Ad Code

Responsive Advertisement

ဓားကိုင်ပြီး ဆိုင်ကယ်နှစ်စီးဖြင့် လုယက်ထွက်ပြေးသူများအား ဖမ်းဆီးရမိ


မြစ်ငယ် မတ် ၁ဝ

မြစ်ငယ်မြို့ ကျွဲနဖားကျေးရွာ နေ ကိုချမ်းမြေ့သူသည် မတ် ၁ ရက် ည ၇ နာရီခွဲခန့်က ၄င်း၏တူဖြစ်သူ ဇင်မင်းခန့်နှင့်အတူ အလုပ်လုပ်ကိုင် သည့်ကုမ္ပဏီမှ နေအိမ်ရှိရာ ကျွဲနဖား ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြစ်ငယ်-ထုံးဘို အတက်ကားလမ်း မယ်တော်စုကျေးရွာအနီး၌ ၄င်းတို့ နောက်မှ ဆိုင်ကယ်နှစ်စီးကို မောင်း နှင်လာသော အမျိုးသားခြောက်ဦး သည် တုတ်၊ ဓား၊ လေးခွတို့ ကိုင် ဆောင်ကာ ကိုချမ်းမြေ့သူတို့၏ အိတ် များအတွင်းရှိ ပစ္စည်းများကို နှိုက် ယူစဉ် ၄င်းတို့နှစ်ဦးက ပြန်လည် ခုခံသဖြင့် တုတ်ဖြင့်ရိုက်၍ လေးခွ ဖြင့်ပစ်ရာ ဒဏ်ရာများ ရရှိခဲ့သော ကြောင့် အော်ဟစ်အကူအညီ တောင်းခံခဲ့သည်။

 အဆိုပါ အမျိုးသား ခြောက်ဦးသည် ၄င်းတို့စီးလာသော ဆိုင်ကယ်နှစ်စီးအနက် တစ်စီးကို ထားရစ် ထွက်ပြေးသွားသဖြင့် ဥပဒေအရအရေးယူပေးပါရန် တိုင် တန်းခဲ့ရာ မြစ်ငယ်နယ်မြေရဲစခန်း က စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား နယ် မြေရဲစခန်းမှူး ရဲအုပ်အောင်မျိုးသန့်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြစိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းဖမ်းဆီးရာ မတ် ၅ ရက်တွင် စန်းမောင် အနောက်သာ ယာကုန်းရပ်၊ ထိန်ဝင်းအောင် သရက်တန်းကျေးရွာ၊ လှိုင်ဝင်းဇော်(ခ) လစ်ပို အနောက်သာယာကုန်းရပ် ဥယျာဉ်တော်ကျေးရွာအုပ်စု အမရပူရ မြို့နယ်နေသူတို့ သုံးဦးကိုလည်း ကောင်း၊ မတ် ၆ ရက်တွင် ငြိမ်းမင်း ထွန်း(ခ) မိုးကောက်နှင့် ဟိန်းသီဟ သရက်တန်းကျေးရွာ ဥယျာဉ်တော် ကျေးရွာအုပ်စု အမရပူရမြို့နယ် နေသူနှစ်ဦးနှင့် မတ် ၇ ရက်တွင် အောင်ကျော်မိုး(ခ) ဖိုးထောင် သရက် တန်းကျေးရွာ ဥယျာဉ်တော်ကျေးရွာ အုပ်စု အမရပူရမြို့နယ်နေသူကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Post a Comment

0 Comments

Close Menu