ကော့ကရိတ်မြို့ အနောက်မြောက်ဘက် တစ်မိုင်ခွဲအကွာရှိ ရေလယ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက်က ကျေးရွာသားနှစ်ဦးကို ကျားတစ်ကောင်က တိုက်ခိုက်ခဲ့ပါသည်။ ထိုကျားကို နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျေးရွာသားများစု ပေါင်း၍ ကိုင်းတောအတွင်း ရှာဖွေ ပစ်ခတ်ခဲ့ရပါသည်။
အဆိုပါ ကျားသည် မည်သည့် အရပ်ကရောက်ရှိ လာပါသနည်း။ လူများနေထိုင်ရာ မြို့ရွာများနှင့် စိုက်ပျိုးမြေများအနီး အ သက်စွန့်၍ လာရောက်ရသော သူ၏ စွန့်စားခရီးက အဘယ်သို့နည်း။ ထိန်းသိမ်းရေးရှုထောင့်အရ
အဆိုပါဖြစ်ရပ်မျိုး နောင်တွင် မဖြစ်ပေါ်စေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ပါသနည်း။ ထိုမေးခွန်းများ၏ အဖြေများကို ရှာဖွေနိုင်ရန် အွန်လိုင်းမှ ရနိုင်သမျှ ကျားဓာတ်ပုံများကို စုဆောင်း၍ ထိုင်းနိုင်ငံရှိ သားငှက်ထိန်းသိမ်းရေး
အဖွဲ့(WCS) သို့ ပေးပို့ခဲ့ပါသည်။
ထိုင်းနိုင်ငံ သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS)က ယခုကဲ့သို့ အကြောင်းပြန် လာပါသည်။ အဆို ပါ ကျားသည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဒေါနတောင်တန်း၊ တနင်္သာရီတောင်တန်းများနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ
ဟွေ့ခါခင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်က သင်းခွေချပ်ကို ကိုက်လျက် ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်ထားနိုင်ခဲ့သော ကျားအမှတ် HKT-206M ဖြစ်ပါသည်။ အဆိုပါကျားမှာ အထီး ဖြစ်ပြီး အသတ်ခံရချိန်တွင် အသက်(၃)နှစ်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

ကျားဖြတ်သန်းလာခဲ့သော ခရီးမိုင်ပြမြေပုံ
သူ၏ မိခင်မှာ ကျားအမှတ် HKT-141F အဖြစ် မှတ်တမ်းတင် ထားပါသည်။ ဟွေ့ခါခင်း တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျားများကို ကင်မရာထောင်ချောက် အသုံးပြုပြီး ရေရှည်စောင့် ကြည့်ကြီးကြပ်သည့် လုပ်ငန်းကို
ပုံမှန်ဆောင်ရွက်လျက် ရှိပါသည်။ မှတ်တမ်းတင်ရရှိလာသော ကျားဓာတ်ပုံများကို ကျားကိုယ်လုံးပေါ်ရှိ အစင်းကျားပုံစံများကို ထုတ်နုတ်နှိုင်းယှဉ်သည့် အချက်အလက်သိုမှီးစနစ် Extract and Compare Database ဖြင့် သိမ်း ဆည်း ထားပါသည်။ အွန်လိုင်းမှ ရရှိသော ကျားဓာတ်ပုံမှ အစင်းကျားပုံစံကို အဆိုပါ အချက်အလက် သိုမှီးစနစ်တွင် ထည့်သွင်း ဆန်းစစ်ကြည့်ခြင်းဖြင့် ဟွေ့ခါခင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အသက်(၃)နှစ်ခန့် အရွယ်ရှိ ကျားထီးငယ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ဟွေ့ခါခင်းဘေးမဲ့တောတွင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိရောက်စွာနှစ်ရှည်လများ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကြောင့် ကျားဦးရေ တိုးပွားလာလျက် ရှိပါသည်။ သိပ္ပံနည်းကျ ပုံမှန် သုတေသနပြု လေ့လာစောင့်ကြည့်မှုများအရ အရွယ်ရောက် ကျားကောင်ရေ ၆၀ မှ ၇၀ခန့်ရှိကြောင်း သိရပါသည်။ ကျားထီးငယ် အမှတ် HKT-206M မှာ နယ်မြေသစ် ရှာဖွေရန် ထိုင်းနိုင်ငံ ဟွေ့ခါခင်းဘေးမဲ့တောမှ
မြန်မာနိုင်ငံ ကော့ကရိတ်မြို့အနီး ရောက်ရှိလာခြင်းဖြစ်နိုင်သည်။
မြန်မာနိုင်ငံ ကော့ကရိတ်မြို့အနီး ရောက်ရှိလာခြင်းဖြစ်နိုင်သည်။
