃။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန
၎။ ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာန
၅။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန
၆။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန
၇။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန
၈။ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန
၉။ စက်မှုဝန်ကြီးဌာန
၁၀။ ကျန်းမာရေးဝန်ကြီးဌာန
၁၁။ ပညာရေးဝန်ကြီးဌာန
၁၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန
၁၅။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆။ ပြန်ကြားရေးဝန်ကြီးဌာန
၁၇။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈။ သမ္မတရုံးဝန်ကြီးဌာန
၁၉။ ကာကွယ်ရေးဝန်ကြီးဌာန
၂၀။ ပြည်တဲရေးဝန်ကြီးဌာန
၂၁။ နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ပါတယ်။

VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu