Ad Code

Responsive Advertisement

စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၃)



စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၃)
……………………………………………
Requests (မေတ္တာရပ်ခံချက်များ အတွက်)
……………………………………..
(1) တစ်စုံတစ်ယောက်က တစ်ခုခုလုပ်ပေးစေချင်တဲ့အခါ ယဉ်ယဉ်ကျေးကျေး မေတ္တာရပ်ခံဖို့ could you နဲ့ would you ကိုသုံးနိုင်ပါတယ်
(We use could you and would you as polite ways of telling or asking someone to do something:)
.
(1.1) Could I have my bill please?
ကျနော်ငွေရှင်းလိုပါတယ်ခင်ဗျာ bill ပေးပါလား
(1.2) Would you carry this for me please?
ကျေးဇူးပြု၍ ကျနော့်အတွက် ဒါလေး သယ်ပေးပါလားခင်ဗျာ
………………………………………..
(2) can နဲ့ will ကို သုံးနိုင်သော်လည်း ယဉ်ကျေးမှု အတိုင်းအတာ လျော့တယ်လို့ဆိုပါတယ်
(can and will are less polite: )
.
(2.1) Can you help me?
ကျနော်ကို ကူညီနိုင်မလား (ကူညီပါ)
(2.2) Will you carry this for me please?
ကျေးဇူးပြု၍ ကျနော်အတွက် ဒါလေး သယ်ပေးမလား (သယ်ပေးပါ)
……………………………………………………
Suggestions and advice (တိုက်တွန်းချက်များနဲ့ အကြံဉာဏ်များအတွက်)
…………………….............
(3) တိုက်တွန်းချက်များနဲ့ အကြံဉာဏ်များအတွက် should ကို သုံးနိုင်ပါတယ်
(We use should to make suggestions and give advice: )
.
(3.1) You should send an email.
ခင်ဗျား email တစ်စောင် ပို့သင့်ပါတယ်
(3.2) We should go by train.
ကျနော်တို့ ရထားနဲ့သွားသင့်တယ်
………………………………………..
(4) တိုက်တွန်းချက်များ အတွက် could ကိုလည်း သုံးနိုင်ပါတယ်
(We use could to make suggestions.)
.
(4.1) We could meet at the weekend.
ကျနော်တို့ သီးတင်းပတ်ကုန်အားလပ်ရက်မှာတွေ့ကြလျင်ကောင်းမယ်
(4.2) You could eat out tonight.
ဒီနေ့ည ခင်ဗျား အပြင်ထွက်စားလျင်ကောင်းမယ်
…………………………………………
(5) We use conditionals to give advice:
အကြံဉာဏ်ပေးဖို့အတွက်…အခြေအနေတစ်ရပ် (သို့) ယူဆချက်တစ်ရပ်ကို ဖေါ်ပြပြီးသုံးတဲ့ conditional sentence (if patterns) ပုံစံတွေကိုလည်း သုံးနိုင်ပါတယ်
.
(5.1) Dan will help you if you ask him.
သူ့ကို အကူအညီတောင်းလျင် Dan က ခင်ဗျားကို ကူညီပါလိမ့်မယ်
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu