Ad Code

Responsive Advertisement

ကျိုက်ထိုမြို့နယ်တွင် အမျိုးသမီးတစ်ဦး အက်စစ်သောက်၍သေဆုံး


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မိုးဘောနတ်စင်ကျေးရွာနေ မ-- (၁၈နှစ်)သည် ယခုလ ၁၆ ရက် ညနေ ၄ နာရီက နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အိပ်ခန်းအတွင်းမှ သေပက တံဆိပ်ပါ ဆိုင်ကယ်ဘက်ထရီအိုး ဟောင်းအတွင်းမှ အက်စစ်များသောက်ခဲ့သဖြင့် ပါးစပ်မှအမြှုပ်များထွက်ကာ မေ့မြော နေသောကြောင့် ဖခင်၊ မိခင်နှင့် ခင်ပွန်းဖြစ်သူတို့က ဆေး ကုသမှုခံယူနိုင်ရန် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ညနေ ၆ နာရီ ၃၅ မိနစ်တွင် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

မ--သေဆုံးမှုနှင့် ပတ်သက် ၍ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းမှ ယင်းနေ့ည ၁ဝ နာရီ ၁၅ မိနစ်တွင် သေမှုသေခင်း အမှတ်စဉ်(၃/၂ဝ၁၆) ဖြင့် ရေးဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
http://uniondaily.net
http://www.thithtoolwin.com

Post a Comment

0 Comments

Close Menu