Ad Code

Responsive Advertisement

မြန်မာတွေ အားကျသင့်တဲ့အရာ

We Are Myanmar's photo.

မြန်မာတွေ အားကျသင့်တဲ့အရာ
-------------
မြန်မာတွေ အားကျသင့်တာက အမေရိကန် သြဇီ ကိုရီးယားတို့ မဟုတ်ပါ။
သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်း တနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို တက်ကြရပါတယ်။ ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနှစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာပါတဲ့။
ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ Sunday Dhamma School ကျောင်းဆင်းတွေချည်းပါပဲတဲ့။
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့ အမေရိကန်နိုင်ငံသား သာသနာ့အလံကို အကြံပေးခဲ့သူ Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။
ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လှစ်ပေးထားတာပါ။ သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပါပဲ။
အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ် တာဝန်ယူပြီးဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။ အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။ ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။ ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။
ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။
Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို ၅ နှစ်သားအရွယ်က စတင် ပညာသင်ယူရပါတယ်။ အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။
၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။
ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓ၀င်ကဗျာများ၊ ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊
ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်
တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီးကျောင်းကို လာကြရပါတယ်။ ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီးကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး ပန်း၊ ရေချမ်း စသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။ ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။ ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။ ၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။ သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာ မျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။ ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
နောက်တစ်ခုထပ်သိရတာက ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊ Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောက်အကူဖြစ်ပါတယ်တဲ့။ ဦးစားပေးခံရတယ်တဲ့။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဖူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက အခုလိုပြောဖူးတယ်။
“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီးအခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရတဲ့အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”
ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ချစ်ကြတာ။ ဗုဒ္ဓဘာသာကိုတော့ လာ မစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံကြဘူး။ ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင် သီဟိုဠ်သားတွေပဲ တင်ပြနေကြတာ။
ဒို့ မြန်မာ နိုင်ငံမှာလည်း ဒီလိုသင်တန်းတွေ ဖွင့်ဖို့  လိုအပ်နေပါပြီ..၊၊
Credit to မူရင်းးရေးသူ

Post a Comment

0 Comments

Close Menu