အဆိုပါ ကျားငယ်ဖြတ်သန်းလာသော ဖြစ်နိုင်ခြေရှိသည့် ခရီးလမ်းကြောင်းမှာ ထိုင်းနိုင်ငံ ဟွေ့ ခါခင်းဘေးမဲ့တောမှ အရှေ့ထွန့်ရိုင် ဘေးမဲ့တာနှင့် အွန့်ဖန်ဘေးမဲ့ တောများကို ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ပြီး
ဒေါန တောင်တန်းကြီး တစ်လျှောက် ဖြတ်သန်းလာကာ ကော့ကရိတ် မြို့အနီး ရောက်ရှိလာခြင်း ဖြစ်နိုင်ပါသည်။
ဒေါန တောင်တန်းကြီး တစ်လျှောက် ဖြတ်သန်းလာကာ ကော့ကရိတ် မြို့အနီး ရောက်ရှိလာခြင်း ဖြစ်နိုင်ပါသည်။
ကျားငယ်ဖြတ်သန်းလာသော စုစုပေါင်း ခန့်မှန်းခြေခရီး ၁၀၆ မိုင်(၁၇၀ ကီလိုမီတာ) ခန့်ရှိ ပါသည်။ ကျားထိန်းသိမ်းရေး ပညာရှင်များ၏ နှစ်ရှည်သုတေသနလုပ်ငန်းများမှ တွေ့ရှိချက်များ အရ ကျားသားပေါက်ငယ်များသည် တစ်နှစ်ခွဲမှ ၂ နှစ်အထိ မိခင်နှင့်အတူ သွားလာနေထိုင်ကြသည်။ မိခင် နောက်ထပ် မိတ်လိုက်ချိန်တွင် မိခင်ကသားခွဲရန် တွန်းအားပေးမှုကြောင့် ကျားငယ်များသည် နယ်မြေသစ်ကို စတင်ရှာဖွေရပါသည်။
ကျားမငယ်များမှာ နယ်မြေသစ်ကို မိခင်၏ နယ်မြေအနီးတွင် သာ ရှာဖွေလေ့ရှိပြီး အများအား ဖြင့် မိခင်က သူ၏နယ်မြေကို ခွဲ ပေးရလေ့ရှိပါသည်။ မွေးရာပါ သဘာဝ အသိအရ ကျားထီးငယ်များသည် ခရီးဝေးသို့ စွန့်စား သွားလာ၍ နယ်မြေသစ် ရှာရသော အလေ့အထ ရှိပါသည်။ သို့မှသာ ဆွေမျိုးနီးစပ် မိတ်လိုက်ခြင်းကို ရှောင်ရှားနိုင်ပြီး ရေရှည် ကျားမျိုး စိတ်ရှင်သန်ရေးကို အထောက်အ ကူပြုမည် ဖြစ်ပါသည်။ ကျားထီးငယ်များသည် နယ်မြေသစ်ရှာဖွေရန် မိုင်ရာကျော် ခရီးဆန့်၍ ယင်းတို့နှင့် သင့်တော်သည့် နယ်မြေများ ကို ရှာဖွေလေ့ရှိပါသည်။ နယ်မြေသစ် ရှာဖွေရန် အခက်အခဲများရှိပါက လူများ အခြေချနေထိုင်ရာ နေရာသို့ရောက်ရှိလာကာ လူနှင့် ကျားပဋိပက္ခဖြစ်ပွားပြီး အသတ်ခံရသည့် အခြေအနေများလည်း ဖြစ်ပေါ်လာတတ်ပါသည်။ ကျားထီးငယ် HKT-206M သည် မိမိ မွေးရပ် ထိုင်းနိုင်ငံဟွေ့ခါခင်း ဘေးမဲ့တောမှ မိုင်တစ်ရာကျော်ဝေးသော မြန်မာနိုင်ငံ
ကော့ကရိတ်မြို့ အနီးသို့ မွေးရာပါ သဘာဝအသိအရ နယ်မြေသစ် ရှာဖွေရန် ရောက်ရှိလာပြီး မလိုလားအပ်သော အဖြစ်အပျက် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကော့ကရိတ်မြို့ အနီးသို့ မွေးရာပါ သဘာဝအသိအရ နယ်မြေသစ် ရှာဖွေရန် ရောက်ရှိလာပြီး မလိုလားအပ်သော အဖြစ်အပျက် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
အဆိုပါ ဖြစ်ရပ်မျိုးများကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြားရှိ လက်ကျန်နေရင်းဒေသ သစ်တောများကို အချိန်မီထိရောက်စွာ ထိန်းသိမ်းရန် အလွန် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ
အစိုးရများ၊ ဆက်စပ်ပတ်သက်သည့် အစိုးရဌာနများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ အတူတကွ ပူးပေါင်း၍ အများသဘောတူ လက်ခံနိုင်သည့် ချဉ်းကပ်မှုနှင့် နည်းလမ်းများ ရှာဖွေကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားရှိ လက်ကျန်နေရင်း ဒေသသစ်တောများကို အချိန်မီ ထိန်းသိမ်းရန် လိုအပ်နေကြောင်း ကျားထီးငယ် HKT-206M ၏ စွန့်စားခရီးလမ်း အဖြစ်အပျက်က သက်သေပြလျက် ရှိပါကြောင်း အသိပေး တင်ပြလိုက်ပါသည်။

0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji